နောက်ဆုံးတင်ဆက်ထားသည်မှာ 2024 ခုနှစ်၊ ဒီဇင်ဘာလ 5 ရက်

မြန်မာသတင်း

မြန်မာသတင်း

ပြည်သူ့ညီလာခံ ပဉ္စမနေ့ကို CRPH မတက်ရောက်တော့

ဧပြီလ (၉)ရက်။

ဒုတိယအကြိမ် ပြည်သူ့ညီလာခံရဲ့ ဒီကနေ့ ပဉ္စမနေ့ကို CRPH က ပါဝင်မတက်ရောက်နိုင်တော့ကြောင်း NUCC ထံကို အကြောင်းကြားစာပေးပို့ခဲ့တယ်လို့ သိရပါတယ်။

NUCC ကြီးမှူးကျင်းပတဲ့ ဒုတိယအကြိမ် ပြည်သူ့ညီလာခံကို ဧပြီလ (၄)ရက်ကစပြီး (၆)ရက်နေ့အထိ (၃)ရက် ကျင်းပဖို့စီစဉ်ခဲ့ပေမယ့် အခုအခါ ထပ်တိုးရက်တွေနဲ့ (၅)ရက်ကြာ ကျင်းပနေခဲ့တာပါ။

CRPH အနေနဲ့ အရင်က သတ်မှတ်ထားတဲ့ (၃)ရက်နဲ့ ထပ်တိုး(၁)ရက်ကို ပူးပေါင်းဆောင်ရွက်ခဲ့ပြီးဖြစ်ကာ ထပ်မံခေါ်ယူတဲ့ ညီလာခံ (ပဉ္စမနေ့)မှာ မတက်ရောက်တော့တာလို့ ဆိုပါတယ်။

CRPH ရဲ့ အကြောင်းကြားစာထဲမှာ ဖက်ဒရယ်ဒီမိုကရေစီပဋိညာဉ် အစိတ်အပိုင်း(၂)ပါ ပြဌာန်းချက်တွေထက် ကျော်လွန်ပြီး ဆွေးနွေးအတည်ပြုချက်ရယူတာတွေရှိလာတယ်လို့ ဖော်ပြထားပါတယ်။

ဒါ့ပြင် မူလအစီအစဉ်မှာ ပါဝင်တာမရှိတဲ့ ထပ်မံတင်သွင်းတဲ့ အဆိုပြုချက်တွေဟာ အချိန်ယူဆွေးနွေးဖို့ လိုအပ်တဲ့အပြင် အခုထက် ပိုမိုစုံလင်တဲ့ Stakeholder တွေနဲ့ ဆွေးနွေးဖို့လိုအပ်တယ်လို့ ရေးသားထားပါတယ်။

ညီလာခံမှာ အချို့သော ကိုယ်စားလှယ်တွေအနေနဲ့ ချမှတ်ထားတဲ့ စည်းမျဉ်းစည်းကမ်းတွေကို လေးစားလိုက်နာဖို့ ပျက်ကွက်တယ်ဆိုပြီးလဲ CRPH က ပြောဆိုထားပါတယ်။

အခုလို ကျင်းပနေတဲ့ ဒုတိယအကြိမ် ပြည်သူ့ညီလာခံရဲ့ ပဉ္စမနေ့ကို CRPH နဲ့အတူ NUG ဘက်ကလဲ ပါဝင်မတက်ရောက်နိုင်တာကို အကြောင်းကြားစာ ပေးပို့ခဲ့တယ်လို့ သိရပါတယ်။

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.eraseye.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

ဆက်စပ်သတင်းများ

မြန်မာသတင်း

မြန်မာမှာ လက်နက်ကိုင်ပဋိပက္ခတွေကြောင့် အမျိုးသမီးတွေ သေဆုံးတာ (၂)ဆတိုးလာ

  • 2024 ခုနှစ်၊ ဒီဇင်ဘာလ 5 ရက်
  • 2 Views
ဒီဇင်ဘာလ (၅)ရက်။ မြန်မာမှာ လက်နက်ကိုင်ပဋိပက္ခတွေကြောင့် အသက်ဆုံးရှုံးခဲ့ရတဲ့ အမျိုးသမီးအရေအတွက်ဟာ (၂)ဆတိုးလာခဲ့တယ်လို့ ရန်ကုန်ရှိ အမေရိကန်သံရုံးရဲ့ မနေ့က ထုတ်ပြန်ထားချက်အရ သိရပါတယ်။
မြန်မာသတင်း

ဘယ်လာရုစ်သံအမတ်နဲ့ စစ်ခေါင်းဆောင်တို့ နေပြည်တော်မှာ တွေ့ဆုံ

  • 2024 ခုနှစ်၊ ဒီဇင်ဘာလ 5 ရက်
  • 5 Views
ဒီဇင်ဘာလ (၅)ရက်။ မနေ့က နေပြည်တော်မှာ ဟနွိုင်းမြို့အခြေစိုက် မြန်မာနိုင်ငံဆိုင်ရာ ဘယ်လာရုစ်သံအမတ် H.E. Mr. Uladzimir Baravikou နဲ့
မြန်မာသတင်း

ငဖဲမြို့မှာ စစ်ကောင်စီရိက္ခာကား (၃)စီး တိုက်ခိုက်ခံရကာ (၉)ဦးထက်မနည်းသေဆုံးပြီး ကား(၂)စီး ပျက်စီးခဲ့

  • 2024 ခုနှစ်၊ ဒီဇင်ဘာလ 5 ရက်
  • 5 Views
တလကျော်ကာလထဲ စစ်ကောင်စီအင်အား (၅၀)ကျော်ကို ချေမှုန်းနိုင်ခဲ့တယ်လို့ PRA-MAGWAY ထုတ်ပြန် ဒီဇင်ဘာလ (၅)ရက်။ မနေ့က နေ့လယ် (၁)နာရီခန့်က ငဲမြို့နယ်မှာ အင်အား (၅၀)ခန့်ပါ စစ်ကောင်စီရဲ့ ရိက္ခာကား (၃)စီးကို ခြုံခိုမိုင်းဆွဲတိုက်ခိုက်ခဲ့တယ်လို့ PRA-Magway ရဲ့
မြန်မာသတင်း

မြန်မာသင်္ကြန် ကမ္ဘာ့ဒြပ်မဲ့ယဉ်ကျေးမှုအမွေအနှစ်စာရင်းထဲ ထည့်သွင်း

  • 2024 ခုနှစ်၊ ဒီဇင်ဘာလ 5 ရက်
  • 2 Views
ဒီဇင်ဘာလ (၅)ရက်။ (၁၉)ကြိမ်မြောက် ဒြပ်မဲ့ယဉ်ကျေးမှုအမွေအနှစ်ညီလာခံမှာ မြန်မာ့ရိုးရာနှစ်သစ်ကူးသင်္ကြန်ပွဲတော်ကို ကမ္ဘာ့ဒြပ်မဲ့ယဉ်ကျေးမှုအမွေအနှစ်စာရင်းထဲ ထည့်သွင်းလိုက်ပြီလို့ သတင်းထုတ်ပြန်ထားချက်တွေအရ သိရပါတယ်။ ဒီဇင်ဘာလ (၄)ရက်နေ့ကနေ (၇)ရက်နေ့အထိ ပါရာဂွေးမြို့နယ်၊ အာဆွန်စီယွန်မြို့မှာ ကျင်းပတဲ့ (၁၉)ကြိမ်မြောက် ဒြပ်မဲ့ယဉ်ကျေးမှုအမွေအနှစ်ညီလာခံမှာ တရားဝင်ဆုံးဖြတ်ခဲ့တာလို့ ဆိုပါတယ်။ မြန်မာနိုင်ငံက
1027 Operations မြန်မာသတင်း

ပြည်သူတွေရဲ့ အကြပ်အတည်းတွေကို ဖြေရှင်းနိုင်ဖို့ ကြိုးပမ်းနေတယ်လို့ TNLA ပြော

  • 2024 ခုနှစ်၊ ဒီဇင်ဘာလ 5 ရက်
  • 5 Views
ဒီဇင်ဘာလ (၅)ရက်။ ပြည်သူတွေရဲ့ လုံခြုံမှုမးနဲ့ စားဝတ်နေရေး အခက်အခဲ အကြပ်အတည်း စိန်ခေါ်မှုတွေကို ဖြေရှင်းနိုင်ဖို့ အမြဲကြိုးပမ်းနေတယ်လို့ TNLA ရဲ့ မနေ့က ထုတ်ပြန်ပြောဆိုထားချက်အရ သိရပါတယ်။ ပြည်သူတွေရဲ့ အခက်အခဲတွေ ဖြေရှင်းနိုင်ဖို့ TNLA အနေနဲ့
၁၁၁၃ ရခိုင်စစ်ပွဲ မြန်မာသတင်း

အမ်းမြို့သိမ်းတိုက်ပွဲကနေ ထွက်ပြေးလာတဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေကို ဖမ်ဆီးထိန်းသိမ်းထားတယ်လို့ ACDF ပြော

  • 2024 ခုနှစ်၊ ဒီဇင်ဘာလ 4 ရက်
  • 7 Views
ဒီဇင်ဘာလ (၄)ရက်။ နပခဌာနချုပ်ရှိတဲ့ အိမ်းမြို့ကနေ ထွက်ပြေးလာတဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင် (၁၂)ဦးကို ဖမ်းဆီးထိန်းသိမ်းထားတယ်လို့ အရှိုချင်းကာကွယ်ရေးတပ်(ACDF)ရဲ့ ဒီကနေ့မှာ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ အဲ့ဒီစစ်သုံ့ပန်းတွေဟာ အာရက္ခတပ်တော်(AA)ရဲ့ အမ်းမြို့သိမ်းတိုက်ပွဲကနေ ထွက်ပြေးလာသူတွေဖြစ်ပြီး သူတို့တွေထဲ စစ်ကောင်စီတပ်ဖွဲ့ဝင် ဗိုလ်ကြီးအဆင့်ရှိသူတစ်ဦး ပါဝင်တယ်လို့
မြန်မာသတင်း

အုတ်ဖိုမြို့မှာ စစ်ကောင်စီဆိုင်ကယ်ယာဉ်တန်း တိုက်ခိုက်ခံရ၊ စစ်ကောင်စီဘက်က ဗိုလ်ကြီးနဲ့ တပ်ကြပ်တို့ သေဆုံးခဲ့

  • 2024 ခုနှစ်၊ ဒီဇင်ဘာလ 4 ရက်
  • 6 Views
ဒီဇင်ဘာလ (၄)ရက်။ မနေ့က နံနက် (၉)နာရီ (၂၀)မိနစ်အချိန်က အုတ်ဖိုမြို့နယ် တိမ်မြုပ်ရွာအခြေစိုက် ခမရ(၆)ကထွက်လာတဲ့ စစ်ကောင်စီဆိုင်ကယ်ယာဉ်တန်းကို တိုက်ခိုက်ခဲ့တယ်လို့ သာယာဝတီခရိုင်တပ်ရင်း(၃၈၀၂)ရဲ့ ဒီကနေ့မှာ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ “ တပ်တွင်းဖရဲသီးရဲ့ သတင်းပေးတာကြောင့် တိမ်မြုပ်ရွာအခြေစိုက် ခမရ(၆)ကထွက်လာတဲ့
မြန်မာသတင်း

ခင်ဦးမြို့နယ်ထဲ ရပ်ကျေး ပအဖနဲ့ ပကဖတွေ ထပ်မံတိုးချဲ့ဖွဲ့စည်း

  • 2024 ခုနှစ်၊ ဒီဇင်ဘာလ 4 ရက်
  • 7 Views
ဒီဇင်ဘာလ (၄)ရက်။ စစ်ကိုင်းတိုင်း၊ ခင်ဦးမြို့နယ်ထဲ ကျေးရွာအချို့မှာ NUG လက်အောက်ခံတွေဖြစ်တဲ့ ရပ်ကျေး ပအဖနဲ့ ပကဖတို့ကို ထပ်မံဖွဲ့စည်းခဲ့တယ်လို့ မြို့နယ်ပအဖရဲ့ မနေ့က ထုတ်ပြန်ထားချက်အရ သိရပါတယ်။ ထပ်မံဖွဲ့စည်းလိုက်တဲ့ ရပ်ကျေး ပအဖနဲ့ ပကဖတွေဟာ ခင်ဦးမြို့နယ်ထဲ