စိုက်ပျိုးရေးသိပ္ပံ(ထားဝယ်)က ပူးပေါင်းလာတဲ့ ကျောင်းအုပ်အပါ (၇)ဦးကို လွတ်မြောက်နယ်မြေသို့ ပို့ဆောင်ထားတယ်လို့ လောင်းလုံး PDF ထုတ်ပြန်
ထားဝယ်ခရိုင်၊ လောင်းလုံးမြို့ရှိ စိုက်ပျိုးရေးသိပ္ပံ(ထားဝယ်)ကျောင်းက ကျောင်းအုပ်ကြီးဇနီးမောင်နှံအပါအဝင် ၇ဦးကို လွတ်မြောက်နယ်မြေသို့ ပို့ဆောင်ထားနိုင်ခဲ့ပြီဖြစ်တယ်လို့ လောင်းလုံးမြို့နယ်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့(LLPDF)ရဲ့ သတင်းထုတ်ပြန်ချက်အရ သိရပါတယ်။ စိုက်ပျိုးရေးသိပ္ပံကျောင်းက ကျောင်းအုပ်ကြီးကို ဇူလိုင်လ ၂၀ရက်နေ့ နေ့လည် ၁နာရီခွဲအချိန်က လောင်းလုံးမြို့နယ်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့က သွားရောက်တွေ့ဆုံခဲ့ကာ ၎င်းတို့ဘက်က ပူးပေါင်းလိုကြောင်း...