နောက်ဆုံးတင်ဆက်ထားသည်မှာ 2026 ခုနှစ်၊ ဇူလိုင်လ 22 ရက်

မြန်မာသတင်း

မြန်မာသတင်း

ယင်းမာပင်ခရိုင်၊ ဆားလင်းကြီးမြို့နယ်မြောက်အခြမ်းတွေမှာ စစ်ကောင်စီအင်အား ၄၀၀ နဲ့ ဗျူဟာပြောင်း စည်းရုံးရေးဆင်းနေဟု ဆို

ဧပြီလ (၇) ရက်။

စစ်ကိုင်းတိုင်း၊ ယင်းမာပင်ခရိုင်၊ ဆားလင်းကြီးမြို့နယ်မြောက်အခြမ်းနဲ့ ယင်းမာပင်မြို့နယ်အရှေ့ခြမ်းတွေမှာ မတ်လ (၂၂) ရက်နေ့ကစပြီး စစ်ကောင်စီအင်အား ၄၀၀ နီးပါးဟာ တရုတ်နဲ့ စစ်ကောင်စီရဲ့ ဦးပိုင် ကုမ္မဏီတို့ ကြေးနီကြိုချက်စက်ရုံ လည်ပတ်နှိုင်ရေးနဲ့ ဗျူဟာပြောင်းနယ်မြေစီုးမီုးရေးတွေကို လုပ်ဆောင်နေတယ်လို့ ဒေသခံတော်လှန်ရေးခေါင်းဆောင်တဦးက ပြောပါတယ်။

စစ်ကောင်စီတပ်ဖွဲ့ဝင်တွေဟာ နယ်မြေခံတွေအပေါ် ဗျူဟာပြောင်းပြီး စည်းရုံးနေတယ်လို့ သိရပါတယ်။ ဒေသခံတွေကို အချုပ်သတ်ဆက်ဆံနေတယ်လို့လည်း ဆိုပါတယ်။ ရွာတွေထဲဝင်လာတဲ့အချိန် အိုင်ကွန်စကားပြောစက်နဲ့ ဖမ်းမိရင်တောင် ပြန်လွှတ်ပေးတယ်လို့ ဆိုပါတယ်။

ကံကုန်းကြီးရွာ၊ ဒုန်းတောရွာ၊ ဂုန်တောရွာ၊ ကျောက်မျက်ရွာ၊ ထနှောင်းရွာ၊ အေးကုန်းရွာ၊ သာယာကုန်းရွာ၊ တောင်ပလူရွာ၊ သာယာကုန်းရွာ၊ အောင်ချမ်စီရွာ၊ ကျော်ရွာ၊ ညောင်ပင်ကြီးရပ်ကွက် (၄) ရပ်ကွက်ရုံး၊ ပင်ရိုးရွာ၊ ရွာသာရွာ၊ ဘိမ်းနွယ်ချောင်းရွာ၊ စုံးကျင်းရွာ၊ မြရွှေစီရွာ။ မြင်ပင်စီရွာ၊ အောင်မီုးရွာ၊ ကျေးစာကျရွာ၊ အုန်တုန်ပင်ရွာ၊ ပေကုန်းရွာ၊ ဆည်ထန်းကြီးရွာ၊ ရေကြည်ပင်ရွာ၊ မြစိမ်းရွာ၊ မြရိပ်ရွာ၊ သဲတောကြီးရွာ၊ ရွှေပန်းခိုင်ရွာ၊ ညောင်ပင်ကြီး အနီးထန်းတောကြီးရွာ၊ ဖောင်းကားရွာ၊ မိုးကြို့ပြင်ရွာ၊ ဝါးတန်းရွာ၊ တယ်ပင်ကန်ရွာ၊ ဧရိယာနယ်မြေများကို ရောက်ရှိလည့်လည်နေတဲ့ စစ်ကောင်စီ တပ်ဖွဲ့ဝင်တွေဟာ ပြည်သူတွေကို စည်းရုံးရေးစစ်ကြောင်ထိုးဝင်ရောက်နေတာ ဒီနေ့ထိ ကြာရှည်နေပြီလို့ သိရပါတယ်။

ပူးတွဲပေးပို့လာတဲ့စာမှာ “အိမ်ရှင်တို့ခင်ဗျာ၊ ကျွန်တော်တို့ နားမလည်နိုင်တာ တခု ရှိနေတယ်။ ဘာဖြစ်လို့ အိမ်တွေထားပြီးထွက်ပြေးသွားတာလဲ။ ကျွန်တော်တို့ တပ်မတော်သားတွေ အိမ်ရှင်မိသားစုတိုင်းကို ဒုက္ခရောက်အောင် ဘယ်တော့မှ မလုပ်ပါဘူး။ ကျွန်တော်တို့ ငြိမ်းချမ်းချင်နေပြီ။ ပြည်သူတွေလည်း ငြိမ်းချမ်းချင်မှာပါ” ဆိုပြီး တွေ့ရပါတယ်။

အဲ့ဒီစာနဲ့ပတ်သက်ပြီး မြန်မာစစ်တပ် ဘယ်လောက်ပဲ အချိုသပ်သပ် မယုံကြည်ကြဖို့နဲ့ သတိပြုပြီးနေကြဖို့ အဲ့ဒီပုဂ္ဂိုလ်က အသိပေးတိုက်တွန်းလိုက်ပါတယ်။

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.eraseye.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

ဆက်စပ်သတင်းများ

မြန်မာသတင်း

ဒေါ်အောင်ဆန်းစုကြည်ကို နိုင်ငံတကာနဲ့ တွေ့ခွင့်မပေးဘူးလို့ စစ်အုပ်စုပြော

  • 2026 ခုနှစ်၊ ဇွန်လ 30 ရက်
  • 135 Views
ဇွန်လ (၃၀)ရက်။ ဒေါ်အောင်ဆန်းစုကြည်ကို နိုင်ငံတကာနဲ့ တွေ့ခွင့်မပေးဘူးဆိုပြီး ဒီကနေ့ နေပြည်တော်မှာပြုလုပ်တဲ့ စစ်အုပ်စုရဲ့ သတင်းစာရှင်းလင်းပွဲမှာ ပြောဆိုခဲ့တယ်လို့ သိရပါတယ်။ “ဒေါ်အောင်ဆန်းစုကြည်က
မြန်မာသတင်း

ငါတို့တကယ်ရင်ဆိုင်နေရတဲ့ အခက်အခဲ

  • 2026 ခုနှစ်၊ ဇွန်လ 30 ရက်
  • 118 Views
Burma Issue: The Crisis We Are Truly Facing ငါတို့တကယ်တွေ့နေရတဲ့ အကြပ်အတည်း ရှေ့နေဦးကြီးမြင့်ရဲ့စာတမ်းတိုလေးကိုသဘောထားကြိုက်ညီတဲ့အတွက် သူအတွေ့အကြုံအရ
မြန်မာသတင်း

ဝေဟင်ကနေ တိုက်ပွဲဝင်နိုင်ဖို့ ကြိုးပမ်းနေတယ်လို့ MOD ထုတ်ပြန်

  • 2026 ခုနှစ်၊ ဇွန်လ 30 ရက်
  • 107 Views
ဇွန်လ (၃၀)ရက်။ စစ်တပ်လေကြောင်းအင်အားကို ဟန့်တားနိုင်ဖို့ ကြိုးပမ်းနေတယ်လို့ NUG ကာကွယ်ရေးဝန်ကြီးဌာနရဲ့ ဒီကနေ့မှာ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ PDF နဲ့ ပကဖတပ်ဖွဲ့တွေအနေနဲ့ စစ်တပ်လေကြောင်းကို ဟန့်တားနိုင်ဖို့နဲ့ ဝေဟင်ကနေ တိုက်ပွဲဝင်နိုင်ဖို့ နည်းလမ်းပေါင်းစုံနဲ့ အဆက်မပြတ် ကြိုးပမ်းနေတယ်လို့
မြန်မာသတင်း

တော်လှန်ရေးအဖွဲ့တွေအကြား ပဋိပက္ခတွေအပေါ် NUCC နဲ့ NUG ဆွေးနွေးခဲ့

  • 2026 ခုနှစ်၊ ဇွန်လ 30 ရက်
  • 101 Views
ဇွန်လ (၃၀)ရက်။ ဇွန်လ (၂၈)ရက်နေ့က တော်လှန်ရေးအဖွဲ့တွေအကြား ပဋိပက္ခတွေနဲ့ပတ်သက်ပြီး NUCC နဲ့ NUG တို့ တွေ့ဆုံဆွေးနွေးခဲ့ကြတယ်လို့ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ အဲ့ဒီဆွေးနွေးပွဲကို (၃)နာရီကြာ ပြုလုပ်ခဲ့ပြီး NUCC ကောင်စီဝင်တွေနဲ့ MOD ဝန်ကြီးနဲ့
မြန်မာသတင်း

မင်းအောင်လှိုင် လာအိုနိုင်ငံကို သွားမယ်လို့ဆို

  • 2026 ခုနှစ်၊ ဇွန်လ 30 ရက်
  • 81 Views
ဇွန်လ (၃၀)ရက်။ လာမယ့်ရက်ပိုင်းထဲ စစ်ခေါင်းဆောင် ကိုယ်တိုင်ခန့်သမ္မတ မင်းအောင်လှိုင်ဟာ လာအိုနိုင်ငံကို သွားဖို့ရှိတယ်လို့ သတင်းထုတ်ပြန်ချက်တွေအရ သိရပါတယ်။ ကိုယ်တိုင်ခန့်သမ္မတ မင်းအောင်လှိုင်ဟာ သူ့မိန်းမ ကြူကြူလှနဲ့အတူ လာအိုနိုင်ငံကို ဇွန်လ (၃)ရက်ကနေ (၅)ရက်အထိ သွားဖို့ရှိတယ်လို့ ဆိုပါတယ်။
မြန်မာသတင်း

မုံရွာပလဖစခန်းကို NUG တပ်ရင်းတွေ စီးနင်းပစ်ခတ်ခံရပြီး ပလဖတာဝန်ခံ အာကူးကျဆုံးခဲ့

  • 2026 ခုနှစ်၊ ဇွန်လ 30 ရက်
  • 99 Views
ဇွန်လ (၃၀)ရက်။ မနေ့က ညပိုင်းအချိန်က မုံရွာမြိုပလဖစခန်းကို NUG တပ်ရင်းတွေ ဝင်ရောက်စီးနင်းပစ်ခတ်ခဲ့တယ်လို ဒေသထဲသတင်းရင်းမြစ်တွေထံက သိရပါတယ်။ “မုံရွာပလဖစခန်းကို NUG က တပ်ရင်း (၅)ရင်းနဲ့ ဝင်စီးတာ။ အဲ့ဒီမှာ ပစ်ခတ်တာတွေဖြစ်ပြီး ပလဖတာဝန်ခံ အာကူး
မြန်မာသတင်း

မိုးဗြဲအနီးတိုက်ပွဲ လက်နက်ခဲယမ်းနဲ့ စစ်သုံပန်း (၂)ဦး ဖမ်းမိခဲ့တယ်လို UTF ထုတ်ပြန်

  • 2026 ခုနှစ်၊ ဇွန်လ 29 ရက်
  • 87 Views
ဇွန်လ (၂၉)ရက်။ မနေ့က ရှမ်း-ကရင်နီအစပ် မိုးဗြဲမြိုအနီးမှာ စစ်ကောင်စီတပ်နဲ့ တိုက်ပွဲဖြစ်ပွားခဲ့တယ်လို Urban Task Force Aung Ban ရဲ့ ဒီကနေ့မှာ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ တိုက်ပွဲထဲ စစ်ကောင်စီတပ်ဆီကနေ လက်နက်ခဲယမ်းအချိုနဲ့ စစ်သုံပန်း
မြန်မာသတင်း

Proof of Life ကို ပိုမိုအရှိန်မြှင့်မယ်လိုဆို

  • 2026 ခုနှစ်၊ ဇွန်လ 29 ရက်
  • 77 Views
ဇွန်လ (၂၉)ရက်။ ဒေါ်အောင်ဆန်းစုကြည် သက်ရှိထင်ရှားရှိသေးတယ်ဆိုတာကို သက်သေပြဖို တောင်းဆိုတဲ့ Proof of Life အစီအစဉ်ကို ပိုမိုအရှိန်မြှင့်မယ်လို ထုတ်ပြန်ထားချက်အရ သိရပါတယ်။ ဒေါ်အောင်ဆန်းစုကြည် ကျန်းမာစွာ သက်ရှိထင်ရှား ရှိနေသေးတာကို အခိုင်အမာ သက်သေပြဖို စစ်အုပ်စုကို