နောက်ဆုံးတင်ဆက်ထားသည်မှာ 2025 ခုနှစ်၊ ဇူလိုင်လ 18 ရက်

မြန်မာသတင်း

မြန်မာသတင်း

မုံရွာထောင်ထဲ အစာငတ်ခံဆန္ဒပြတဲ့ နိုင်/ကျဉ်း (၁၇)ဦးကို ရှေ့နေငှားရမ်းချေပဖို့ အချိန်မပေးဘဲ အမှုအမြန်စစ်ဆေးနေ

ဩဂုတ်လ (၂၁)ရက်။

မုံရွာထောင်ထဲ အစာငတ်ခံဆန္ဒပြတဲ့ နိုင်ငံရေးအကျဉ်းသား (၁၇)ဦးကို တရာစွဲတာမှာ ရှေ့နေငှားရမ်းချေပဖို့ အချိန်မပေးဘဲ အမှုအမြန်စစ်ဆေးနေတယ်လို့ မုံရွာလူထုသပိတ်ဦးဆောင်ကော်မတီရဲ့ မနေ့က ထုတ်ပြန်ထားချက်အရ သိရပါတယ်။

“ ကြားရသလောက်တော့ တရားစွဲဆိုခံရတဲ့ နိုင်/ကျဉ်းတွေက ရှေ့နေဌားမယ်၊ အမှုတွဲမိတ္တူကူးဦးမယ် စသဖြင့် ပြောပါလျက်နဲ့ မုံရွာမြို့နယ်တရားသူကြီး ဦးထက်အောင်ဇော်က ဇွတ်စစ်တာလို့ပြောတယ်။ အခု နိုင်/ကျဉ်းတွေက အမှုတွဲတွေ၊ တိုင်ချက်တွေလဲမဖတ်ရ၊ ရှေ့နေအကူအညီလဲ ဘာမှမရဘဲအမှုကို ရင်ဆိုင်နေကြရတာ” လို့ အကျဉ်းထောင်နဲ့ နီးစပ်သူတစ်ဦးက ဆိုပါတယ်။

နိုင်ငံရေးအကျဉ်းသားတွေဖြစ်တဲ့ ‌ကိုဝင်းကျော်ဂေါင်၊ ကိုညီဟိန်း၊ကိုစန်းမြင့်လွင်အပါအဝင် (၁၇)ဦးကို ရာဇသတ်ကြီးပုဒ်မ – ၁၄၇ (လူစုလူဝေးဆူပူမှု)နဲ့ တရားစွဲဆိုတာကို ဩဂုတ်လ (၁၉)ရက်နေ့မှာ အမှုစတင်စစ်ဆေးခဲ့တာလို့ ဖော်ပြထားပါတယ်။

၂၀၂၃ခုနှစ်၊ စက်တင်ဘာလထဲ မုံရွာထောင်မှာဖြစ်ပွားခဲ့တဲ့ အစာငတ်ခံဆန္ဒပြတာနဲ့ ကြွေးကြော်ဆန္ဒပြတာမှာ ပါဝင်ခဲ့တဲ့ ကိုဝေမိုးနိုင်၊ ကိုမန်ဇာမြေမွန်၊ ကိုဘုန်းမြင့်အောင်နဲ့ ကိုအောင်ချမ်းမြေ့အပါအဝင် နိုင်/ကျဉ်း(၃၁)ဦးကို တရာစွဲဆိုရာမှာ ထည့်သွင်းထားတယ်လို့ ရေးသားထားပါတယ်။

“ အဓိကကတော့ ဖြစ်စဉ်ကို ဟိုဖုံး ၊ဒီဖိလုပ်ပြီး ပြီးစလွယ် တရားစွဲလိုက်တာလို့ ယူဆရတာပဲ။ ဆန္ဒပြရာမှာ တကယ်ပါခဲ့တဲ့သူတွေကိုကျ တရားစွဲရာမှာ ထည့်မထားဘူး။ မဆိုင်တဲ့လူတွေကိုကျ တရားခံစာရင်းထဲထည့်ထားတယ်။ ဒါ့အပြင် နိုင်/ကျဉ်းတွေကို တရားရုံးရှေ့မှောက်မှာ မျှတတဲ့ ဥပေဒအရ ခုခံချေပခွင့်၊ ရှေ့နေဌားရမ်းရင်ဆိုင်ခွင့်တွေကို ကန့်သတ်နေတာဆိုတော့ မျှတတဲ့တရားစီရင်မှု ပေါ်ပေါက်လာဖို့ အကြောင်းမရှိတော့ဘူး” လို့ မုံရွာထောင်ကနေ လွတ်မြောက်လာတဲ့ နိုင်ငံရေးအကျဉ်းသားဟောင်းတစ်ဦးက ပြောဆိုထားပါတယ်။

ဒီလိုတရာစွဲဆိုတာမှာ ထည့်သွင်းထားတာနဲ့ပတ်သက်ပြီး ဖြစ်စဉ်မှာ အမှန်တကယ်ပါဝင်ခဲ့သူတွေကို တရားခံစာရင်းကနေ ပယ်ဖျက်ပေးဖို့ တင်ပြတဲ့စာကိုလဲ ထောင်အာဏာပိုင်တွေက တရားရုံးသို့ တင်ပြပေးတာမရှိဘဲ  ဖုံးဖိထားတယ်လို့ ထုတ်ပြန်ထားပါတယ်။

အခုဖြစ်စဉ်ထဲ ထောင်အာဏာပိုင်နဲ့ တရားရုံးတို့ လက်ဝါးချင်းရိုက်ပြီး ဖုံးဖုံးဖိဖိ‌ ဖြေရှင်းနေတာဖြစ်တဲ့အတွက် မျှတတဲ့တရားစီရင်မှု ပေါ်ပေါက်လာမှာမဟုတ်ဘူးလို့လဲ သုံးသပ်ပြောဆိုထားချက်တွေအရ သိရပါတယ်။

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.eraseye.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

ဆက်စပ်သတင်းများ

မြန်မာသတင်း

စစ်တောင်းမြစ်အရှေ့ဘက်ကမ်းမှာ တိုက်ပွဲတွေပြင်းထန်ခဲ့ပြီး စစ်ကောင်စီဘက်က (၄၀)ဦးခန့်သေဆုံး

  • 2025 ခုနှစ်၊ ဇူလိုင်လ 17 ရက်
  • 23 Views
ဇူလိုင်လ (၁၇)ရက်။ စစ်ကောင်စီစစ်ကြောင်းဟာ ကရင်ချောင်းတံတား(ကျွဲရိုင်းပြင်)ကိုဖြတ်ပြီး စစ်တောင်းမြစ်အရှေ့ဘက်ကမ်းရှိ တော်လှန်ရေးတပ်ဖွဲ့တွေကို အင်အားသာလွန်စွာနဲ့ ဝင်ရောက်တိုက်ခိုက်ခဲ့တယ်လို့ နေပြည်တော်-PDF ရဲ့ ဒီကနေ့မှာ ထုတ်ပြန်ထားချက်အရ
မြန်မာသတင်း

ရေစကြိုမှာ စစ်ကောင်စီလက်နက်ကြီးကြောင့် ပကဖရဲဘော်ဇနီးမောင်နှံနဲ့ CDM တစ်ဦးအပါအဝင် (၄)ဦး သေဆုံးခဲ့

  • 2025 ခုနှစ်၊ ဇူလိုင်လ 17 ရက်
  • 19 Views
ဇူလိုင်လ (၁၇)ရက်။ ဇူလိုင်လ (၁၅)ရက်နေ့ ည (၁၀)နာရီအချိန်ခန့်က ရေစကြိုမြို့ ကမ္ဘဲ့ရွာကို စစ်ကောင်စီတပ်ရဲ့ ခလရ(၂၅၈)ကနေ (၈၀)မမ (၂)လုံးနဲ့
မြန်မာသတင်း

အာဆီယံရဲ့ စစ်အုပ်စုအပေါ် တိုက်ရိုက်ရှုတ်ချတာနဲ့ အရေးယူတာမရှိတဲ့အတွက် စိတ်ပျက်ရတယ်လို့ NUG ထုတ်ပြန်

  • 2025 ခုနှစ်၊ ဇူလိုင်လ 17 ရက်
  • 16 Views
ဇူလိုင်လ (၁၇)ရက်။ (၅၈)ကြိမ်မြောက် အာဆီယံနိုင်ငံခြားရေးဝန်ကြီးတွေ အစည်းအဝေးရဲ့ ပူးတွဲကြေညာချက်ထဲ စစ်အုပ်စုအပေါ် ရှုတ်ချတာနဲ့ အရေးယူတာ မရှိတဲ့အတွက် စိတ်ပျက်ရတယ်လို့ NUG နိုင်ငံခြားရေးဝန်ကြီးဌာနရဲ့ မနေ့က ထုတ်ပြန်ထားချက်အရ သိရပါတယ်။ ဇူလိုင်လ (၉)ရက်နေ့က မလေးရှားနိုင်ငံ ကွာလာလမ်ပူမြို့မှာ
မြန်မာသတင်း

စစ်ကြောင်းတွေခွဲပြီး မြေပြင်၊ ဝေဟင် တိုက်ခိုက်ကာ နောင်ချိုမြို့ကို ပြန်လည်ရရှိခဲ့တယ်လို့ စစ်ကောင်စီထုတ်ပြန်

  • 2025 ခုနှစ်၊ ဇူလိုင်လ 17 ရက်
  • 15 Views
ဇူလိုင်လ (၁၇)ရက်။ မြေပြင်၊ ဝေဟင် စစ်ဗျူဟာတွေ ပေါင်းစပ်ကာ စစ်ကြောင်းတွေခွဲပြီး တိုက်ခိုက်ခဲ့တာကြောင့် နောင်ချိုမြို့ကို ပြန်လည်ထိန်းချုပ်နိုင်ခဲ့တာလို့ စစ်ကောင်စီရဲ့ ဒီကနေ့မှာ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ နောင်ချိုမြို့ကို ပြန်ရဖို့ စစ်ကောင်စီဟာ ပြီးခဲ့တဲ့နှစ် ဩဂုတ်လကစပြီး အကြမ်းဖက်ချေမှုန်းရေးစစ်ဆင်ရေးနဲ့
မြန်မာသတင်း

ဗန်းမောက်မြို့မှာ SNA ကင်းစခန်း တိုက်ခိုက်ခံရပြီး (၃)ဦးထက်မနည်း သေဆုံးခဲ့

  • 2025 ခုနှစ်၊ ဇူလိုင်လ 16 ရက်
  • 21 Views
ဇူလိုင်လ (၁၆)ရက်။ ဇူလိုင်လ (၁၄)ရက်နေ့က ဗန်းမောက်မြို့ မြစ်သေးချင်းရွာအနီး ရှမ်းနီအမျိုးသားတပ်မတော်(SNA)ရဲ့ ကင်းစခန်းကို တိုက်ခိုက်ခဲ့တယ်လို့ ကသာခရိုင်အမှတ်(၄)တပ်ရင်းရဲ့ မနေ့က ထုတ်ပြန်ထားချက်အရ သိရပါတယ်။ SNA က မြစ်သေးချင်းရွာအနီး နယ်မြေချဲ့ထွင်ကာ အထိုင်ချထားတဲ့ ကင်းစခန်းကို ကသာခရိုင်အမှတ်(၄)တပ်ရင်းက
မြန်မာသတင်း

ဝန်ကြီးအများစု ပြည်တွင်းမှာ အလုပ်လုပ်နေကြပြီလို့ NUG ပြော

  • 2025 ခုနှစ်၊ ဇူလိုင်လ 16 ရက်
  • 24 Views
ဇူလိုင်လ (၁၆)ရက်။ ပြည်တွင်းက တော်လှန်ရေးလှုပ်ရှားနယ်မြေတွေမှာ ဝန်ကြီးအများစုဟာ အလုပ်လုပ်နေကြပြီလို့ NUG ကျန်းမာရေးဝန်ကြီး ဒေါက်တာဇော်ဝေစိုးရဲ့ အခုရက်ပိုင်းထဲ ပြောဆိုထားချက်တွေအရ သိရပါတယ်။ “ အများက ပြောကြတယ်။ NUG ကို အားမရဘူးဆိုပြီး။ ကျနော်တို့လည်း အစွမ်းကုန်
မြန်မာသတင်း

နိုင်ငံရေးပါတီ (၁၉)ခုအထိ တည်ထောင်ခွင့်ပြုထားတယ်လို့ စစ်ကောင်စီထုတ်ပြန်

  • 2025 ခုနှစ်၊ ဇူလိုင်လ 16 ရက်
  • 16 Views
ဇူလိုင်လ (၁၆)ရက်။ ဒီကနေ့အချိန်အထိ နိုင်ငံရေးပါတီ (၁၉)ခုအထိ တည်ထောင်ခွင့်ပြုထားတယ်လို့ စစ်ကောင်စီလက်အောက်ခံ ရွေးကောက်ပွဲကော်မရှင်ရဲ့ ဒီကနေ့မှာ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ နိုင်ငံရေးပါတီ တည်ထောင်လိုသူတွေဟာ သူတို့တည်ထောင်လိုတဲ့ ပါတီအမည်ကို ဖော်ပြပြီး လာရောက်လျှောက်ထားနေကာ ပါတီတည်ထောင်ခွင့် လျှောက်ထားတဲ့အဖွဲ့ (၂၇)ဖွဲ့ရှိတယ်လို့
မြန်မာသတင်း

အပတ်စဥ်နိုင်ငံရေးဖြစ်စဥ်များကို လေ့လာသုံးသပ်ကြည့်ခြင်း (၃)

  • 2025 ခုနှစ်၊ ဇူလိုင်လ 15 ရက်
  • 19 Views
အပတ်စဥ်နိုင်ငံရေးဖြစ်စဥ်များကို လေ့လာသုံးသပ်ကြည့်ခြင်း (၃) အပတ်စဥ် တနင်္ဂနွေနေ့တိုင်း မြန်မာစံတော်ချိန် ည ၇ နာရီခွဲမှာ Era’s Eye YouTube ချန်နယ်ကနေ တိုက်ရိုက် (LIVE) ထုတ်လွှင့်နေတဲ့အစီအစ်အရ ပင်တိုင်ဆွေး‌နွေးသူများဖြစ်ကြတဲ့ ဦးထွန်းအောင်ကျော်နဲ့ ဦးထွန်းကြည်တို့က ဆွေးနွေးတင်ပြကြမှာ