စမ်းချောင်းမှာ လူငယ် ကိုးဦးကိုစစ်ကောင်စီတပ်က ဖမ်းဆီး
ရန်ကုန်တိုင်း၊စမ်းချောင်းမြို့နယ်၊ဝေဠုန်ဝန်မြောက်ရပ်ကွက်မှာ မေ ၂၄ရက် မနေ့ကညပိုင်းမှာ စစ်ကောင်စီတပ်တွေက သေနတ်ပစ်ဖောက်ပြီး လူငယ်ကိုးဦး ကိုလာရောက်ဖမ်းဆီးသွားတယ်လို့ ရပ်ကွက်နေပြည်သူတွေဆီကသိရပါတယ်။ လက်ရှိမှာတော့ လူငယ်တွေကို ဘာကြောင့်ဖမ်းဆီးတယ်ပြီးဘယ်နေရာကို ဖမ်းဆီးခေါ်ဆောင်သွားတယ်ဆိုကိုတော့ မသိရှိရသေးပါဘူး။ အခုလို လူငယ်တွေကို လာရောက်ဖမ်းဆီးမှုမှာ စစ်ကောင်စီတပ်က နာမည်၊လိပ်စာတွေနဲ့တကွလာရောက်ရှာဖွေဖမ်းဆီးသွားတာဖြစ်ပါတယ်။ လူငယ်တချို့ကို...