ပုဏ္ဏားကျွန်း စစ်မှုဇုန် စစ်ဘေးရှောင်စခန်း စားနပ်ရိက္ခာများပြတ်လပ်မှုဖြင့် ကြုံတွေ့နေရ- နေရပ်ပြန်မည့် စစ်ဘေးရှောင်များလည်း ရှိနေ
ရခိုင်ပြည်နယ် ပုဏ္ဏားကျွန်းမြို့၊စက်မှုဇုန်စစ်ဘေးရှောင်စခန်းက စစ်ဘေးရှောင်ပြည်သူတွေဟာ ထောက်ပံ့ကူညီမှုတွေရရှိမှုနည်းလာတာကြောင့် စားနပ်ရိက္ခာပြတ်တောက်လုနီးပါးနဲ့ အခြေအနေတွေနဲ့ ရင်ဆိုင်နေရတယ်လို့စစ်ဘေးရှောင်တွေဆီက သိရပါတယ်။ စစ်မှုဇုန်စစ်ဘေးရှောင်စခန်းမှာ စားနပ်ရိက္ခာထောက်ပံမှုမရတဲ့အပြင် အလုပ်အကိုင်တွေလည်းမရှိတာကြောင့် စားဝတ်နေရေးအခက်အခဲတွေ ရင်ဆိုင်နေရတာဖြစ်ပြီးမိမိတို့နေရပ်ကိုပြန်ကြတော့မယ့်သူတွေလည်းရှိနေတယ်လို့ဆိုပါတယ်။ စက်မှုဇုန်စစ်ရှောင်စခန်းမှာ စစ်ဘေးရှောင် လူဦးရေ ၄၀၀ ကျော်ရှိနေပြီး ပုဏ္ဏားကျွန်းမြို့နယ်ထဲက ကျောက်ဆိပ်ရွာ၊သာစည်ရွာ၊ပိန္နဲတောရွာနဲပလက်ဝမြို့နယ်၊...