ဒီပဲယင်းမြို့မရဲစခန်းထဲက နိုင်/ကျဉ်း (၂၀)ကျော်ကို တော်လှန်ရေးတပ်တွေ ကယ်ထုတ်နိုင်ခဲ့
ဩဂုတ်လ (၂၁)ရက်။ ဒီပဲယင်းမြို့မရဲစခန်းထဲ စစ်ကောင်စီဖမ်းဆီးထားတဲ့ နိုင်ငံရေးအကျဉ်းသား (၂၀)ကျော်ကို တော်လှန်ရေးတပ်တွေ ကယ်ထုတ်နိုင်ခဲ့တယ်လို့ ထောင်၀င်စာပို့ကြမယ်အဖွဲ့ရဲ့ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ တော်လှန်ရေးပူးပေါင်းတပ်တွေဟာ ဩဂုတ်လ (၁၈)ရက်နေ့ နံနက်ပိုင်းအချိန်က ဒီပဲယင်းမြို့နဲ့ မြိုနယ်တစ်ခုလုံးကို သိမ်းပိုက်ထိန်းချုပ်နိုင်ခဲ့တဲ့အချိန်မှာ ရဲစခန်းထဲကနေ နိုင်ငံရေးအကျဉ်းသားတွေကို...








