နောက်ဆုံးတင်ဆက်ထားသည်မှာ 2026 ခုနှစ်၊ ဇူလိုင်လ 23 ရက်

မြန်မာသတင်း

မြန်မာသတင်း

သေလုမျောပါးဖြစ်နေတဲ့ တိုင်းပြည်ကို အမြန်ဆုံးသက်သာအောင် ဝိုင်းဝန်းကြိုးစားဖို့ NUG တိုက်တွန်း

ဧပြီလ (၂)ရက်။

သေလုမျောပါးဖြစ်နေတဲ့ တိုင်းပြည်ကို အမြန်ဆုံးသက်သာအောင် ဝိုင်းဝန်းကြိုးပမ်းကြဖို့ NUG ယာယီသမ္မတ ဒူဝါလရှီးလက မနေ့ကပြုလုပ်တဲ့ အစိုးရအဖွဲ့အစည်းအဝေးမှာ တိုက်တွန်းခဲ့တယ်လို့ သိရပါတယ်။

“ပြည်သူလူထုတရပ်လုံး ခံစားနေရတဲ့ ဘေးဒုက္ခတွေဟာ လတ်တလော အနာသက်သာရုံ “ဆေးမြီးတိုနည်းလောက်နဲ့” အမှန်တကယ် မပျောက်နိုင်ဘူးဆိုတာ နိုင်ငံတကာအသိုင်းအဝိုင်း တစ်ခုလုံးနဲ့ ဒေသတွင်းနိုင်ငံအားလုံးကို အလေးအနက်ထား သိစေချင်ပါတယ်”လို့ သူက ဆိုပါတယ်။

စစ်အုပ်စုဟာ အာဏာတည်မြဲဖို့အတွက် ဘယ်အရာကိုမဆို လုပ်ရဲတယ်ဆိုတာကို ပြည်သူတွေက နားလည်သဘောပေါက်နေပြီးဖြစ်တာကြောင့် လူထုအစိုးရနဲ့သာ ပြည်သူတွေရဲ့ ဒုက္ခကို အပြီးဆုံးတိုင် လွတ်မြောက်အောင် လုပ်ဆောင်ဖို့ နိုင်ငံတကာနဲ့ အိမ်နီးချင်းနိုင်ငံတွေကို မေတ္တာရပ်ခံထားပါတယ်။

နောက်ပြီး စစ်ကောင်စီ အာဏာသိမ်းတဲ့ နောက်ဆက်တွဲ အကျိုးဆက်တွေကို ပြည်သူတွေဟာ လိုတာထက်ပိုပြီး အမြောက်အမြား ခံစားနေကြရတယ်ဆိုတာ တွေးမိပြီး၊ ခံပြင်းမိတာတွေရှိကာ အာဏာရှင်စနစ်ဆိုးကို အမြန်ဆုံး မချေမှုန်းနိုင်သရွေ့ ပြည်သူတွေဟာ ဒုက္ခတွေကို တစိမ့်စိမ့်ခံစားနေရမှာဖြစ်တယ်လို့ ဆိုထားပါတယ်။

ဒါ့အပြင် လူထုအကျိုးကို လက်တွေ့ ကာယကံမြောက် ဆောင်ကြဉ်းနိုင်ဖို့ဟာ အရေးအကြီးဆုံးဖြစ်တယ်ဆိုတာ မမေ့ဖို့နဲ့ ဘာကူနိုင်သလဲ၊ ဘာစွမ်းနိုင်သလဲဆိုတာကို လက်တွေ့ပြသဖို့ သူက ထည့်သွင်းပြောဆိုထားပါတယ်။

NUG အစိုးရတာဝန်ရှိသူတွေအနေနဲ့ အင်အားပြင်း ငလျင်သင့်ပြည်သူတွေကို မရပ်မနား ကူညီထောက်ပံ့ဖို့ ကြိုးပမ်းနေကြကာ ဆက်လက်ပြီး အားစိုက်ကူညီနိုင်ဖို့ တိုက်တွန်းထားပါတယ်။

ငလျင်ဘေးဒဏ်သင့် ပြည်သူလူထုအတွက် နိုင်ငံတကာအကူအညီ အပံ့အပိုးတွေ ရရှိလာတဲ့အတွက် သက်ဆိုင်ရာ နိုင်ငံတွေနဲ့ အဖွဲ့အစည်းတွေကို အထူးကျေးဇူးတင်ကာ ပြာ်သူတွေဆီ ပြည့်ပြည့်ဝဝရောက်ဖို့ မျှော်လင့်တယ်လို့ ပြောဆိုထားချက်အရ သိရပါတယ်။

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.eraseye.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

ဆက်စပ်သတင်းများ

မြန်မာသတင်း

ဒေါ်အောင်ဆန်းစုကြည်ကို နိုင်ငံတကာနဲ့ တွေ့ခွင့်မပေးဘူးလို့ စစ်အုပ်စုပြော

  • 2026 ခုနှစ်၊ ဇွန်လ 30 ရက်
  • 138 Views
ဇွန်လ (၃၀)ရက်။ ဒေါ်အောင်ဆန်းစုကြည်ကို နိုင်ငံတကာနဲ့ တွေ့ခွင့်မပေးဘူးဆိုပြီး ဒီကနေ့ နေပြည်တော်မှာပြုလုပ်တဲ့ စစ်အုပ်စုရဲ့ သတင်းစာရှင်းလင်းပွဲမှာ ပြောဆိုခဲ့တယ်လို့ သိရပါတယ်။ “ဒေါ်အောင်ဆန်းစုကြည်က
မြန်မာသတင်း

ငါတို့တကယ်ရင်ဆိုင်နေရတဲ့ အခက်အခဲ

  • 2026 ခုနှစ်၊ ဇွန်လ 30 ရက်
  • 121 Views
Burma Issue: The Crisis We Are Truly Facing ငါတို့တကယ်တွေ့နေရတဲ့ အကြပ်အတည်း ရှေ့နေဦးကြီးမြင့်ရဲ့စာတမ်းတိုလေးကိုသဘောထားကြိုက်ညီတဲ့အတွက် သူအတွေ့အကြုံအရ
မြန်မာသတင်း

ဝေဟင်ကနေ တိုက်ပွဲဝင်နိုင်ဖို့ ကြိုးပမ်းနေတယ်လို့ MOD ထုတ်ပြန်

  • 2026 ခုနှစ်၊ ဇွန်လ 30 ရက်
  • 111 Views
ဇွန်လ (၃၀)ရက်။ စစ်တပ်လေကြောင်းအင်အားကို ဟန့်တားနိုင်ဖို့ ကြိုးပမ်းနေတယ်လို့ NUG ကာကွယ်ရေးဝန်ကြီးဌာနရဲ့ ဒီကနေ့မှာ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ PDF နဲ့ ပကဖတပ်ဖွဲ့တွေအနေနဲ့ စစ်တပ်လေကြောင်းကို ဟန့်တားနိုင်ဖို့နဲ့ ဝေဟင်ကနေ တိုက်ပွဲဝင်နိုင်ဖို့ နည်းလမ်းပေါင်းစုံနဲ့ အဆက်မပြတ် ကြိုးပမ်းနေတယ်လို့
မြန်မာသတင်း

တော်လှန်ရေးအဖွဲ့တွေအကြား ပဋိပက္ခတွေအပေါ် NUCC နဲ့ NUG ဆွေးနွေးခဲ့

  • 2026 ခုနှစ်၊ ဇွန်လ 30 ရက်
  • 104 Views
ဇွန်လ (၃၀)ရက်။ ဇွန်လ (၂၈)ရက်နေ့က တော်လှန်ရေးအဖွဲ့တွေအကြား ပဋိပက္ခတွေနဲ့ပတ်သက်ပြီး NUCC နဲ့ NUG တို့ တွေ့ဆုံဆွေးနွေးခဲ့ကြတယ်လို့ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ အဲ့ဒီဆွေးနွေးပွဲကို (၃)နာရီကြာ ပြုလုပ်ခဲ့ပြီး NUCC ကောင်စီဝင်တွေနဲ့ MOD ဝန်ကြီးနဲ့
မြန်မာသတင်း

မင်းအောင်လှိုင် လာအိုနိုင်ငံကို သွားမယ်လို့ဆို

  • 2026 ခုနှစ်၊ ဇွန်လ 30 ရက်
  • 85 Views
ဇွန်လ (၃၀)ရက်။ လာမယ့်ရက်ပိုင်းထဲ စစ်ခေါင်းဆောင် ကိုယ်တိုင်ခန့်သမ္မတ မင်းအောင်လှိုင်ဟာ လာအိုနိုင်ငံကို သွားဖို့ရှိတယ်လို့ သတင်းထုတ်ပြန်ချက်တွေအရ သိရပါတယ်။ ကိုယ်တိုင်ခန့်သမ္မတ မင်းအောင်လှိုင်ဟာ သူ့မိန်းမ ကြူကြူလှနဲ့အတူ လာအိုနိုင်ငံကို ဇွန်လ (၃)ရက်ကနေ (၅)ရက်အထိ သွားဖို့ရှိတယ်လို့ ဆိုပါတယ်။
မြန်မာသတင်း

မုံရွာပလဖစခန်းကို NUG တပ်ရင်းတွေ စီးနင်းပစ်ခတ်ခံရပြီး ပလဖတာဝန်ခံ အာကူးကျဆုံးခဲ့

  • 2026 ခုနှစ်၊ ဇွန်လ 30 ရက်
  • 101 Views
ဇွန်လ (၃၀)ရက်။ မနေ့က ညပိုင်းအချိန်က မုံရွာမြိုပလဖစခန်းကို NUG တပ်ရင်းတွေ ဝင်ရောက်စီးနင်းပစ်ခတ်ခဲ့တယ်လို ဒေသထဲသတင်းရင်းမြစ်တွေထံက သိရပါတယ်။ “မုံရွာပလဖစခန်းကို NUG က တပ်ရင်း (၅)ရင်းနဲ့ ဝင်စီးတာ။ အဲ့ဒီမှာ ပစ်ခတ်တာတွေဖြစ်ပြီး ပလဖတာဝန်ခံ အာကူး
မြန်မာသတင်း

မိုးဗြဲအနီးတိုက်ပွဲ လက်နက်ခဲယမ်းနဲ့ စစ်သုံပန်း (၂)ဦး ဖမ်းမိခဲ့တယ်လို UTF ထုတ်ပြန်

  • 2026 ခုနှစ်၊ ဇွန်လ 29 ရက်
  • 89 Views
ဇွန်လ (၂၉)ရက်။ မနေ့က ရှမ်း-ကရင်နီအစပ် မိုးဗြဲမြိုအနီးမှာ စစ်ကောင်စီတပ်နဲ့ တိုက်ပွဲဖြစ်ပွားခဲ့တယ်လို Urban Task Force Aung Ban ရဲ့ ဒီကနေ့မှာ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ တိုက်ပွဲထဲ စစ်ကောင်စီတပ်ဆီကနေ လက်နက်ခဲယမ်းအချိုနဲ့ စစ်သုံပန်း
မြန်မာသတင်း

Proof of Life ကို ပိုမိုအရှိန်မြှင့်မယ်လိုဆို

  • 2026 ခုနှစ်၊ ဇွန်လ 29 ရက်
  • 79 Views
ဇွန်လ (၂၉)ရက်။ ဒေါ်အောင်ဆန်းစုကြည် သက်ရှိထင်ရှားရှိသေးတယ်ဆိုတာကို သက်သေပြဖို တောင်းဆိုတဲ့ Proof of Life အစီအစဉ်ကို ပိုမိုအရှိန်မြှင့်မယ်လို ထုတ်ပြန်ထားချက်အရ သိရပါတယ်။ ဒေါ်အောင်ဆန်းစုကြည် ကျန်းမာစွာ သက်ရှိထင်ရှား ရှိနေသေးတာကို အခိုင်အမာ သက်သေပြဖို စစ်အုပ်စုကို