နောက်ဆုံးတင်ဆက်ထားသည်မှာ 2025 ခုနှစ်၊ နိုဝင်ဘာလ 7 ရက်

နိုင်ငံတကာသတင်း

နိုင်ငံတကာသတင်း မြန်မာသတင်း အာရှ

မြန်မာနိုင်ငံကို လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အကူအညီအဖြစ် ဒေါ်လာ ၆ သန်း ပေးအပ်မည်ဖြစ်ကြောင်း ဂျပန်အစိုးရ ကြေညာ

ဧပြီလ (၂) ရက်။

မြန်မာနိုင်ငံအလယ်ပိုင်းတွင် လှုပ်ခတ်ခဲ့သော ငလျင်နှင့်ပတ်သက်၍ အစိုးရအဖွဲ့အတွင်းဝန်ချုပ်နှင့် ဂျပန်အစိုးရပြောရေးဆိုခွင့်ရှိသူ ဟာယာရှိက မြန်မာနိုင်ငံကို လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အရေးပေါ် အကူအညီအဖြစ် ယန်းသန်း ၉၀ (အမေရိကန်ဒေါ်လာ ၆ သန်း) ပေးအပ်သွားမည်ဟု ဂျပန်အစိုးရက ကြေညာခဲ့သည်။

အစိုးရပြောရေးဆိုခွင့်ရှိသူ ဟာယာရှိက “ အခက်အခဲကြုံနေရတဲ့ မြန်မာပြည်သူပြည်သားတွေကို ကူညီပံ့ပိုးပေးမယ့် ကျွန်တော်တို့ရဲ့ တသမတ်တည်း မူဝါဒကို အခြေခံပြီး မြန်မာပြည်သူတွေဘက်က အမြဲတမ်းရပ်တည်ပြီး မြန်မာပြည်သူတွေ တိုက်ရိုက်အကျိုးပြုမယ့် လူသားချင်းစာနာထောက်ထားမှု အကူအညီတွေကို ပေးအပ်နိုင်ဖို့ အကောင်အထည်ဖော်သွားမှာပါ။” ဟု ပြောဆိုခဲ့သည်။

ဂျပန်အစိုးရသည် မြန်မာနိုင်ငံသို့ ဆေးကုသမှုအဖွဲ့များ စေလွှတ်ကာ အခြား JICA အဖွဲ့ကလည်း အကဲဖြတ် ဆောင်ရွက်မှုများကိုလည်း လုပ်ဆောင်ခဲ့သည်။

နိုင်ငံတကာအဖွဲ့အစည်းများမှတဆင့် လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အကူအညီအဖြစ် ဒေါ်လာ ၆ သန်း (ယန်း သန်း ၉၀၀ ခန့်) အရေးပေါ် ထောက်ပံ့ကူညီမှုပေးရန် စီစဉ်ထားသည်ဟု ၎င်းက ပြောဆိုခဲ့သည်။

ဓာတ်ပုံ။

အစိုးရအဖွဲ့အတွင်းဝန်ချုပ်နှင့် ဂျပန်အစိုးရပြောရေးဆိုခွင့်ရှိသူဟာယာရှိ

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.eraseye.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

ဆက်စပ်သတင်းများ

နိုင်ငံတကာသတင်း အစ္စရေး အရှေ့အလယ်ပိုင်း

အစ္စရေးစစ်တပ်က ဟစ်ဇ်ဘိုလာပစ်မှတ်များ ဟုဆိုကာ လက်ဘနွန်တောင်ပိုင်း ဒေသအနှံ့ တိုက်ခိုက်မှုများ စတင်

  • 2025 ခုနှစ်၊ နိုဝင်ဘာလ 7 ရက်
  • 6 Views
CNN-၂၀၂၅ခုနှစ်၊ နိုဝင်ဘာ(၇) ရက် အစ္စရေးစစ်တပ်သည် ကြာသပတေးနေ့က လက်ဘနွန်တောင်ပိုင်း ဒေသအနှံ့ တိုက်ခိုက်မှုများ ဆက်တိုက်ပြုလုပ်ခဲ့ပြီး၊ ယင်းသည် စစ်သွေးကြွအဖွဲ့က ဒေသတွင်း
နိုင်ငံတကာသတင်း ရုရှား အမေရိကန်

နျူကလီးယားစွမ်းအင်သုံး ဘာရီဗက်နစ် (Burevestnik) ဒုံးကျည် တီထွင်သူများကို ပူတင် ဂုဏ်ပြု၊ အနောက်နိုင်ငံများသို့ နောက်ဆုံး သတိပေးအချက်ပြလိုက်ခြင်း

  • 2025 ခုနှစ်၊ နိုဝင်ဘာလ 7 ရက်
  • 15 Views
CNN- ၂၀၂၅ခုနှစ် နိုဝင်ဘာလ ၆ရက် ရုရှားသမ္မတ ဗလာဒီမာ ပူတင်သည် နျူကလီးယားစွမ်းအင်သုံး Burevestnik ခရုစ်ဒုံးကျည် နှင့် ပိုဆီဒွန်
နိုင်ငံတကာသတင်း အမေရိကန်

အမေရိကန်နိုင်ငံတွင် ဝန်ထမ်းလျှော့ချမှု ကြေညာချက်များသည် ပြီးခဲ့သည့်လက အလျင်အမြန် မြင့်တက်လာ၊ ၂၂ နှစ်အတွင်း အောက်တိုဘာလတွင် အဆိုးရွားဆုံးဖြစ်ခဲ့

  • 2025 ခုနှစ်၊ နိုဝင်ဘာလ 7 ရက်
  • 15 Views
CNN -၂၀၂၅ခုနှစ်၊ နိုဝင်ဘာလ (၇)ရက် ဝါရှင်တန်။ ဉာဏ်ရည်တု (AI)အစားထိုးသုံးစွဲမှု က အလုပ်သမားဈေးကွက်ကို ဆက်လက် ထိခိုက်စေကြောင့် အောက်တိုဘာလတွင် အမေရိကန်ပြည်ထောင်စုရှိ ကုမ္ပဏီများ၏ ဝန်ထမ်းလျှော့ချမှု ကြေညာချက်များသည် အလျင်အမြန် မြင့်တက် လာခဲ့သည်။ ကြာသပတေးနေ့တွင်
နိုင်ငံတကာသတင်း အမေရိကန်

အမေဇုန် (Amazon) မှ ဝန်ထမ်း ၁၄,၀၀၀ ကို ထုတ်ပယ်ခြင်းသည် ငွေကြေးကြောင့် မဟုတ်ဘဲ ‘ယဉ်ကျေးမှု’ ကြောင့် ဖြစ်သည်ဟုဆို

  • 2025 ခုနှစ်၊ နိုဝင်ဘာလ 7 ရက်
  • 17 Views
CNN- ၂၀၂၅ခုနှစ်၊ နိုဝင်ဘာလ (၇)ရက် နယူးယောက် — အမေဇုန်၏ အမှုဆောင်အရာရှိချုပ် (CEO) အန်ဒီ ဂျက်ဆီ (Andy Jassy) ၏ ကုမ္ပဏီမှ ဝန်ထမ်း ၁၄,၀၀၀ ကို အဘယ်ကြောင့် လျှော့ချရသည်
နိုင်ငံတကာသတင်း အမေရိကန်

တက်စလာ ရှယ်ယာရှင်များက အီလွန် မတ်စ် (Elon Musk) ကို ဒေါ်လာ ၁ ထရီလီယံ တန်ဖိုးရှိ လစာသတ်မှတ်ချက်ကို အတည်ပြု

  • 2025 ခုနှစ်၊ နိုဝင်ဘာလ 7 ရက်
  • 20 Views
CNN – နိုဝင်ဘာ ၇၊ ၂၀၂၅ တက်စလာ ရှယ်ယာရှင်များက ကြာသပတေးနေ့က အတည်ပြုလိုက်သော လစာသတ်မှတ် ချက်ကို ရရှိသွားသောကြောင့် လက်ရှိတွင် ကမ္ဘာ့အချမ်းသာဆုံးပုဂ္ဂိုလ် ဖြစ်နေသော တက်စလာ ၏ စီအီးအို (CEO) အီလွန်
နိုင်ငံတကာသတင်း အမေရိကန်

၂၀၂၅ခုနှစ်၊ နယူးယောက်၊ နယူးဂျာစီနှင့် ဗာဂျီးနီးယား ရွေးကောက်ပွဲရလဒ်များ

  • 2025 ခုနှစ်၊ နိုဝင်ဘာလ 6 ရက်
  • 30 Views
၂၀၂၅ ခုနှစ် နိုဝင်ဘာလ ၅ ရက်နေ့ ၂၀၂၅ ခုနှစ်၊ နိုဝင်ဘာလ ၄ ရက်နေ့တွင် အမေရိကန်နိုင်ငံတွင် အဓိကရွေးကောက်ပွဲများ ကျင်းပခဲ့ရာ၊ ဒီမိုကရက်တစ်ပါတီဝင်များက အရေးပါသော ရာထူးနေရာများစွာကို အနိုင်ရရှိခဲ့ပါသည်။ နယူးယောက် (New York)ရာထူးအမည်။
မြန်မာသတင်း

ဖြူးမြို့မှာ လေကြောင်းဗုံးကြဲတဲ့ စစ်တပ်ရဲ့ စက်တပ်ယာဉ်တစ်စီး ပျက်ကျကာ (၂)ဦးသေဆုံးခဲ့

  • 2025 ခုနှစ်၊ နိုဝင်ဘာလ 6 ရက်
  • 35 Views
နိုဝင်ဘာလ (၆)ရက်။ ဒီကနေ့ နေ့လယ် (၁)နာရီခွဲအချိန်က ဖြူးမြို့ရှိ မကျည်းတောင်ကုန်းရွာကို စစ်တပ်က စက်တပ်လေယာဉ် (၂)စီးနဲ့ ဗုံးကြဲတိုက်ခိုက်ခဲ့တယ်လို့ ပဲခူးတိုင်းစစ်‌ဌာနရဲ့ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ “ မကျည်းတောင်ရွာကို တိုက်ပွဲဖြစ်ပွားတာမရှိဘဲ စစ်တပ်က gyrocopter (၂)စီးနဲ့
မြန်မာသတင်း

စစ်ကော်မရှင်ရဲ့ အတုအယောင်ရွေးကောက်ပွဲကို ဆန့်ကျင်တားဆီးဖို့ တားမြစ်ချက်တွေပါဝင်တဲ့ လုပ်ထုံးလုပ်နည်း ချင်းပြည်ကောင်စီ ထုတ်ပြန်

  • 2025 ခုနှစ်၊ နိုဝင်ဘာလ 6 ရက်
  • 36 Views
နိုဝင်ဘာလ (၆)ရက်။ စစ်ကော်မရှင်ရဲ့ အတုအယောင်ရွေးကောက်ပွဲကို ဆန့်ကျင်တားဆီးဖို့နဲ့ ပြည်သူ့အခွင့်အရေးကာကွယ်ရေးဆိုင်ရာ လုပ်ထုံးလုပ်နည်းကို ချင်းပြည်ကောင်စီ(Chinland Council)က ဒီကနေ့မှာ ထုတ်ပြန်ထားတယ်လို့ သိရပါတယ်။ အဲ့ဒီလုပ်ထုံးလုပ်နည်းထဲ တားမြစ်ချက်တွေအပါအဝင် အပိုင်း (၆)ပိုင်း ပါဝင်ပြီး ချင်းပြည် ဖွဲ့စည်းပုံအခြေခံဥပဒေ(၂၀၂၃)ရဲ့ လုပ်ပိုင်ခွင့်အရ