နောက်ဆုံးတင်ဆက်ထားသည်မှာ 2025 ခုနှစ်၊ ဇူလိုင်လ 2 ရက်

မြန်မာသတင်း

မြန်မာသတင်း

ချင်းအမျိုးသားတပ်မတော် CNF နဲ့ HPO တို့ ပူးတွဲပြီး ရိခေါ်ဒါရ်မြို့ပြည်သူ့အုပ်ချုပ်ရေး ဖော်ဆောင်သွားမယ်လို့ CNF ထုတ်ပြန်

၂၀၂၃ ခုနှစ်၊ နိုဝင်ဘာလ (၁၁) ရက်၊ ခေတ်မျက်လုံး။

ချင်းပြည်နယ်၊ ဖလမ်းမြို့နယ်၊ ရိခွါဒါရ်မြို့ပြည်သူ့အုပ်ချုပ်ရေးကို ဒေသခံတွေနဲ့ ဖွဲ့စည်း ထားတဲ့ ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ကို ချင်းအမျိုးသားတပ်မတော် CNF နဲ့ Hualngo People Organization (HPO) တို့က အကောင်အထည်ဖော်ဆောင်ရွက်သွားမယ်လို့ မနေ့က နိုဝင်ဘာလ (၂၂) ရက်နေ့မှာ CNF က သတင်းထုတ်ပြန်ထားပါတယ်။

အန္ဒိယ-မြန်မာ နယ်စပ်ကုန်သွယ်ရေးလမ်းကြောင်းပေါ်မှာရှိတဲ့ ရိခေါ်ဒါရ်စစ်တပ်စခန်း နှစ်ခုကို CNA၊ CDF-Hualngoram၊ CDF-Zanniatram၊ PDA-Tedim နဲ့ CDF-Thantlang ပူးပေါင်းတပ်ဖွဲ့တို့က နိုဝင်ဘာလ (၁၃) ရက်နေ့မှာ တိုက်ခိုက်သိမ်းပိုက်ခဲ့ကာ တစ်မြို့လုံးကို ထိန်းချုပ်စိုးမိုးနိုင်ခဲ့ပါတယ်လို့ သိရပါတယ်။၊

တိုက်ပွဲအတွင်း မြန်မာဘက်က ယာယီစစ်ဘေးရှောင်များနဲ့ ဒဏ်ရာရရဲဘော်များရဲ့ လူမှုအခက်အခဲအလုံးစုံကို ကူညီဖြေရှင်းပေးတဲ့ မီဇိုရမ်ပြည်နယ် အစိုးရ၊ အန္ဒိယဗဟိုအစိုးရ၊ မီဇိုရမ်ပြည်သူများနဲ့ လူမှုအသင်းအဖွဲ့များအပေါ် အထူးကျေးဇူးတင်ကြောင်း ထုတ်ပြန်ချက်မှာ ထည့်သွင်းဖော်ပြထားပါတယ်။

ရိခေါ်ဒါရ်မြို့ဟာ နှစ်နိုင်ငံနယ်စပ် ကုန်သွယ်ရေးလမ်းကြောင်းပေါ်မှာ တည်ရှိတဲ့အတွက် ပြည်သူ့လုံခြုံရေး၊ ဒေသတည်ငြိမ်ရေးနဲ့ တရာဉပဒေစိုးမိုးရေးအထူးလိုအပ်နေတဲ့အတွက် နယ်စပ်ကုန်သွယ်ရေးအဆင်ပြေစေဖို့ ဒေသခံတွေ ဖော်ဆောင်နေတဲ့ ရိခေါ်ဒါရ်မြို့ ပြည်သူ့အုပ်ချုပ်ရေးကို ပူးတွဲကာ CNF နဲ့ HPO အနေနဲ့ ဆက်လက်အကောင်အထည်ဖော်ဆောင်ရွက်သွားမှာ ဖြစ်တယ်လို့ CNF က သတင်းထုတ်ပြန်ထားပါတယ်။

ရိခေါ်ဒါရ်မြို့သိမ်း တိုက်ပွဲအတွင်း ချင်းပူးပေါင်းတပ်က တော်လှန်ရေး ရဲဘော် ကိုးဦး ကျဆုံးခဲ့ပါတယ်။ CNF တပ်ဖွဲ့ဝင် ရဲဘော်ရှစ်ဦးနဲ့ PDA တပ်ဖွဲ့ဝင် ရဲဘော်တစ်ဦးတို့ ဖြစ်ပါတယ်။ (၁၅) ဦး ဒဏ်ရာရခဲ့တယ်လို့ သိရပါတယ်။

ရိခေါ်ဒါရ်မြို့သိမ်း တိုက်ပွဲအတွင်း စစ်အောင်စီက လေကြောင်းအသုံးပြုကာ ဂျက်ဖိုက်တာ တိုက်လေယာဉ် တစ်စီးနဲ့ ဗုံးကြဲတိုက်ခိုက်သလို (MI-35) တိုက်ခိုက်ရေး ရဟတ်ယာဉ်နှစ်စီးနဲ့ လာရောက် စစ်ကူးပေး ပစ်ခတ်ခဲ့လို့ မြို့လုံးကျွတ် စစ်ဘေးရှောင်ခဲ့ရပါတယ်။

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.eraseye.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

ဆက်စပ်သတင်းများ

မြန်မာသတင်း

နောင်ချိုမြို့မှာ စစ်ကောင်စီက တရက်ထဲ ဗုံး (၁၁)လုံးကြဲချတိုက်ခိုက်၊ ပြည်သူ (၃)ဦးသေဆုံးခဲ့

  • 2025 ခုနှစ်၊ ဇူလိုင်လ 1 ရက်
  • 20 Views
ဇူလိုင်လ (၁)ရက်။ ဒီကနေ့ နေ့လယ် (၃)နာရီကျော်အချိန်က နောင်ချိုမြို့ရှိ သုံးဆယ်ရွာကို စစ်ကောင်စီက လေကြောင်းကနေ ဗုံး (၁၁)လုံး ကြဲချတိုက်ခိုက်ခဲ့တယ်လို့
မြန်မာသတင်း

အိုးဘိုထောင်မှာ နိုင်/ကျဉ်းတွေ ရိုက်နှက်ခံရချိန် ကိုဝေမိုးနိုင် သွေးထွက်လွန်ပြီး သတိမေ့မျောခဲ့

  • 2025 ခုနှစ်၊ ဇူလိုင်လ 1 ရက်
  • 14 Views
ဇူလိုင်လ (၁)ရက်။ မုံရွာထောင်ကနေ မန္တလေးအိုးဘိုထောင်ကို ပြောင်းရွှေ့ရောက်လာတဲ့ နိုင်ငံရေးအကျဉ်းသားတွေကို ရိုက်နှက်ခဲ့တဲ့ဖြစ်စဉ်နဲ့ပတ်သက်ပြီး PPNM က ဒီကနေ့မှာ နောက်ဆက်တွဲ ထပ်မံထုတ်ပြန်ထားတယ်လို့
မြန်မာသတင်း

စစ်အုပ်စုရဲ့ လေကြောင်းတိုက်ခိုက်တာကြောင့် ပြည်သူ (၁၅၀၀)ကျော်အထိ သေဆုံးခဲ့တယ်လို့ AAPP ထုတ်ပြန်

  • 2025 ခုနှစ်၊ ဇူလိုင်လ 1 ရက်
  • 29 Views
ဇူလိုင်လ (၁)ရက်။ ၂၀၂၁ခုနှစ် အာဏာသိမ်းချိန်ကစပြီး အခုနှစ် ဇွန်လ (၃၀)ရက်နေ့အထိ နိုင်ငံတဝန်းမှာ စစ်အုပ်စုရဲ့လေကြောင်းတိုက်ခိုက်တာကြောင့် ပြည်သူ (၁၅၀၅)ဦး သေဆုံးခဲ့တယ်လို့ AAPP ရဲ့ ဒီကနေ့မှာ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ စစ်အုပ်စုရဲ့ အာဏာသိမ်း (၅)နှစ်တာထဲ
မြန်မာသတင်း

ကျောက်မဲမြို့ကို စစ်ကောင်စီတပ်က တရက်ထဲ ဗုံး (၈)လုံး ကြဲချတိုက်ခိုက်

  • 2025 ခုနှစ်၊ ဇွန်လ 30 ရက်
  • 32 Views
ဇွန်လ (၃၀)ရက်။ မနေ့က ကျောက်မဲမြို့ရှိ ရပ်ကွက်တွေကို စစ်ကောင်စီက လေကြောင်းကနေ ပေါင် (၂၅၀)ဗုံးအပါအဝင် စုစုပေါင်း ဗုံး (၈)လုံးအထိ ကြဲချခဲ့တယ်လို့ TNLA ရဲ့ ဒီကနေ့မှာ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ “ မနေ့က
မြန်မာသတင်း

ကန့်ဘလူမှာ စစ်ကောင်စီစစ်ကြောင်းထိုးတဲ့ (၄)ရက်ထဲ ပြည်သူ (၁၁)ဦးအထိ သတ်ဖြတ်ခံရ

  • 2025 ခုနှစ်၊ ဇွန်လ 30 ရက်
  • 33 Views
ဇွန်လ (၃၀)ရက်။ ဇွန်လ (၂၃)ရက်နေ့ကနေ (၂၆)ရက်နေ့အထိ ကန့်ဘလူမြို့နယ်တောင်ခြမ်းရှိ ကျေးရွာတွေကို စစ်ကောင်စီတပ်နဲ့ ပျူစောထီး ပူးပေါင်းအင်အား (၁၀၀)ကျော်နဲ့ စစ်ကြောင်းထိုးခဲ့တယ်လို့ ဒေသခံတွေထံက သိရပါတယ်။ “ စကစနဲ့ ပျူစောထီး ပူးပေါင်အင်အား (၁၀၀)ကျော်နဲ့ ကန့်ဘလူနယ်တောင်ခြမ်း
မြန်မာသတင်း

လယ်ဒိုမြို့မှာ စစ်ကောင်စီရဲ့ လေကြောင်းတိုက်ခိုက်တာကြောင့် ကလေးငယ်တွေအပါအဝင် (၅)ဦး ဒဏ်ရာရ

  • 2025 ခုနှစ်၊ ဇွန်လ 30 ရက်
  • 23 Views
ဇွန်လ (၃၀)ရက်။ ဇွန်လ (၂၈)ရက်နေ့ နေ့လယ် (၁)နာရီ (၂၂)မိနစ်အချိန်က လယ်ဒိုမြို့နယ်ရှိ ဟင်္သာဝဲကျေးရွာထဲကို စစ်ကောင်စီတပ်က လေကြောင်းတိုက်ခိုက်ခဲ့တယ်လို့ KNU ရဲ့ ဒီကနေ့မှာ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ “ ဟင်္သာဝဲရွာထဲကို အကြမ်းဖက်စစ်ကောင်စီလေတပ်က လေကြောင်းတိုက်ခိုက်ခဲ့တာ။
မြန်မာသတင်း

  • 2025 ခုနှစ်၊ ဇွန်လ 30 ရက်
  • 28 Views
မုံရွာအခြေစိုက် နမခတိုင်းစစ်ဌာနချုပ် တိုက်ခိုက်ခံရပြီး စစ်ကောင်စီတပ်ဖွဲ့ဝင် (၂၂)ဦးသေဆုံးခဲ့ ဇွန်လ (၃၀)ရက်။ ဇွန်လ (၂၇)ရက်နေ့ ညနေ (၅)နာရီခွဲအချိန်က မုံရွာအခြေစိုက် အနောက်မြောက်တိုင်းစစ်ဌာနချုပ်(နမခ)ကို ရှော့တိုက်ရော့ကတ် (၁၀)လုံးနဲ့ ပစ်ခတ်ခဲ့တယ်လို့ Chindwin Rocket Brother(CRB)ရဲ့ မနေ့က
မြန်မာသတင်း

စဉ့်ကူးမြို့မှာ စစ်ကောင်စီရဲ့ လေကြောင်းတိုက်ခိုက်တာကြောင့် အရပ်သားတစ်ဦး သေဆုံးခဲ့

  • 2025 ခုနှစ်၊ ဇွန်လ 30 ရက်
  • 25 Views
ဇွန်လ (၃၀)ရက်။ မနေ့က နံနက် (၁၁)နာရီ (၅၀)မိနစ်အချိန်က စဉ့်ကူးမြို့ လက်ပန်လှရွာရှိ ပြည်စိုးအောင်ရပ်ကွက်ကို စစ်ကောင်စီက လေကြောင်းကနေ တိုက်ခိုက်ခဲ့တယ်လို့ ပြင်ဦးလွင်ခရိုင်ပကဖရဲ့ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ “ မနေ့က (၁၁)နာရီ (၅၀)မိနစ်လောက်မှာ လက်ပန်လှရွာ