နောက်ဆုံးတင်ဆက်ထားသည်မှာ 2026 ခုနှစ်၊ ဇူလိုင်လ 10 ရက်

မြန်မာသတင်း

မြန်မာသတင်း

ဆီဆိုင်မြို့မှာ စစ်ကောင်စီလက်အောက်ခံ PNO ပြည်သူ့စစ်က ရွာသူကြီးနဲ့ ညီဖြစ်သူကို သတ်ဖြတ်ကာ မိသားစုပိုင်ကုန်ကားကို သိမ်းဆည်းခဲ့

မေလ (၁၃)ရက်။

မေလ (၉)ရက်နေ့က ဆီဆိုင်မြို့ရှိ နောင်ရင်းကျေးရွာရဲ့ ရွာသူကြီးနဲ့ ညီဖြစ်သူကို PNO ပြည်သူ့စစ်က ရွာအတွက် ဆွေးနွေးစရာရှိတယ်ဆိုပြီး လိမ်လည်ခေါ်ဆိုကာ ဖမ်းဆီးသတ်ဖြတ်ခဲ့တယ်လို့ PNLA ရဲ့ ဒီကနေ့မှာ ထုတ်ပြန်ထားချက်အရ သိရပါတယ်။

PNO ပြည်သူ့စစ်ရဲ့ သတ်ဖြတ်ခံရသူတွေဟာ နောင်ရင်းကျေးရွာရဲ့ ရွာသူကြီးဖြစ်သူ ခွန်ဇာခွန်နဲ့ သူ့ရဲ့ညီဖြစ်သူ ခွန်ပလွန်တို့ဖြစ်ကာ ခွန်ဇာခွန်အနေနဲ့ PNLO နဲ့ ပတ်သက်တာမျိုးမရှိဘူးလို့ ဆိုပါတယ်။

သတ်ဖြတ်ခံရသူ ခွန်ဇာခွန်ဟာ နောင်ရင်းကျေးရွာပြည်သူတွေ အားကိုးအားထားပြုရတဲ့ လူငယ်တစ်ဦးဖြစ်တာကြောင့် ကျေးရွာပြည်သူတွေက ရွာသူကြီးအဖြစ် တင်မြှောက်ထားတဲ့ ပြည်သူတစ်ဦးသာဖြစ်တယ်လို့ ဖော်ပြထားပါတယ်။

အခုလို ရွာသူကြီး ခွန်ဇာခွန်နဲ့ ညီဖြစ်သူကို သတ်ဖြတ်ခဲ့ပြီးနောက် မေလ (၁၁)ရက်နေ့ ညပိုင်းမှာ PNO ပြည်သူ့စစ်အဖွဲ့က ဗိုလ်ကြီးလယ်အဖွဲ့ဟာ နေအိမ်ကို ရောက်ရှိလာပြီး မိသားစုပိုင်တဲ့ ကုန်တင်ကားကို ထပ်မံသိမ်းဆည်းခဲ့တယ်လို့ ရေးသားထားပါတယ်။

ဒါ့ပြင် ကုတင်ကားကို လာရောက်သိမ်းယူတဲ့အချိန်မှာ PNO ပြည်သူ့စစ်အဖွဲ့ဟာ အရက်သေစာ သောက်စားမူးရူးထားကြပြီး အမျိုးသမီးတွေသာ ကျန်ရှိတဲ့ အိမ်ပေါ်ကိုတက်ကာ ဆဲဆိုခြိမ်းခြောက်ပြီး ကားကိုသိမ်းယူခဲ့တာလို့ ပြောဆိုထားပါတယ်။

သတ်ဖြတ်ခံရသူ ခွန်ဇာခွန်ဟာ ရပ်ရွာထဲ လူငယ်တွေ မူးယစ်ဆေးဝါးသုံးစွဲတာမရှိစေဖို့၊ ရပ်ရွာတိုးတက်ဖို့၊ စစ်ဘေးရှောင်တွေကို အကူအညီပေးဖို့တို့ကို ဦးဆောင်နေတဲ့ ကျေးရွာခေါင်းဆောင် ရွာသူကြီးတစ်ဦးလို့လဲ ထုတ်ပြန်ထားပါတယ်။

ပအိုဝ်းဒေသမှာ ကျေးရွာ ရွာသူကြီးတွေကို ဒီမိုကရေစီနည်းကျကျ ရွာသူရွာသားတွေက ဆန္ဒမဲပေးကာ ရွေးချယ်တဲ့စနစ်နဲ့ တင်မြှောက်ထားတဲ့ ရွာသူကြီးကို သတ်ဖြတ်တာက ပြည်သူရဲ့ မဲဆန္ဒကို လက်နက်အားကိုးနဲ့ အတင်းအဓမ္မစော်ကားတဲ့ အာဏာရှင်လုပ်ရပ်လို့ PNLA ရဲ့ ထုတ်ပြန်ထားချက်အရ သိရပါတယ်။

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.eraseye.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

ဆက်စပ်သတင်းများ

မြန်မာသတင်း

ဒေါ်အောင်ဆန်းစုကြည်ကို နိုင်ငံတကာနဲ့ တွေ့ခွင့်မပေးဘူးလို့ စစ်အုပ်စုပြော

  • 2026 ခုနှစ်၊ ဇွန်လ 30 ရက်
  • 81 Views
ဇွန်လ (၃၀)ရက်။ ဒေါ်အောင်ဆန်းစုကြည်ကို နိုင်ငံတကာနဲ့ တွေ့ခွင့်မပေးဘူးဆိုပြီး ဒီကနေ့ နေပြည်တော်မှာပြုလုပ်တဲ့ စစ်အုပ်စုရဲ့ သတင်းစာရှင်းလင်းပွဲမှာ ပြောဆိုခဲ့တယ်လို့ သိရပါတယ်။ “ဒေါ်အောင်ဆန်းစုကြည်က
မြန်မာသတင်း

ငါတို့တကယ်ရင်ဆိုင်နေရတဲ့ အခက်အခဲ

  • 2026 ခုနှစ်၊ ဇွန်လ 30 ရက်
  • 75 Views
Burma Issue: The Crisis We Are Truly Facing ငါတို့တကယ်တွေ့နေရတဲ့ အကြပ်အတည်း ရှေ့နေဦးကြီးမြင့်ရဲ့စာတမ်းတိုလေးကိုသဘောထားကြိုက်ညီတဲ့အတွက် သူအတွေ့အကြုံအရ
မြန်မာသတင်း

ဝေဟင်ကနေ တိုက်ပွဲဝင်နိုင်ဖို့ ကြိုးပမ်းနေတယ်လို့ MOD ထုတ်ပြန်

  • 2026 ခုနှစ်၊ ဇွန်လ 30 ရက်
  • 69 Views
ဇွန်လ (၃၀)ရက်။ စစ်တပ်လေကြောင်းအင်အားကို ဟန့်တားနိုင်ဖို့ ကြိုးပမ်းနေတယ်လို့ NUG ကာကွယ်ရေးဝန်ကြီးဌာနရဲ့ ဒီကနေ့မှာ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ PDF နဲ့ ပကဖတပ်ဖွဲ့တွေအနေနဲ့ စစ်တပ်လေကြောင်းကို ဟန့်တားနိုင်ဖို့နဲ့ ဝေဟင်ကနေ တိုက်ပွဲဝင်နိုင်ဖို့ နည်းလမ်းပေါင်းစုံနဲ့ အဆက်မပြတ် ကြိုးပမ်းနေတယ်လို့
မြန်မာသတင်း

တော်လှန်ရေးအဖွဲ့တွေအကြား ပဋိပက္ခတွေအပေါ် NUCC နဲ့ NUG ဆွေးနွေးခဲ့

  • 2026 ခုနှစ်၊ ဇွန်လ 30 ရက်
  • 64 Views
ဇွန်လ (၃၀)ရက်။ ဇွန်လ (၂၈)ရက်နေ့က တော်လှန်ရေးအဖွဲ့တွေအကြား ပဋိပက္ခတွေနဲ့ပတ်သက်ပြီး NUCC နဲ့ NUG တို့ တွေ့ဆုံဆွေးနွေးခဲ့ကြတယ်လို့ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ အဲ့ဒီဆွေးနွေးပွဲကို (၃)နာရီကြာ ပြုလုပ်ခဲ့ပြီး NUCC ကောင်စီဝင်တွေနဲ့ MOD ဝန်ကြီးနဲ့
မြန်မာသတင်း

မင်းအောင်လှိုင် လာအိုနိုင်ငံကို သွားမယ်လို့ဆို

  • 2026 ခုနှစ်၊ ဇွန်လ 30 ရက်
  • 56 Views
ဇွန်လ (၃၀)ရက်။ လာမယ့်ရက်ပိုင်းထဲ စစ်ခေါင်းဆောင် ကိုယ်တိုင်ခန့်သမ္မတ မင်းအောင်လှိုင်ဟာ လာအိုနိုင်ငံကို သွားဖို့ရှိတယ်လို့ သတင်းထုတ်ပြန်ချက်တွေအရ သိရပါတယ်။ ကိုယ်တိုင်ခန့်သမ္မတ မင်းအောင်လှိုင်ဟာ သူ့မိန်းမ ကြူကြူလှနဲ့အတူ လာအိုနိုင်ငံကို ဇွန်လ (၃)ရက်ကနေ (၅)ရက်အထိ သွားဖို့ရှိတယ်လို့ ဆိုပါတယ်။
မြန်မာသတင်း

မုံရွာပလဖစခန်းကို NUG တပ်ရင်းတွေ စီးနင်းပစ်ခတ်ခံရပြီး ပလဖတာဝန်ခံ အာကူးကျဆုံးခဲ့

  • 2026 ခုနှစ်၊ ဇွန်လ 30 ရက်
  • 70 Views
ဇွန်လ (၃၀)ရက်။ မနေ့က ညပိုင်းအချိန်က မုံရွာမြိုပလဖစခန်းကို NUG တပ်ရင်းတွေ ဝင်ရောက်စီးနင်းပစ်ခတ်ခဲ့တယ်လို ဒေသထဲသတင်းရင်းမြစ်တွေထံက သိရပါတယ်။ “မုံရွာပလဖစခန်းကို NUG က တပ်ရင်း (၅)ရင်းနဲ့ ဝင်စီးတာ။ အဲ့ဒီမှာ ပစ်ခတ်တာတွေဖြစ်ပြီး ပလဖတာဝန်ခံ အာကူး
မြန်မာသတင်း

မိုးဗြဲအနီးတိုက်ပွဲ လက်နက်ခဲယမ်းနဲ့ စစ်သုံပန်း (၂)ဦး ဖမ်းမိခဲ့တယ်လို UTF ထုတ်ပြန်

  • 2026 ခုနှစ်၊ ဇွန်လ 29 ရက်
  • 60 Views
ဇွန်လ (၂၉)ရက်။ မနေ့က ရှမ်း-ကရင်နီအစပ် မိုးဗြဲမြိုအနီးမှာ စစ်ကောင်စီတပ်နဲ့ တိုက်ပွဲဖြစ်ပွားခဲ့တယ်လို Urban Task Force Aung Ban ရဲ့ ဒီကနေ့မှာ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ တိုက်ပွဲထဲ စစ်ကောင်စီတပ်ဆီကနေ လက်နက်ခဲယမ်းအချိုနဲ့ စစ်သုံပန်း
မြန်မာသတင်း

Proof of Life ကို ပိုမိုအရှိန်မြှင့်မယ်လိုဆို

  • 2026 ခုနှစ်၊ ဇွန်လ 29 ရက်
  • 52 Views
ဇွန်လ (၂၉)ရက်။ ဒေါ်အောင်ဆန်းစုကြည် သက်ရှိထင်ရှားရှိသေးတယ်ဆိုတာကို သက်သေပြဖို တောင်းဆိုတဲ့ Proof of Life အစီအစဉ်ကို ပိုမိုအရှိန်မြှင့်မယ်လို ထုတ်ပြန်ထားချက်အရ သိရပါတယ်။ ဒေါ်အောင်ဆန်းစုကြည် ကျန်းမာစွာ သက်ရှိထင်ရှား ရှိနေသေးတာကို အခိုင်အမာ သက်သေပြဖို စစ်အုပ်စုကို