ပခုက္ကူမြို့ရှိ စစ်ကောင်စီရဲ့ သာကြီးတောင်ရဲကင်းစခန်း တိုက်ခိုက်သိမ်းပိုက်ခံရ၊ စစ်ကောင်စီဘက်က (၅)ဦးသေဆုံးပြီး (၂)ဦး အလံဖြူထောင်အညံ့ခံကာ တစ်ဦးဖမ်းမိခဲ့
ဩဂုတ်လ (၂၁)ရက်။ မနေ့က နံနက် (၄)နာရီအချိန်မှာ ပခုက္ကူမြို့ရှိ စစ်ကောင်စီရဲ့ သာကြီးတောင်ရဲကင်းစခန်းကို ကာကွယ်ရေးတပ်ဖွဲ့တွေက တိုက်ခိုက်သိမ်းပိုက်ခဲ့တယ်လို့ မြိုင်မြို့နယ်ပကဖရဲ့ ဒီကနေ့မှာ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ စစ်ကောင်စီရဲ့ သာကြီးတောင်ရဲကင်းစခန်းကို ကာကွယ်ရေးတပ်ဖွဲ့တွေက (၇)နာရီကြာ တိုက်ခိုက်ခဲ့ပြီးနောက် နံနက်...








