နောက်ဆုံးတင်ဆက်ထားသည်မှာ 2026 ခုနှစ်၊ ဇူလိုင်လ 18 ရက်

မြန်မာသတင်း

မြန်မာသတင်း

ပြည်သူကိုသတ်ဖြတ်ဖို့ နှစ်တိုင်း ကန်ဒေါ်လာ ဘီလီလျံနဲ့ချီ အသုံးပြုနေတဲ့ စစ်ကောင်စီက ကယ်ဆယ်‌ရေးကို ဟန်ပြလုပ်နေတယ်လို့ NUG ပြော

စက်တင်ဘာလ (၁၇)ရက်။

ပြည်သူကိုသတ်ဖြတ်ဖို့ ကန်ဒေါ်လာ ဘီလီလျံနဲ့ချီအသုံးပြုနေတဲ့ စစ်‌ကောင်စီက ကူညီကယ်ဆယ်ရေးကို ဟန်ပြသာလုပ်နိုင်တယ်လို့ NUG ပြည်ထောင်စု၀န်ကြီးချုပ် မန်း၀င်းခိုင်သန်းရဲ့ မနေ့က လူထုကိုပြောကြားတဲ့သတင်းစကားမှာ ပြောဆိုထားချက်အရ သိရပါတယ်။

စစ်ကောင်စီဟာ နှစ်တိုင်း အမေရိကန်ဒေါ်လာ (၃.၅)ဘီလီလျံ အနည်းဆုံးအသုံးပြုပြီး ပြည်သူကို သတ်ဖြတ်နေကာ အခုလို ကူညီကယ်ဆယ်ရေးမှာတော့ ဟန်ရေးပြနိုင်ဖို့သာ ဆောင်ရွက်နေတာက ရှက်ရွံ့စရာဖြစ်တယ်လို့ ဆိုပါတယ်။

NUG အနေနဲ့ ရေလွှမ်းမိုးတဲ့ဒေသတွေက ရေဘေးသင့်အိမ်ထောင်စုတွေ၊ သက်ကြီးရွယ်အိုတွေ၊ ကလေးငယ်တွေနဲ့ စစ်ဘေးရှောင်တွေကို ဒေသခံကာကွယ်ရေးအဖွဲ့တွေနဲ့ ပူးပေါင်းပြီး ဘေးလွတ်ရာကို ရွှေ့ပြောင်းပေးတာ၊ စားနပ်ရိက္ခာပံ့ပိုးတာတွေကို ဆောင်ရွက်ပေးနေတယ်လို့ ဖော်ပြထားပါတယ်။

အခုရေဘေးကြုံနေရတဲ့ နေရာတွေထဲ အကြမ်းဖက်စစ်အုပ်စုရဲ့ စိုးမိုးနယ်မြေတွေ ပါ၀င်ပေမယ့် ပြည်သူ့အစိုးရအနေနဲ့ ရရာနည်းလမ်းပေါင်းစုံကနေ ဘေးသင့်နယ်မြေအားလုံးကို ကူညီကယ်ဆယ်ရေးတွေ ဆောင်ရွက်ပေးနေတယ်လို့ အသိပေးထားပါတယ်။

တော်လှန်ပြည်သူတွေဟာ ခေတ်အဆက်ဆက် ကြုံလာတဲ့ ဘေးအန္တရာယ်ကို အမြဲဖြတ်သန်းနိုင်ကြပြီး အခုမှာလဲ ပြည်သူရဲ့ရန်သူ စစ်ကောင်စီကို တော်လှန်ရင်း ကယ်ဆယ်ရေးတွေ ကိုယ်ထူကိုယ်ထ ဆောင်ရွက်နေကြတာဟာ လေးစားစရာကောင်းတဲ့ ခိုင်မာတဲ့စိတ်ဓါတ်ဖြစ်တယ်လို့ ပြောဆိုထားပါတယ်။

သဘာ၀ဘေးအန္တရာယ် သတိပေးချက်တွေနဲ့ ကြိုတင်ပြင်ဆင်ရမယ့် အကြံပြုချက်တွေကို ပြည်သူတွေသိရှိနိုင်ဖို့ ထုတ်ပြန်ပေးနေကာ ပြည်သူတွေအချင်းချင်း စည်းစည်းလုံးလုံးနဲ့ သဘာ၀ဘေးနဲ့ လူလုပ်တဲ့ ဘေးအန္တရာယ်ကနေ အတူတကွ ရင်ဆိုင်ဖြတ်သန်းဖို့ တိုက်တွန်းထားချက်အရ သိရပါတယ်။

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.eraseye.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

ဆက်စပ်သတင်းများ

မြန်မာသတင်း

ဒေါ်အောင်ဆန်းစုကြည်ကို နိုင်ငံတကာနဲ့ တွေ့ခွင့်မပေးဘူးလို့ စစ်အုပ်စုပြော

  • 2026 ခုနှစ်၊ ဇွန်လ 30 ရက်
  • 110 Views
ဇွန်လ (၃၀)ရက်။ ဒေါ်အောင်ဆန်းစုကြည်ကို နိုင်ငံတကာနဲ့ တွေ့ခွင့်မပေးဘူးဆိုပြီး ဒီကနေ့ နေပြည်တော်မှာပြုလုပ်တဲ့ စစ်အုပ်စုရဲ့ သတင်းစာရှင်းလင်းပွဲမှာ ပြောဆိုခဲ့တယ်လို့ သိရပါတယ်။ “ဒေါ်အောင်ဆန်းစုကြည်က
မြန်မာသတင်း

ငါတို့တကယ်ရင်ဆိုင်နေရတဲ့ အခက်အခဲ

  • 2026 ခုနှစ်၊ ဇွန်လ 30 ရက်
  • 104 Views
Burma Issue: The Crisis We Are Truly Facing ငါတို့တကယ်တွေ့နေရတဲ့ အကြပ်အတည်း ရှေ့နေဦးကြီးမြင့်ရဲ့စာတမ်းတိုလေးကိုသဘောထားကြိုက်ညီတဲ့အတွက် သူအတွေ့အကြုံအရ
မြန်မာသတင်း

ဝေဟင်ကနေ တိုက်ပွဲဝင်နိုင်ဖို့ ကြိုးပမ်းနေတယ်လို့ MOD ထုတ်ပြန်

  • 2026 ခုနှစ်၊ ဇွန်လ 30 ရက်
  • 95 Views
ဇွန်လ (၃၀)ရက်။ စစ်တပ်လေကြောင်းအင်အားကို ဟန့်တားနိုင်ဖို့ ကြိုးပမ်းနေတယ်လို့ NUG ကာကွယ်ရေးဝန်ကြီးဌာနရဲ့ ဒီကနေ့မှာ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ PDF နဲ့ ပကဖတပ်ဖွဲ့တွေအနေနဲ့ စစ်တပ်လေကြောင်းကို ဟန့်တားနိုင်ဖို့နဲ့ ဝေဟင်ကနေ တိုက်ပွဲဝင်နိုင်ဖို့ နည်းလမ်းပေါင်းစုံနဲ့ အဆက်မပြတ် ကြိုးပမ်းနေတယ်လို့
မြန်မာသတင်း

တော်လှန်ရေးအဖွဲ့တွေအကြား ပဋိပက္ခတွေအပေါ် NUCC နဲ့ NUG ဆွေးနွေးခဲ့

  • 2026 ခုနှစ်၊ ဇွန်လ 30 ရက်
  • 85 Views
ဇွန်လ (၃၀)ရက်။ ဇွန်လ (၂၈)ရက်နေ့က တော်လှန်ရေးအဖွဲ့တွေအကြား ပဋိပက္ခတွေနဲ့ပတ်သက်ပြီး NUCC နဲ့ NUG တို့ တွေ့ဆုံဆွေးနွေးခဲ့ကြတယ်လို့ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ အဲ့ဒီဆွေးနွေးပွဲကို (၃)နာရီကြာ ပြုလုပ်ခဲ့ပြီး NUCC ကောင်စီဝင်တွေနဲ့ MOD ဝန်ကြီးနဲ့
မြန်မာသတင်း

မင်းအောင်လှိုင် လာအိုနိုင်ငံကို သွားမယ်လို့ဆို

  • 2026 ခုနှစ်၊ ဇွန်လ 30 ရက်
  • 78 Views
ဇွန်လ (၃၀)ရက်။ လာမယ့်ရက်ပိုင်းထဲ စစ်ခေါင်းဆောင် ကိုယ်တိုင်ခန့်သမ္မတ မင်းအောင်လှိုင်ဟာ လာအိုနိုင်ငံကို သွားဖို့ရှိတယ်လို့ သတင်းထုတ်ပြန်ချက်တွေအရ သိရပါတယ်။ ကိုယ်တိုင်ခန့်သမ္မတ မင်းအောင်လှိုင်ဟာ သူ့မိန်းမ ကြူကြူလှနဲ့အတူ လာအိုနိုင်ငံကို ဇွန်လ (၃)ရက်ကနေ (၅)ရက်အထိ သွားဖို့ရှိတယ်လို့ ဆိုပါတယ်။
မြန်မာသတင်း

မုံရွာပလဖစခန်းကို NUG တပ်ရင်းတွေ စီးနင်းပစ်ခတ်ခံရပြီး ပလဖတာဝန်ခံ အာကူးကျဆုံးခဲ့

  • 2026 ခုနှစ်၊ ဇွန်လ 30 ရက်
  • 90 Views
ဇွန်လ (၃၀)ရက်။ မနေ့က ညပိုင်းအချိန်က မုံရွာမြိုပလဖစခန်းကို NUG တပ်ရင်းတွေ ဝင်ရောက်စီးနင်းပစ်ခတ်ခဲ့တယ်လို ဒေသထဲသတင်းရင်းမြစ်တွေထံက သိရပါတယ်။ “မုံရွာပလဖစခန်းကို NUG က တပ်ရင်း (၅)ရင်းနဲ့ ဝင်စီးတာ။ အဲ့ဒီမှာ ပစ်ခတ်တာတွေဖြစ်ပြီး ပလဖတာဝန်ခံ အာကူး
မြန်မာသတင်း

မိုးဗြဲအနီးတိုက်ပွဲ လက်နက်ခဲယမ်းနဲ့ စစ်သုံပန်း (၂)ဦး ဖမ်းမိခဲ့တယ်လို UTF ထုတ်ပြန်

  • 2026 ခုနှစ်၊ ဇွန်လ 29 ရက်
  • 78 Views
ဇွန်လ (၂၉)ရက်။ မနေ့က ရှမ်း-ကရင်နီအစပ် မိုးဗြဲမြိုအနီးမှာ စစ်ကောင်စီတပ်နဲ့ တိုက်ပွဲဖြစ်ပွားခဲ့တယ်လို Urban Task Force Aung Ban ရဲ့ ဒီကနေ့မှာ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ တိုက်ပွဲထဲ စစ်ကောင်စီတပ်ဆီကနေ လက်နက်ခဲယမ်းအချိုနဲ့ စစ်သုံပန်း
မြန်မာသတင်း

Proof of Life ကို ပိုမိုအရှိန်မြှင့်မယ်လိုဆို

  • 2026 ခုနှစ်၊ ဇွန်လ 29 ရက်
  • 68 Views
ဇွန်လ (၂၉)ရက်။ ဒေါ်အောင်ဆန်းစုကြည် သက်ရှိထင်ရှားရှိသေးတယ်ဆိုတာကို သက်သေပြဖို တောင်းဆိုတဲ့ Proof of Life အစီအစဉ်ကို ပိုမိုအရှိန်မြှင့်မယ်လို ထုတ်ပြန်ထားချက်အရ သိရပါတယ်။ ဒေါ်အောင်ဆန်းစုကြည် ကျန်းမာစွာ သက်ရှိထင်ရှား ရှိနေသေးတာကို အခိုင်အမာ သက်သေပြဖို စစ်အုပ်စုကို