နောက်ဆုံးတင်ဆက်ထားသည်မှာ 2024 ခုနှစ်၊ အောက်တိုဘာလ 7 ရက်

မြန်မာသတင်း

မြန်မာသတင်း

ရေဘေးသင့်ပြည်သူတွေအတွက် ကယ်ဆယ်ရေးသာမက ပြန်လည်ထူထောင်ရေးကိုပါ ကူညီဖို့ NUG အပါအ၀င် KNU၊ KNPP နဲ့ CNF ပူးတွဲတောင်းဆို

စက်တင်ဘာလ (၁၇)ရက်။

ကုလသမဂ္ဂ၊ အီးယူ၊ အာဆီယံနဲ့ ပြည်တွင်းပြည်ပအဖွဲ့အစည်းတွေအနေနဲ့ ရေဘေးသင့်ပြည်သူတွေအတွက် ကယ်ဆယ်ရေးသာမက ပြန်လည်ထူထောင်ရေးကိုပါ ရေတိုရေရှည် ကူညီပံ့ပိုးဖို့ NUG အပါအ၀င် KNU၊ KNPP နဲ့ CNF တို့က ဒီကနေ့မှာ ပူးတွဲထုတ်ပြန်တောင်းဆိုထားချက်အရ သိရပါတယ်။

(၃)ရက်ခန့် မိုးကြီးတာနဲ့ ဆည်တွေရဲ့ ရေပိုလွှဲတွေကနေ ရေထုတ်လွှတ်တာတို့ကြောင့် မန္တလေး၊ ရှမ်း၊ ကရင်နီနဲ့ ပဲခူးတို့မှာ ဒေသခံ ထောင်နဲ့ချီ သေဆုံး၊ ပျောက်ဆုံးနေကာ ရေလွှမ်းမိုးတဲ့ဘေးကြောင့် လူဦးရေ (၇)သိန်းခန့် ထိခိုက်နိုင်တယ်လို့ ဆိုပါတယ်။

ရေလွှမ်းမိုးတာကြောင့် လူနေအိမ်တွေ ပြိုကျပျက်စီးတာ၊ ပိုင်ဆိုင်ပစ္စည်းတွေ ဆုံးရှုံးတာ၊ လမ်းတံတားနဲ့ အခြေခံအဆောက်အအုံတွေ ပျက်စီးတာ၊ စိုက်ပျိုးမြေတွေ ရေလွှမ်းမိုးတာ၊ မွေးမြူရေးတိရစ္ဆာန်တွေ သေကြေပျက်စီးတာနဲ့ ရေသယံဇာတတွေ ပျက်စီးဆုံးရှုံးတာတွေ ဖြစ်ပေါ်ခဲ့တယ်လို့ ဖော်ပြထားပါတယ်။

ဒီလိုထိခိုက်ပျက်စီးတာတွေကို NUG လူသားချင်းစာနာမှု၀န်ကြီးဌာနအပါအ၀င် KNU၊ KNPP နဲ့ CNF တို့က ရေဘေးသင့်ပြည်သူတွေကို ကယ်ဆယ်ရေးနဲ့ အရေးပေါ်တုံ့ပြန်တဲ့လုပ်ငန်းတွေကို အစွမ်းကုန် ဆောင်ရွက်နေတယ်လို့ ရေးသားထားပါတယ်။

မုန်တိုင်းအရှိန်နဲ့ ရေဘေးအန္တရာယ်ရဲ့ ကြီးမားပြင်းထန်တာကြောင့် အစားအစာ၊ သောက်သုံးရေ၊ လူသုံးကုန်ပစ္စည်းတွေနဲ့ အမိုးအကာထောက်ပံ့တဲ့လုပ်ငန်းတွေအပြင် ပြန်လည်ထူထောင်ရေးနဲ့ ပြန်လည်တည်ဆောက်ရေးအတွက် အကူအညီများစွာ လိုအပ်နေတယ်လို့ ပြောဆိုထားပါတယ်။

ဒါ့ကြောင့် လူသားစာနာမှုအကူအညီပေးတဲ့ အဖွဲ့အစည်းတွေအနေနဲ့ ရေဘေးသင့်ပြည်သူတွေကို အကူအညီတွေ အညီအမျှရဖို့ ဆောင်ရွက်ပေးတာ၊ ၀န်ကြီးဌာန တာ၀န်ခံတွေ၊ တိုင်းရင်းသားတော်လှန်ရေးအဖွဲ့တွေနဲ့ အရပ်ဘက်အဖွဲ့တွေကို တိုက်ရိုက်ပံ့ပိုးဖို့ တိုက်တွန်းထားပါတယ်။

ဒါ့အပြင် နိုင်ငံတကာပေးအပ်တဲ့ လူသားစာနာမှုအကူအညီတွေကို နိုင်‌ငံရေးနဲ့ စစ်ရေးတို့အတွက် အမြတ်ထုတ်တာ မခံရဖို့ အထူးသတိပြုဆောက်ရွက်တာအပြင် အလေအလွင့်မရှိစေဘဲ ထိထိရောက်ရောက် စီမံခန့်ခွဲဖို့ တောင်းဆိုထားပါတယ်။

ရေဘေးသင့်ပြည်သူတွေအတွက် ကူညီကယ်ဆယ်ရေးလုပ်ငန်းတွေ ဆောင်ရွက်ပေးနေတဲ့ လူမှုရေးအဖွဲ့တွေနဲ့ စေတနာရှင်ပြည်သူတွေကို အသိအမှတ်ပြု ကျေးဇူးတင်ကာ ပူးပေါင်း‌လုပ်ဆောင်သွားမယ်လို့ ပူးတွဲထုတ်ပြန်ထားချက်အရ သိရပါတယ်။


(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.eraseye.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

ဆက်စပ်သတင်းများ

မြန်မာသတင်း

သဲကုန်းမြို့နယ်မှာ ပျုစောထီးတွေနဲ့အတူရှိနေချိန် စစ်ထွက်အုပ်ချုပ်ရေးမှူးတစ်ဦး ပစ်ခတ်ခံရ

  • 2024 ခုနှစ်၊ အောက်တိုဘာလ 7 ရက်
  • 2 Views
အောက်တိုဘာလ (၇)ရက်။ အောက်တိုဘာလ (၅)ရက်နေ့ ည (၇)နာရီအချိန်က သဲကုန်းမြို့၊ ပုတီးကုန်း ဝင်းဘရားသားရပ်ကွက်က စစ်ထွက်အုပ်ချုပ်ရေးမှူး မင်းသွင်ကို ပစ်ခတ်ခဲ့တယ်လို့
မြန်မာသတင်း

ဒေါက်တာဇော်မြင့်မောင် ကွယ်လွန်သွားတဲ့အပေါ် အထူးဝမ်းနည်းကြေကွဲကြောင်း NUG သဝဏ်လွှာပို့၊ အတုယူမော်ကွန်းတင်စရာ နိုင်ငံရေးသမားကောင်းအနေနဲ့ တည်ရှိနေမယ်လို့ဆို

  • 2024 ခုနှစ်၊ အောက်တိုဘာလ 7 ရက်
  • 3 Views
အောက်တိုဘာလ (၇)ရက်။ ဒီကနေ့ နံနက်အစောပိုင်းအချိန်က မန္တလေးဆေးရုံကြီးမှာ သွေးကင်ဆာရောဂါနဲ့ NLD ပါတီ ဒုဥက္ကဋ္ဌ ဒေါက်တာဇော်မြင့်မောင် ကွယ်လွန်သွားတဲ့အပေါ် အထူးဝမ်းနည်းကြေကွဲကြောင်း
မြန်မာသတင်း

အကျဉ်းထောင်ထဲ လုံလောက်တဲ့ ဆေးဝါးစောင့်ရှောက်ခွင့်မရတာကြောင့် ဒေါက်တာဇော်မြင့်မောင် အသက်ဆုံးရှုံးရတာလို့ PPNM ပြော

  • 2024 ခုနှစ်၊ အောက်တိုဘာလ 7 ရက်
  • 3 Views
အောက်တိုဘာလ (၇)ရက်။ ဒေါက်တာ ဇော်မြင့်မောင်ဟာ အကျဉ်းထောင်ထဲ လုံလောက်တဲ့ ဆေးဝါးစောင့်ရှောက်ခွင့်မရတာကြောင့် အသက်ဆုံးရှုံးခဲ့ရတာလို့ PPNM ရဲ့ ဒီကနေ့မှာ ထုတ်ပြန်ပြောဆိုထားချက်အရ သိရပါတယ်။ ဒီကနေ့ နံနက်အစောပိုင်းအချိန်မှာ မန္တလေးတိုင်းဝန်ကြီးချုပ် ဒေါက်တာ‌ ဇော်မြင့်မောင် ကွယ်လွန်သွားတဲ့အပေါ် PPNM
မြန်မာသတင်း

သန်းခေါင်စာရင်းကောက်တဲ့အဖွဲ့ဝင်တွေကို PDF တွေ ဖမ်းဆီးသွားတယ်လို့ စစ်ကောင်စီထုတ်ပြန်

  • 2024 ခုနှစ်၊ အောက်တိုဘာလ 7 ရက်
  • 3 Views
အောက်တိုဘာလ (၇)ရက်။ ‌တနင်္သာရီတိုင်း၊ လောင်းလုံးမြို့နဲ့ ချင်းပြည်နယ်၊ တီးတိန်မြို့တို့မှာ သန်းခေါင်စာရင်းကောက်တဲ့ အဖွဲ့‌ဝင်တွေကို PDF တွေက ဖမ်းဆီးခေါ်ဆောင်သွားတယ်လို့ စစ်ကောင်စီရဲ့ ဒီကနေ့မှာ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ မနေ့က ညနေပိုင်းအချိန်မှာ လောင်းလုံးမြို့နယ်၊ ရေဖြူကျေးရွာအုပ်စုရှိ အောက်ရေဖြူကျေးရွာမှာနေထိုင်တဲ့
မြန်မာသတင်း

ကမ်းခြေစောင့်တပ်ဖွဲ့ကို အခုထက်ပိုပြီး လက်နက်နဲ့ လူအင်အား တိုးချဲ့သွားမယ်လို့ စစ်ခေါင်းဆောင်ပြော

  • 2024 ခုနှစ်၊ အောက်တိုဘာလ 7 ရက်
  • 5 Views
အောက်တိုဘာလ (၇)ရက်။ ကမ်းခြေစောင့်တပ်ဖွဲ့ကို ရေယာဉ်၊ လက်နက်ကိရိယာနဲ့ လူအင်အား တိုးချဲ့သွားမယ်လို့ စစ်ခေါင်းဆောင် မင်းအောင်လှိုင်က မနေ့က ကမ်းခြေစောင့်တပ်ဖွဲ့ဌာနချုပ်တည်ထောင်တဲ့ (၃)နှစ်ပြည့်အခမ်းအနားမှာ ပြောဆိုခဲ့တယ်လို့ သိရပါတယ်။ ကမ်းခြေစောင့်တပ်ဖွဲ့ကို ရေကြောင်းဆိုင်ရာတာဝန်တွေ ထမ်းဆောင်နိုင်ဖို့ နှစ်စဉ်ဖွဲ့စည်းပေးနိုင်ခဲ့ပြီးဖြစ်ပေမယ့် အခုထက်ပိုပြီး တိုးချဲ့ဖွဲ့စည်းသွားရဦးမယ်လို့
မြန်မာသတင်း

NLD ဒုဥက္ကဋ္ဌ ဒေါက်တာဇော်မြင့်မောင် မန္တလေးဆေးရုံကြီးမှာ ကွယ်လွန်

  • 2024 ခုနှစ်၊ အောက်တိုဘာလ 7 ရက်
  • 3 Views
အောက်တိုဘာလ (၇)ရက်။ ဒီကနေ့ နံနက်အစောပိုင်းကျော်အချိန်မှာ NLD ပါတီ ဒုဥက္ကဋ္ဌ ဒေါက်တာဇော်မြင့်မောင် မန္တလေးဆေးရုံကြီးမှာ ကွယ်လွန်သွားပြီလို့ နီးစပ်တဲ့အသိုင်းအဝိုင်းတွေရဲ့ အတည်ပြုပြောဆိုထားချက်အရ သိရပါတယ်။ “ ဒီကနေ့ နံနက် (၂)နာရီ (၅၀)မိနစ်မှာပဲ ဒေါက်တာဇော်မြင့်မောင် မန္တလေးဆေးရုံက
မြန်မာသတင်း

မုံရွာထောင်မှာ CDM နိုင်/ကျဉ်းတွေကို Non-CDM လုပ်ဖို့ ဖိအားပေးလက်မှတ်ထိုးခိုင်း

  • 2024 ခုနှစ်၊ အောက်တိုဘာလ 6 ရက်
  • 11 Views
အောက်တိုဘာလ (၆)ရက်။ မုံရွာအကျဉ်းထောင်ထဲက CDM ပြုလုပ်ထားတဲ့ နိုင်ငံရေးအကျဉ်းသားတွေကို ထောင်အာဏာပိုင်တွေက Non-CDM ပြုလုပ်ဖို့ ဖိအားပေးနေတယ်လို့ PPNM ရဲ့ ဒီကနေ့မှာ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ ထောင်အာဏာပိုင်တွေဟာ နိုင်ငံ‌ရေးအကျဉ်းသားတွေကို တာဝန်မှူးရုံးခန်းခေါ်ကာ သူတို့ကိုယ်တိုင်ရေးထားတဲ့ CDM
မြန်မာသတင်း

တလထဲ စစ်ကောင်စီက လေကြောင်းတိုက်ခိုက်တဲ့အကြိမ်ရေ (၃၅၀)အထိရှိခဲ့၊ အရပ်သား (၂၀၀)ကျော်သေဆုံးပြီး (၃၀၀)ကျော်ဒဏ်ရာရရှိခဲ့

  • 2024 ခုနှစ်၊ အောက်တိုဘာလ 6 ရက်
  • 8 Views
အောက်တိုဘာလ (၆)ရက်။ စက်တင်ဘာလထဲ တိုင်းနဲ့ပြည်နယ် (၉)ခုမှာ စစ်ကောင်စီက လေကြောင်းတိုက်ခိုက်တဲ့အကြိမ်ရေ စုစုပေါင်း (၃၅၀)အထိရှိခဲ့တယ်လို့ Blood Money Campaign ရဲ့ မနေ့က ထုတ်ပြန်ထားချက်အသိရပါတယ်။ ရှမ်းမြောက်နဲ့ ရှမ်းတောင်အပါအဝင် ရခိုင်၊ ချင်း၊ ကချင်၊