ယင်းမာပင်မှာ စစ်ကောင်စီတပ်စစ်ကြောင်းက ဒေသခံတစ်ဦးကို ပစ်သတ်ခဲ့ပြီး စစ်ကြောင်းနှစ်ကြောင်းနဲ့ မီးရှု့ဖျက်ဆီးတာတွေရှိခဲ့
စစ်ကိုင်းတိုင်း၊ ယင်းမာပင်မြို့ရှိ လာဘို့ရွာမှာ အောက်တိုဘာလ (၁၈) ရက်နေ့ ညပိုင်းအချိန်က အရပ်သားတစ်ဦးကို စစ်ကောင်စီတပ်စစ်ကြောင်းက သတ်ဖြတ်သွားခဲ့တယ်လို့ ဒေသခံတွေရဲ့ ပြောဆိုချက်အရ သိရပါတယ်။ “ ရင်ပေါင်တန်းရွာက စခ စစ်ကြောင်းနဲ့ လာဘို့က စစ်ကြောင်း ပေါင်းသွားပြီး...