ငလျင်ဒဏ်ခံစားနေရတဲ့ အင်းလေးဒေသကို စစ်ကောင်စီက လက်နက်ကြီးတွေ ပစ်ခတ်
ဧပြီလ (၁)ရက်။ ဒီကနေ့ နံနက်အစောပိုင်းက ငလျင်ဒဏ်ခံစားနေရတဲ့ ညောင်ရွှေမြို့ အင်းလေးဒေသကို စစ်ကောင်စီက လက်နက်ကြီးတွေနဲ့ ပစ်ခတ်ခဲ့တယ်လို့ ဒေသခံတွေရဲ့ ပြောဆိုချက်တွေအရ သိရပါတယ်။ “ ဒီတမနက်လုံး လက်နက်ကြီးတွေပစ်နေတာ။ အိပ်ယာထ နှိုးစက်က လက်နက်ကြီးသံပဲ။ ငလျင်လှုပ်တဲ့ရက်တွေမှာလဲ...









