နောက်ဆုံးတင်ဆက်ထားသည်မှာ 2025 ခုနှစ်၊ ဇွန်လ 15 ရက်

မြန်မာသတင်း

မြန်မာသတင်း အရှေ့တောင်အာရှ

ထိုင်းနိုင်ငံ မဲဆောက်မြို့နယ် မယ်ပကျေးရွာအနီးရှိ စစ်ဆေးရေးဂိတ်တွင် ဘတ် (၁) သန်းခန့်တန်ဖိုးရှိ စစ်အသုံးအဆောင်ပစ္စည်းများ ဖမ်းဆီးရမိဟု ထိုင်းသတင်းတွေမှာ ဖော်ပြ

++++++++++++++++++++++++++++++++++++++++++++++++++++++++++++++++++++++++++++++

ဇွန်လ (၁၃) ရက်။

ထိုင်းနိုင်ငံ၊ မဲဆောက်မြို့နယ် မယ်ပကျေးရွာအနီးရှိ စစ်ဆေးရေးဂိတ်မှာ ဇွန်လ (၁၁) ရက်နေ့ ညနေက ဘတ်တစ်သန်းခန့် တန်ဖိုးရှိ စစ်အသုံးအဆောင်ပစ္စည်းတွေကို ပူးပေါင်းစစ်ဆေးရေးအဖွဲ့က ဖမ်းဆီးရမိခဲ့ကြောင်း ထိုင်းသတင်းတွေအရ သိရှိရပါတယ်။

ပြီးခဲ့တဲ့ ဇွန်လ (၁၁) ရက် ညနေပိုင်းအချိန်က မဲဆောက်မြို့နယ် မယ်ပကျေးရွာရှိ အထူးတပ်ဖွဲ့တပ်မှူးပါဝင်တဲ့ မဲဆောက်လှည့်ကင်းရဲတပ်ဖွဲ့၊ မဲဆောက်အုပ်ချုပ်ရေးတာဝန်ရှိသူတွေပါဝင်တဲ့ အကောက်ခွန်စစ်ဆေးရေးအဖွဲ့တို့က ပုဂ္ဂလိကပို့ဆောင်ရေးကုမ္ပဏီတစ်ခုရဲ့ ကားတစ်စီးပေါ်မှာ စစ်အသုံးအဆောင်ပစ္စည်းမျိုးစုံကို တွေ့ရှိဖမ်းဆီးရမိခဲ့တာဖြစ်တယ်လို့ ဆိုပါတယ်။

ပူးပေါင်းအဖွဲ့က ဖမ်းဆီးရမိတဲ့ စစ်အသုံးအဆောင်ပစ္စည်းတွေမှာ စစ်ဘက်သုံးကျည်ကာအင်္ကျီ၊ စစ်ဘက်သုံးကျည်ကာဦးထုပ်၊ UV 8000 D အမျိုးအစား ဆက်သွယ်ရေးစကားပြောစက်၊ M -16 ကျည်ဆံ၊ စစ်ဝတ်စုံ၊ စစ်သုံးဖိနပ်အစရှိတဲ့ ပစ္စည်းတွေဖြစ်ပြီး အဲ့ဒီပစ္စည်းတွေရဲ့ ကာလတန်ဖိုးမှာ ဘတ် (၁) သန်းခန့်ရှိတယ်လို့ ဖော်ပြထားပါတယ်။

စစ်အသုံးအဆောင်ပစ္စည်းတွေ ထုပ်ပိုးထားတဲ့အထုပ်တွေပေါ်မှာ မယ်ဟောင့်ဆောင်ခရိုင်၊ မယ်စလီယန်မြို့နယ်ဘက်ကို ပို့ဆောင်ဖို့ လိပ်စာရေးသားထားတယ်လို့ သိရပြီး မြန်မာနိုင်ငံဘက်ကို ပို့ဆောင်မယ့် ပစ္စည်းတွေ ဖြစ်ကြောင်းကို ဖော်ပြထားတာ မရှိပေမယ့် ကျည်ကာအင်္ကျီတွေအတွင်း PDF အမှတ်တံဆိပ် အနီရောင်နောက်ခံ၊ ကြယ်ဖြူဘတ်တံဆိပ်တွေ တပ်ဆင်ထားတာကို တွေ့ရတယ်လို့ သိရပါတယ်။

ဖမ်းဆီးရမိတဲ့စစ်အသုံးအဆောင်ပစ္စည်းတွေကို ပိုင်ရှင်မဲ့အဖြစ် သိမ်းဆည်းသွားမှာဖြစ်ပြီး တရားဥပဒေအရ ဆက်လက်အရေးယူဆောင်ရွက်သွားမယ်လို့ ဖော်ပြထားပါတယ်။

ဓာတ်ပုံတွေကိုတော့ ခေတ်မျက်လုံးရဲ့ဝက်ဆိုက်လင့်မှာ သွားရောက်ကြည့်ရှုနိုင်ပါတယ်။

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.eraseye.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

ဆက်စပ်သတင်းများ

မြန်မာသတင်း

ရန်ကုန် ထောက်ကြန့်ရှိ စစ်ကောင်စီတပ်ရဲ့ ဘန်ကာကင်း ဖောက်ခွဲတိုက်ခိုက်ခံရ

  • 2025 ခုနှစ်၊ ဇွန်လ 14 ရက်
  • 23 Views
ဇွန်လ (၁၄)ရက်။ မနေ့က ည (၈)နာရီ (၂၀)မိနစ်အချိန် ထောက်ကြန့်မြို့ အမှတ်(၃)လမ်းနဲ့ (၇)လမ်းဆုံရှိ စစ်ကောင်စီတပ်ရံ့ ဘန်ကာကင်းကို ဖောက်ခွဲတိုက်ခိုက်ခဲ့တယ်လို့
မြန်မာသတင်း

သမ္မတ ဦးဝင်းမြင့်နဲ့ ဒေါ်အောင်ဆန်းစုကြည်တို့ ပြင်ပနဲ့ ထိတွေ့ဆက်သွယ်ခွင့် နှစ်ရှည်လများ ပိတ်ပင်ခံရတာကို ကုလမှာ သံအမတ်ကြီး ဦးကျော်မိုးထွန်းပြော

  • 2025 ခုနှစ်၊ ဇွန်လ 14 ရက်
  • 21 Views
ဇွန်လ (၁၄)ရက်။ သမ္မတ ဦးဝင်းမြင့်နဲ့ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်တို့ ပြင်ပနဲ့ ထိတွေ့ဆက်သွယ်ခွင့် နှစ်ရှည်လများ ပိတ်ပင်ခံရတဲ့အပေါ် ကုလသမဂ္ဂညီလာခံမှာ သံအမတ်ကြီး
မြန်မာသတင်း

အကြမ်းမဖက် အာဏာဖီဆန်ရေး လှုပ်ရှားမှုဆိုင်ရာ နိုင်ငံ့ဝန်ထမ်းဥပဒေ ပြဋ္ဌာန်း

  • 2025 ခုနှစ်၊ ဇွန်လ 14 ရက်
  • 15 Views
ဇွန်လ (၁၄)ရက်။ NUG ရဲ့ CDM အောင်မြင်ရေးကော်မတီက ပေးပို့လာတဲ့ “ အကြမ်းမဖက် အာဏာဖီဆန်ရေး လှုပ်ရှားမှုဆိုင်ရာ နိုင်ငံ့ဝန်ထမ်းဥပဒေ” ကို ပြည်ထောင်စုလွှတ်တော်က ပြဋ္ဌာန်းလိုက်တယ်လို့ CRPH ရဲ့ မနေ့က ထုတ်ပြန်ထားချက်အရ သိရပါတယ်။
မြန်မာသတင်း

မဟာလူမျိုးကြီးဝါဒနဲ့ အာဏာရှင်စနစ်ကို ကျင့်သုံးပြီး ပဋိပက္ခဖန်တီးသူတွေကို တိုက်ဖျက်ဖို့ KNU ဥက္ကဋ္ဌပြော

  • 2025 ခုနှစ်၊ ဇွန်လ 14 ရက်
  • 13 Views
ဇွန်လ (၁၄)ရက်။ မဟာလူမျိုးကြီးဝါဒနဲ့ အာဏာရှင်စနစ်ကို ကျင့်သုံးပြီး ပြည်တွင်းပဋိပက္ခ ဖန်တီးနေသူတွေကို အပြီးတိုင် တိုက်ဖျက်ဖို့ KNU ဥက္ကဋ္ဌ ပဒိုစောကွယ်ထူးဝင်းက ဒီကနေ့မှာ ကျရောက်တဲ့ (၇၆)နှစ်မြောက် ကော်သူးလေနေ့မှာ ပြောဆိုခဲ့တယ်လို့ သိရပါတယ်။ “ ဒီကနေ့ဟာ
မြန်မာသတင်း

အိုး‌ဘိုထောင်မှာ နိုင်ငံရေးအကျဉ်းသူ CDM ဆရာမတစ်ဦး ဆေးကုသခွင့်မရတာကြောင့် သေဆုံးခဲ့

  • 2025 ခုနှစ်၊ ဇွန်လ 13 ရက်
  • 24 Views
ဇွန်လ (၁၃)ရက်။ မေလ (၇)ရက်နေ့က အိုးဘိုထောင်မှာ နိုင်ငံရေးအကျဉ်းသူ CDM ကျောင်းဆရာမတစ်ဦး ဆေးကုသခွင့်မရတာကြောင့် သေဆုံးခဲ့ရတယ်လို့ နိုင်ငံရေးအကျဉ်းသူများအဖွဲ့(WOPP)ရဲ့ ဒီကနေ့မှာ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ အိုးဘိုထောင်ထဲ ဆေးကုသခွင့်မရတာကြောင့် သေဆုံးခဲ့ရသူဟာ CDM ကျောင်းဆရာမ ဒေါ်မြင့်မြင့်သန်းဖြစ်ပြီး
မြန်မာသတင်း

စစ်ကောင်စီရဲ့ ပေါ်တာဆွဲခံရပြီး စစ်မှုထမ်းနေရတဲ့ တပ်သား (၂၃)ဦးကို ဖမ်းမိခဲ့တယ်လို့ CDF-ASHO ထုတ်ပြန်

  • 2025 ခုနှစ်၊ ဇွန်လ 13 ရက်
  • 21 Views
ဇွန်လ (၁၃)ရက်။ ဇွန်လ (၈)ရက်နေ့ကစပြီး (၁၂)ရက်နေ့အထိ (၅)ရက်တာထဲ စစ်ကောင်စီတပ်သား (၂၃)ဦးကို လက်နက်ခဲယမ်းတွေနဲ့အတူ ဖမ်းမိခဲ့တယ်လို့ CDF-ASHO ရဲ့ ဒီကနေ့မှာ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ CDF-ASHO အနေနဲ့ နတ်ရေကန် လေကြောင်းရန်ကာကွယ်ရေးတပ်စခန်း(ဗျူဟာကုန်း)အနီး မီတာ
မြန်မာသတင်း

အာရှလမ်းမကြီး ပိတ်ထားတာကြောင့် နယ်စပ်ကုန်သွယ်မှုတန်ဖိုး ကန်ဒေါ်လာ သန်း(၇၂၀)ကျော် လျော့ကျခဲ့

  • 2025 ခုနှစ်၊ ဇွန်လ 13 ရက်
  • 18 Views
ဇွန်လ (၁၃)ရက်။ မြဝတီ-ကော့ကရိတ် အမှတ်(၁) အာရှလမ်းမကြီး ပိတ်ထားတာကြောင့် နယ်စပ်ကုန်သွယ်မှုတန်ဖိုး အမေရိကန်ဒေါ်လာ (၇၂၂)သန်းခန့် လျော့ကျခဲ့တယ်လို့ ISP-Myanmar ရဲ့ မနေ့က ထုတ်ပြန်ထားချက်အရ သိရပါတယ်။ အာရှလမ်းမကြီးဟာ အခုအချိန်အထိ ပိတ်ထားဆဲဖြစ်ကာ နယ်စပ်ကုန်သွယ်မှု လျော့ကျတဲ့အခြေအနေဟာ
မြန်မာသတင်း

ကျောင်းသားတွေကို ဖွဲ့စည်းပုံအခြေခံဥပဒေအပါအဝင် ဥပဒေပညာတွေ သင်ပေးဖို့ဆိုပြီး စစ်ခေါင်းဆောင်ပြော

  • 2025 ခုနှစ်၊ ဇွန်လ 13 ရက်
  • 23 Views
ဇွန်လ (၁၃)ရက်။ ကျောင်းသား၊ ကျောင်းသူတွေကို ဖွဲ့စည်းပုံအခြေခံဥပဒေအပါအဝင် ဥပဒေပညာတွေ ‌သင်ကြားပေးဖို့ဆိုပြီး စစ်ခေါင်းဆောင် မင်းအောင်လှိုင်က အခုရက်ပိုင်းထဲ ပြင်ဦးလွင်မြို့ကို သွားရောက်ချိန် ပြောဆိုခဲ့တယ်လို့ ဆိုပါတယ်။ စစ်ကောင်စီအနေနဲ့ နိုင်ငံကိုတာဝန်ယူထားချိန် ဒီမိုကရေစီလမ်းကြောင်းပေါ် လျှောက်လှမ်းနေတာကြောင့် ဒီမိုကရေစီစနစ်မှာ ဥပဒေကို