နောက်ပြန်မလှည့်ကြေး ဒီတော်လှန်ရေး သပိတ်စစ်ကြောင်း
စစ်ကိုင်းတိုင်း ယင်းမာပင်မြို့နယ် ပြည်သူတွေအနေနဲ့ ဒီနေ့ မတ်လ ၂၂ ရက်နေ့မှာ “ နောက်ပြန်မလှည့်ကြေး ဒီတော်လှန်ရေး သပိတ်စစ်ကြောင်း” နဲ့ အကြမ်းဖက်စစ်တပ်ကျရှုံးရေး ဆန္ဒပြသပိတ် ပြုလုပ်ခဲ့ကြပါတယ်။ ဒေသခံတော်လှန်ပြည်သူတွေက နယ်မြေမငြိမ်သက်မှုကြားထဲကနေပဲ အကြမ်းဖက်စစ်တပ်ကျရှုံးရေး ဆန္ဒပြသပိတ်ကို နေ့စဉ်ပြုလုပ်နေကြတာလည်းဖြစ်ပါတယ်။