ပလောင်အလံမလွှင့်ရင် ထောင်ဒဏ်ချမယ်လို့ TNLA အမိန့်ထုတ်ပြန်ချက် ဒေသခံတွေ အခက်တွေ့နေ
ဇန်နဝါရီလ (၉)ရက်။ နမ္မတူမြို့ရှိ နေအိမ်တွေတိုင်း ပလောင်တော်လှန်ရေးနေ့အတွက် အလံမလွှင့်ထူရင် ငွေဒဏ်နဲ့ ထောင်ဒဏ်ချမှတ်မယ်ဆိုပြီး TNLA က အမိန့်ထုတ်ထားတယ်လို့ မြို့ခံတွေရဲ့ ပြောဆိုထားချက်တွေအရ သိရပါတယ်။ “ ဒီလ (၁၂)ရက်နေ့မှာကျရောက်မယ့် ပလောင်တော်လှန်ရေးနေ့အတွက် အိမ်တွေမှာ ပလောင်အလံတွေ...









