နောက်ဆုံးတင်ဆက်ထားသည်မှာ 2026 ခုနှစ်၊ မေလ 16 ရက်

မြန်မာသတင်း

မြန်မာသတင်း

မုံရွာထောင်ထဲ အစာငတ်ခံဆန္ဒပြတဲ့ နိုင်/ကျဉ်း (၁၇)ဦးကို ရှေ့နေငှားရမ်းချေပဖို့ အချိန်မပေးဘဲ အမှုအမြန်စစ်ဆေးနေ

ဩဂုတ်လ (၂၁)ရက်။

မုံရွာထောင်ထဲ အစာငတ်ခံဆန္ဒပြတဲ့ နိုင်ငံရေးအကျဉ်းသား (၁၇)ဦးကို တရာစွဲတာမှာ ရှေ့နေငှားရမ်းချေပဖို့ အချိန်မပေးဘဲ အမှုအမြန်စစ်ဆေးနေတယ်လို့ မုံရွာလူထုသပိတ်ဦးဆောင်ကော်မတီရဲ့ မနေ့က ထုတ်ပြန်ထားချက်အရ သိရပါတယ်။

“ ကြားရသလောက်တော့ တရားစွဲဆိုခံရတဲ့ နိုင်/ကျဉ်းတွေက ရှေ့နေဌားမယ်၊ အမှုတွဲမိတ္တူကူးဦးမယ် စသဖြင့် ပြောပါလျက်နဲ့ မုံရွာမြို့နယ်တရားသူကြီး ဦးထက်အောင်ဇော်က ဇွတ်စစ်တာလို့ပြောတယ်။ အခု နိုင်/ကျဉ်းတွေက အမှုတွဲတွေ၊ တိုင်ချက်တွေလဲမဖတ်ရ၊ ရှေ့နေအကူအညီလဲ ဘာမှမရဘဲအမှုကို ရင်ဆိုင်နေကြရတာ” လို့ အကျဉ်းထောင်နဲ့ နီးစပ်သူတစ်ဦးက ဆိုပါတယ်။

နိုင်ငံရေးအကျဉ်းသားတွေဖြစ်တဲ့ ‌ကိုဝင်းကျော်ဂေါင်၊ ကိုညီဟိန်း၊ကိုစန်းမြင့်လွင်အပါအဝင် (၁၇)ဦးကို ရာဇသတ်ကြီးပုဒ်မ – ၁၄၇ (လူစုလူဝေးဆူပူမှု)နဲ့ တရားစွဲဆိုတာကို ဩဂုတ်လ (၁၉)ရက်နေ့မှာ အမှုစတင်စစ်ဆေးခဲ့တာလို့ ဖော်ပြထားပါတယ်။

၂၀၂၃ခုနှစ်၊ စက်တင်ဘာလထဲ မုံရွာထောင်မှာဖြစ်ပွားခဲ့တဲ့ အစာငတ်ခံဆန္ဒပြတာနဲ့ ကြွေးကြော်ဆန္ဒပြတာမှာ ပါဝင်ခဲ့တဲ့ ကိုဝေမိုးနိုင်၊ ကိုမန်ဇာမြေမွန်၊ ကိုဘုန်းမြင့်အောင်နဲ့ ကိုအောင်ချမ်းမြေ့အပါအဝင် နိုင်/ကျဉ်း(၃၁)ဦးကို တရာစွဲဆိုရာမှာ ထည့်သွင်းထားတယ်လို့ ရေးသားထားပါတယ်။

“ အဓိကကတော့ ဖြစ်စဉ်ကို ဟိုဖုံး ၊ဒီဖိလုပ်ပြီး ပြီးစလွယ် တရားစွဲလိုက်တာလို့ ယူဆရတာပဲ။ ဆန္ဒပြရာမှာ တကယ်ပါခဲ့တဲ့သူတွေကိုကျ တရားစွဲရာမှာ ထည့်မထားဘူး။ မဆိုင်တဲ့လူတွေကိုကျ တရားခံစာရင်းထဲထည့်ထားတယ်။ ဒါ့အပြင် နိုင်/ကျဉ်းတွေကို တရားရုံးရှေ့မှောက်မှာ မျှတတဲ့ ဥပေဒအရ ခုခံချေပခွင့်၊ ရှေ့နေဌားရမ်းရင်ဆိုင်ခွင့်တွေကို ကန့်သတ်နေတာဆိုတော့ မျှတတဲ့တရားစီရင်မှု ပေါ်ပေါက်လာဖို့ အကြောင်းမရှိတော့ဘူး” လို့ မုံရွာထောင်ကနေ လွတ်မြောက်လာတဲ့ နိုင်ငံရေးအကျဉ်းသားဟောင်းတစ်ဦးက ပြောဆိုထားပါတယ်။

ဒီလိုတရာစွဲဆိုတာမှာ ထည့်သွင်းထားတာနဲ့ပတ်သက်ပြီး ဖြစ်စဉ်မှာ အမှန်တကယ်ပါဝင်ခဲ့သူတွေကို တရားခံစာရင်းကနေ ပယ်ဖျက်ပေးဖို့ တင်ပြတဲ့စာကိုလဲ ထောင်အာဏာပိုင်တွေက တရားရုံးသို့ တင်ပြပေးတာမရှိဘဲ  ဖုံးဖိထားတယ်လို့ ထုတ်ပြန်ထားပါတယ်။

အခုဖြစ်စဉ်ထဲ ထောင်အာဏာပိုင်နဲ့ တရားရုံးတို့ လက်ဝါးချင်းရိုက်ပြီး ဖုံးဖုံးဖိဖိ‌ ဖြေရှင်းနေတာဖြစ်တဲ့အတွက် မျှတတဲ့တရားစီရင်မှု ပေါ်ပေါက်လာမှာမဟုတ်ဘူးလို့လဲ သုံးသပ်ပြောဆိုထားချက်တွေအရ သိရပါတယ်။

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.eraseye.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

ဆက်စပ်သတင်းများ

မြန်မာသတင်း

ကလေးထောင်မှာ နိုင်ငံရေးအကျဉ်းသားတွေ အစာငတ်ခံ ဆန္ဒပြ

  • 2026 ခုနှစ်၊ မေလ 15 ရက်
  • 12 Views
မေလ (၁၅)ရက်။ မေလ (၂)ရက်နေ့က ကလေးထောင်မှာ နိုင်ငံရေးအကျဉ်းသား (၂၀၀)ခန့် တနေ့လုံး ငြိမ်သက်စွာ ‌အစာငတ်ခံ ဆန္ဒပြခဲ့ကြတယ်လို့ PPNM
မြန်မာသတင်း

စစ်မှုထမ်း အကျုံးဝင်သူတွေကို မှတ်ပုံတင်ပြီး အလှည့်ကျစနစ်နဲ့ ဆင့်ခေါ်ဖို့ စစ်ကော်မရှင်စီစဉ်

  • 2026 ခုနှစ်၊ မေလ 15 ရက်
  • 19 Views
မေလ (၁၅)ရက်။ စစ်မှုထမ်းဖို့ အကျုံးဝင်သူတွေစာရင်းကို မှတ်ပုံတင်ထားဖို့ စစ်ကော်မရှင်ရဲ့ ကာကွယ်ရေးဝန်ကြီး ထွန်းအောင်က မနေ့က အစည်းအဝေးမှာ ပြောဆိုခဲ့တယ်လို့ သိရပါတယ်။
မြန်မာသတင်း

ဧရာဝတီတိုင်းထဲ တိုက်ပွဲပြင်းထန်နေပြီး စစ်တပ်ဘက်က အကျအဆုံးများနေ

  • 2026 ခုနှစ်၊ မေလ 15 ရက်
  • 20 Views
မေလ (၁၅)ရက်။ ဧရာဝတီတိုင်းရှိ သာပေါင်း၊ လေးမျက်နှာနဲ့ ရေကြည်မြို့တို့မှာ စစ်တပ်နဲ့ AA အပါအဝင် တော်လှန်ရေးပူးပေါင်းတပ်တို့ တိုက်ပွဲပြင်းထန်နေတယ်လို့ စစ်ရေးသတင်းရင်းမြစ်တွေထံက သိရပါတယ်။ “ သာပေါင်း၊ လေးမျက်နှာ၊ ရေကြည်ဘက်မှာ တိုက်ပွဲတွေ ပြင်းထန်နေတာ။ အဲ့ဒီတိုက်ပွဲတွေမှာ
မြန်မာသတင်း

မောင်းမကန်ရွာထဲ မူးယစ်ရမ်းကားတဲ့ စစ်ကောင်စီရဲတပ်သားကို ဖမ်းဆီးခဲ့တယ်လို့ ဒူကရစစ်ကြောင်း ထုတ်ပြန်

  • 2026 ခုနှစ်၊ မေလ 15 ရက်
  • 20 Views
မေလ (၁၅)ရက်။ လောင်းလုံးမြို့နယ် မောင်းမကန်နယ်မြေရဲစခန်းက စစ်ကောင်စီရဲတပ်သားတဦးကို ဖမ်းဆီးရမိခဲ့တယ်လို့ ဒူကရစစ်ကြောင်းရဲ့ ဒီကနေ့မှာ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ ဧပြီလ (၂၀)ရက်နေ့ ည (၉)နာရီခွဲအချိန်က မောင်းမကန်နယ်မြေရဲစခန်းက စစ်ကောင်စီရဲတပ်သား နိုင်မင်းဆိုသူကာ မူးယစ်ရမ်းကားပြီး မောင်းမကန်ရွာထဲ သေနတ်ပစ်ဖောက်
မြန်မာသတင်း

အခုနှစ်ထဲ စစ်ကိုင်းတိုင်းမှာ စစ်အုပ်စုကြောင့် အရပ်သား (၉၄)ဦးသေဆုံး

  • 2026 ခုနှစ်၊ မေလ 15 ရက်
  • 20 Views
မေလ (၁၄)ရက်။ အခုနှစ် ဇန်နဝါရီလကနေ မေလ (၁၃)ရက်နေ့အထိ စစ်ကိုင်းတိုင်းမှာ စစ်အုပ်စုကြောင့် အရပ်သား (၉၄)ဦး သေဆုံးခဲ့တယ်လို့ AAPP ရဲ့ ထုတ်ပြန်ချက်အရ သိရပါတယ်။ စစ်ကိုင်းတိုင်းမှာ စစ်အုပ်စုကြောင့် သေဆုံးသူတွေဟာ အမျိုးသမီး (၄၇)ဦးနဲ့
မြန်မာသတင်း

SCEF နဲ့ စစ်ကိုင်းဖက်ဒရယ်ယူနစ်တို့ အွန်လိုင်းကနေ အစည်းအဝေးကျင်းပ

  • 2026 ခုနှစ်၊ မေလ 14 ရက်
  • 34 Views
မေလ (၁၄)ရက်။ မနေ့က ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စု ပေါ်ထွန်းရေး ဦးဆောင်ကောင်စီ(SCEF)နဲ့ စစ်ကိုင်းဖက်ဒရယ်ယူနစ် လွှတ်တော်၊အစိုးရတို့ အွန်လိုင်းကနေ အစည်းအဝေးကျင်းပခဲ့တယ်လို့ သိရပါတယ်။ အဲ့ဒီအစည်းအဝေးကို SCEF အတွင်းရေးမှူး အဖွဲ့ဝင်တွေ၊ ကောင်စီဝန်တွေနဲ့ တာဝန်ရှိသူတွေ တက်ရောက်ခဲ့ပြီး စစ်ကိုင်းဖက်ဒရယ်ယူနစ်က လွှတ်တော်ဥက္ကဋ္ဌ၊
မြန်မာသတင်း

လယ်မူလားမြို့ တကူရွာစာသင်ကျောင်းကို စစ်တပ် လေကြောင်းဗုံးကြဲ

  • 2026 ခုနှစ်၊ မေလ 14 ရက်
  • 34 Views
မေလ (၁၄)ရက်။ မနေ့က နံနက် (၉)နာရီ (၅၀)မိနစ်အချိန်မှာ လယ်မူလားမြို့ တကူရွာထဲကို စစ်တပ်က လေကြောင်းဗုံးကြဲခဲ့တယ်လို့ KNU ရဲ့ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ တကူရွာထဲ စစ်တပ်က ဂျက်ဖိုက်တာနဲ့ လေကြောင်းဗုံးကြဲတာကြောင့် ရွာရှိ အထက်တန်းပြ
မြန်မာသတင်း

ဟားခါးမြို့မှာ နေအိမ်တွေကို ဖောက်ထွင်းခိုးယူတဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင်တဦးကို CDF-Hakha ဖမ်းဆီး

  • 2026 ခုနှစ်၊ မေလ 14 ရက်
  • 25 Views
မေလ (၁၄)ရက်။ မနေ့က ဟားခါးမြို့မှာ စစ်ကောင်စီလက်အောက်ခံ ပြည်သူ့စစ်အဖွဲ့ဝင်တဦးကို ဖမ်းဆီးထိန်းသိမ်းနိုင်ခဲ့တယ်လို့ CDF-Hakha ရဲ့ ဒီကနေ့မှာ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ ဖမ်းမိခဲ့တဲ့ ပြည်သူ့စစ်အဖွဲ့ဝင်ဟာ ဟားခါးမြို့ထဲ ပြည်သူတွေကို ငွေညစ်တောင်းခံတာ၊ နေအိမ်တွေကို ဖောက်ထွင်းဓါးပြတိုက်တာ စတဲ့