ခင်ဦးမြို့လယ်မှာ တပ်စွဲထားတဲ့ စစ်ကောင်စီတပ်ကို ဒရုန်းနဲ့ ဗုံးချတိုက်ခိုက်
စစ်ကိုင်းတိုင်း၊ ခင်ဦးမြို့နယ်၊ မြို့လယ်လမ်းဆုံ ဗိုလ်ချုပ်ကြေးရုပ်အနီး မင်းသိုက်သုံးထပ်တိုက်ရှေ့မှာ ဘန်ကာဆောက်ပြီး တပ်စွဲထားတဲ့ စစ်ကောင်စီတပ်ကို ဒရုန်းနဲ့ ဗုံးသီးချ တိုက်ခိုက်ခဲ့တယ်လို့ Northern Tigers Group (NTG) အဖွဲ့ဆီက သိရပါတယ်။ အင်အား (၃၀) လောက်နဲ့...









