မင်္ဂလာဒုံလေတပ်၀င်းအပါအ၀င် စစ်ကောင်စီနေရာ (၃)နေရာ ဖောက်ခွဲတိုက်ခိုက်ခံရ၊ ထိခိုက်သေဆုံးတာတွေရှိတယ်လို့ Dark Shadow ထုတ်ပြန်
မတ်လ (၃၀)ရက်။ မနေ့က ည(၈)နာရီခန့်မှာ မင်္ဂလာဒုံလေတပ်၀င်းအပါအ၀င် အင်းစိန်မြို့နယ်၊ ဒညင်းကုန်းရပ်ကွက်ရှိ စစ်ကောင်စီ စုဆောင်းရေးတပ်နဲ့ ဦးပိုင်ယာဉ်ရပ်နားစခန်းတို့ကို ဖောက်ခွဲတိုက်ခိုက်ခဲ့တယ်လို့ Dark Shadow ရဲ့ ဒီကနေ့မှာ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ တိုက်ခိုက်ခဲ့တဲ့နေရာတွေမှာ ထိခိုက်သေဆုံးတာ အများအပြားရှိနိုင်ကာ...







