နောက်ဆုံးတင်ဆက်ထားသည်မှာ 2026 ခုနှစ်၊ ဇူလိုင်လ 21 ရက်

မြန်မာသတင်း

မြန်မာသတင်း

ဂါဇာရှိ အယ်လ်ရှီဖာဆေးရုံတွင် အစ္စရေးစစ်တပ်က ဘာတွေကို တွေ့ရှိခဲ့သလဲ။

၂၀၂၃ ခုနှစ်၊ နိုဝင်ဘာလ (၁၆) ရက်၊ ဂါဇာ။

ရိုင်ဖယ်တွေ၊ လက်ပစ်ဗုံးတွေနဲ့ စစ်အင်္ကျီတွေကို အစ္စရေးစစ်တပ်က ရှာဖွေတွေ့ရှိခဲ့ပေမယ့် အခုအချိန်အထိ ဟားမတ်စ်ရဲ့ ကွပ်ကဲမှုစင်တာ မရှိသေးဘူးလို့ ဆိုပါတယ်။

ကြာသပတေးနေ့မှာ အစ္စရေးစစ်တပ်ဟာ ဂါဇာရှိ အယ်လ်ရှီဖာဆေးရုံကို ဒုတိယရက် ဆက်တိုက် ဝင်ရောက်စီးနင်းခဲ့ပါတယ်။ ဗုဒ္ဓဟူးနေ့မှာ အစ္စရေးတပ်ဖွဲ့ဝင်တွေဟာ ဂါဇာရဲ့ အကြီးဆုံး ဆေးရုံကို မနက် ၂ နာရီမှာ စတင်ဝင်ရောက်စီးနင်းခဲ့ပါတယ်။

ဟားမတ်စ်ဟာ ဒီဆေးရုံကို ကွပ်ကဲမှုဗဟိုအဖြစ် အသုံးပြုနေတယ်လို့ အစ္စရေးက ကာလရှည်ကြာ အခိုင်အမာ ပြောဆိုထားပါတယ်။

ဒါဆို အစ္စရေးက ဘာကို ရှာတွေ့တယ်လို့ ပြောတာလဲ။ ဆေးရုံမှာ ဘာတွေတွေ့ခဲ့ပါသလဲ။

အစ္စရေးစစ်တပ်ဟာ ဆေးရုံအတွင်းက ဗီဒီယိုမှတ်တမ်းကို ထုတ်ပြန်ခဲ့ပါတယ်။ MRI ဓာတ်ခွဲခန်းမှာ ဝှက်ထားသော ဒက်ဖယ်လ်အိတ် ၃ လုံးကို တွေ့ရှိခဲ့ပြီး တစ်ခုစီမှာ ချေမှုန်းရေးရိုင်ဖယ်၊ လက်ပစ်ဗုံးများ၊ ဟားမတ်စ်ယူနီဖောင်းများနဲ့ အင်္ကျီတွေ ပါရှိတာကိုတွေ့ရပါတယ်။ ဒါ့အပြင် တပ်မတော်က ခဲယမ်းမီးကျောက်တွေ မပါတဲ့ချေမှုန်းရေးရိုင်ဖယ်များနဲ့ လက်ပ်တော့တစ်လုံးတို့ကို တွေ့ရှိခဲ့တယ်လို့ ဆိုပါတယ်။

အစ္စရေးစစ်ဘက်ပြောရေးဆိုခွင့်ရှိသူ Jonathan Conricus က “ဒီလက်နက်တွေဟာ ဆေးရုံထဲမှာ ရှိနေရမဲ့ကိစ္စမဟုတ်ဘူး” လို့ ပြောပြီး ဒီပစ္စည်းဟာ “အစပေါ်လာတဲ့သဲလွန်စ” လို့ ယုံကြည်ကြောင်း ပြောကြားခဲ့ပါတယ်။

ဟားမတ်စ်ဥမင်လိုဏ်ခေါင်းတွေနဲ့ စစ်ရေးကွပ်ကဲမှုဌာနတို့ကိုရော တွေ့ခဲ့ပါသလား။

စီးနင်းမှုစတင်တဲ့က အစ္စရေးစစ်တပ်က ဟားမတ်စ်တို့ဟာ မြေအောက်အယ်လ်ရှီဖာဆေးရုံအောက်မှာ ဥမင်လိုဏ်ခေါင်းတွေ ရှိပြီး အဲ့ဒီမှာ စစ်ရေးကွတ်ကဲမှုတွေ လုပ်ဆောင်နေတာလို့ အခိုင်အမာဆိုခဲ့ပါတယ်။

ဒီဆေးရုံဟာ ဟားမတ်စ်တွေရဲ့ ကွပ်ကဲမှုစင်တာနဲ့ စစ်စခန်းတစ်ခု ဖြစ်တယ်လို့လည်း အခိုင်အမာ ဆိုထားပါတယ်။ ဟားမတ်စ်ဟာ သူ့ရဲ့စစ်ဌာနချုပ်ကို ဆေးရုံအောက်မှာ ထားရှိပြီး စစ်ရာဇဝတ်မှုတွေ ကျူးလွန်နေတယ်လို့ အစ္စရေးရဲ့စွပ်စွဲပြောဆိုချက်တွေကို အမေရိကန်သမ္မတ ဂျိုးဘိုင်ဒင်ကလည်း ထောက်ခံခဲ့ပါတယ်။

ဒါပေမယ့် အစ္စရေးစစ်တပ်ရဲ့ စီးနင်းမှုစတင်ပြီးနောက် ၂၄ နာရီကျော်အကြာမှာတော့ အစ္စရေးစစ်တပ်ဟာ ဟားမတ်စ်တွေ သွားလာလှုပ်ရှားနေတဲ့ ဥမင်လှိုဏ်ခေါင်းတွေ၊ ဆေးရုံအောက်ရှိ ဟားမတ်စ် စစ်ကွပ်ကဲမှုစင်တာတွေကိုတော့ သက်သေမပြနိုင်ခဲ့ပါဘူး။

အစ္စရေးစစ်တပ် ပြောတဲ့အတိုင်း လှိုင်ခေါင်းတွေ ရှိပါသလား။

ပါလက်စတိုင်း အမျိုးသား ပဏာမ အထွေထွေ အတွင်းရေးမှူး Mustafa Barghouti က အယ်လ်ရှီဖာဆေးရုံအောက်မှာ အစ္စရေးက ပြသခဲ့တဲ့ ဗီဒီယို တွေကို အစ္စရေးစစ်တပ်ကိုယ်တိုင်က အလွယ်တကူ ယူလာပြီး ထားခဲ့တာ ဖြစ်နိုင်ကြောင်း ပြောခဲ့ပါတယ်။

“သူတို့ပြထားသမျှဟာ Kalashnikov နဲ့ လက်ပ်တော့တစ်လုံးကို လွယ်လွယ်ကူကူ ထားနိုင်ပြီး အဲ့ဒီမှာတွေ့တယ်လို့ အခိုင်အမာဆိုထားပါတယ်” လို့ ဝါရင့်ပါလက်စတိုင်း ဥပဒေပြုလွှတ်တော်အမတ်က Al Jazeera သို့ ပြောကြားခဲ့ပါတယ်။

အရင် Twitter အခု X လူမှုကွန်ရက်စာမျက်နှာမှာ အစ္စရေးစစ်တပ်ဟာ တည်းဖြတ်မှု ဒါမမဟုတ် ဖြတ်တောက်ခြင်း မရှိဘဲ အယ်လ်ရှီဖာရဲ့ အစိတ်အပိုင်းများကတစ်ဆင့် ကြည့်ရှုသူတွေကို ခေါ်ဆောင်တဲ့ Conricus ဗီဒီယိုကို ပထမဆုံးတင်ခဲ့ပါတယ်။

ဒါပေမယ့် အစ္စရေးစစ်တပ်က အဲ့ဒီပို့စ်ကို ဖျက်ပြီးနောက် လှည့်ကွက်အချို့နဲ့ ဆင်တူတဲ့ဗီဒီယိုကို ပြန်လည်ထုတ်ဝေခဲ့ပါတယ်။ လူမှုပလက်ဖောင်းများပေါ်မှာ အစ္စရေးရဲ့ ပြောဆိုချက်တွေရဲ့ မှန်ကန်မှုနဲ့ပတ်သက်ပြီး မေးခွန်းထုတ်စရာများ ပိုမိုများပြားလာပါတယ်။

ဟားမတ်စ်က ဘယ်လို တုံ့ပြန်ခဲ့သလဲ။

ဟားမတ်စ်ဟာ အစ္စရေးစစ်တပ်ရဲ့ နောက်ဆုံးပြောဆိုချက်တွေကို ငြင်းဆိုကာ ပယ်ချခဲ့တယ်။ “လက်နက်၊ အဝတ်အစားနဲ့ ကိရိယာတချို့ ယူဆောင်လာပြီး ဆေးရုံမှာ အရှုပ်တော်ပုံနဲ့ ချထားတာကြောင့် အစ္စရေးတပ်ဖွဲ့တွေက လိမ်ညာနေကြတုန်းပါပဲ” လို့ ကာတာအခြေစိုက် ဟားမတ်စ်အကြီးတန်းအဖွဲ့ဝင် Ezzat El Rashq က ပြောကြားခဲ့ပါတယ်။

ဂါဇာကမ်းမြောင်ဒေသရှိ ဆေးရုံတွေအောက်ရှိ ဟားမတ်စ်ဥမင်လိုဏ်ခေါင်းတွေကို အစ္စရေးရဲ့တောင်းဆိုမှုကို စစ်ဆေးရန် ကုလသမဂ္ဂ၊ ကမ္ဘာ့ကျန်းမာရေးအဖွဲ့နဲ့ အပြည်ပြည်ဆိုင်ရာ ကြက်ခြေနီကော်မတီတို့ကို ဟားမတ်စ်တို့က အကြိမ်ကြိမ် တောင်းဆိုထားတယ်လို့ ပြောကြားခဲ့ပါတယ်။

အယ်လ်ရှီဖာဆေးရုံရဲ့ အခြေအနေကို သိရှိနိုင်ရန်အတွက် လွတ်လပ်တဲ့ နိုင်ငံတကာအဖွဲ့တစ်ဖွဲ့ကို စစ်ဆေးရန် ပန်ကြားမှုကို အစ္စရေးက အစဉ်တစိုက်ပယ်ချခဲ့တယ်လို့ ဘာဂိုတီ (Barghouti) က ပြောကြားခဲ့ပါတယ်။ “အစ္စရေးက သူတို့သိတယ် သူတို့ လိမ်နေတယ်ဆိုတာကို ဒါကြောင့် အဲဒါကို မလိုလားဘူး” လို့ သူက ဆက်ပြောခဲ့ပါတယ်။

အခု အယ်လ်ရှီဖာဆေးရုံမှာ ဘာတွေဖြစ်နေလဲ။

အစ္စရေးစစ်တပ်ဟာ အယ်လ်ရှီဖာဆေးရုံကို ဆက်လက်တိုက်ခိုက်နေပြီး ဆေးရုံရဲ့ဘက်ပေါင်းစုံတွင် တပ်တွေချထားကြောင်း Al Jazeera သတင်းဌာနက ဟာနီ မာမွတ် (Hani Mahmoud) က ဂါဇာတောင်ပိုင်းရှိ Khan Younis ကနေ သတင်းပေးပို့ခဲ့ပါတယ်။

အစ္စရေးစစ်တပ်ဟာ ဆေးရုံရဲ့ အထူးခွဲစိတ်ကုသမှု အဆောက်အအုံကို ဖျက်ဆီးခဲ့ကြပါတယ်။ အခန်းတခုနဲ့ တခုအကြားရှိ နံရံတွေနဲ့ ဆေးရုံအတွင်းရှိ ဆေးဘက်ဆိုင်ရာ ကိရိယာများအားလုံးကို လုံးဝ ဖျက်ဆီးခဲ့တယ်လို့ သိရပါတယ်။

ရာနှင့်ချီတဲ့ လူနာတွေ၊ ဆရာဝန်တွေနဲ့ သူနာပြုတွေအပြင် ဆေးရုံမှာ ခိုလှုံနေကြတဲ့ စစ်ရှောင်ဒုက္ခသည် ၂,၀၀၀ ကျော်ဟာ ဆေးရုံထဲမှာပဲ ရှိနေတယ်လို့ ယုံကြည်ရပါတယ်။

“ဒီနေ့ ကျွန်တော်တို့ မြင်နေရတာက ဒီစစ်ပွဲက အရပ်သားတွေကို တိုက်ခိုက်တာ၊ ဆေးရုံတွေကို တိုက်ခိုက်တာ၊ ဆေးဘက်ဆိုင်ရာ အဆောက်အအုံတွေကို ဖျက်ဆီးတာတွေအကြောင်းပါ” လို့ ဘာဂုတ်တီ (Barghouti) က ပြောကြားခဲ့ပါတယ်။

အစ္စရေးနိုင်ငံတွင်းမှာလည်း ဆေးရုံကို ဝင်ရောက်စီးနင်းဖျက်စီးခဲ့ပေမယ့် ဘာရလဒ်မှ မရတဲ့အပြင် ဓားစာခံတွေကို လွတ်မြောက်အောင် မကယ်တင်နိုင်တဲ့ အစ္စရေးစစ်တပ်ရဲ့လုပ်ရပ်တွေကို မေးခွန်းထုတ်လာနေကြပါတယ်။

Source: Al Jazeera သတင်းဌာန

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.eraseye.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

ဆက်စပ်သတင်းများ

မြန်မာသတင်း

ဒေါ်အောင်ဆန်းစုကြည်ကို နိုင်ငံတကာနဲ့ တွေ့ခွင့်မပေးဘူးလို့ စစ်အုပ်စုပြော

  • 2026 ခုနှစ်၊ ဇွန်လ 30 ရက်
  • 132 Views
ဇွန်လ (၃၀)ရက်။ ဒေါ်အောင်ဆန်းစုကြည်ကို နိုင်ငံတကာနဲ့ တွေ့ခွင့်မပေးဘူးဆိုပြီး ဒီကနေ့ နေပြည်တော်မှာပြုလုပ်တဲ့ စစ်အုပ်စုရဲ့ သတင်းစာရှင်းလင်းပွဲမှာ ပြောဆိုခဲ့တယ်လို့ သိရပါတယ်။ “ဒေါ်အောင်ဆန်းစုကြည်က
မြန်မာသတင်း

ငါတို့တကယ်ရင်ဆိုင်နေရတဲ့ အခက်အခဲ

  • 2026 ခုနှစ်၊ ဇွန်လ 30 ရက်
  • 117 Views
Burma Issue: The Crisis We Are Truly Facing ငါတို့တကယ်တွေ့နေရတဲ့ အကြပ်အတည်း ရှေ့နေဦးကြီးမြင့်ရဲ့စာတမ်းတိုလေးကိုသဘောထားကြိုက်ညီတဲ့အတွက် သူအတွေ့အကြုံအရ
မြန်မာသတင်း

ဝေဟင်ကနေ တိုက်ပွဲဝင်နိုင်ဖို့ ကြိုးပမ်းနေတယ်လို့ MOD ထုတ်ပြန်

  • 2026 ခုနှစ်၊ ဇွန်လ 30 ရက်
  • 106 Views
ဇွန်လ (၃၀)ရက်။ စစ်တပ်လေကြောင်းအင်အားကို ဟန့်တားနိုင်ဖို့ ကြိုးပမ်းနေတယ်လို့ NUG ကာကွယ်ရေးဝန်ကြီးဌာနရဲ့ ဒီကနေ့မှာ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ PDF နဲ့ ပကဖတပ်ဖွဲ့တွေအနေနဲ့ စစ်တပ်လေကြောင်းကို ဟန့်တားနိုင်ဖို့နဲ့ ဝေဟင်ကနေ တိုက်ပွဲဝင်နိုင်ဖို့ နည်းလမ်းပေါင်းစုံနဲ့ အဆက်မပြတ် ကြိုးပမ်းနေတယ်လို့
မြန်မာသတင်း

တော်လှန်ရေးအဖွဲ့တွေအကြား ပဋိပက္ခတွေအပေါ် NUCC နဲ့ NUG ဆွေးနွေးခဲ့

  • 2026 ခုနှစ်၊ ဇွန်လ 30 ရက်
  • 100 Views
ဇွန်လ (၃၀)ရက်။ ဇွန်လ (၂၈)ရက်နေ့က တော်လှန်ရေးအဖွဲ့တွေအကြား ပဋိပက္ခတွေနဲ့ပတ်သက်ပြီး NUCC နဲ့ NUG တို့ တွေ့ဆုံဆွေးနွေးခဲ့ကြတယ်လို့ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ အဲ့ဒီဆွေးနွေးပွဲကို (၃)နာရီကြာ ပြုလုပ်ခဲ့ပြီး NUCC ကောင်စီဝင်တွေနဲ့ MOD ဝန်ကြီးနဲ့
မြန်မာသတင်း

မင်းအောင်လှိုင် လာအိုနိုင်ငံကို သွားမယ်လို့ဆို

  • 2026 ခုနှစ်၊ ဇွန်လ 30 ရက်
  • 80 Views
ဇွန်လ (၃၀)ရက်။ လာမယ့်ရက်ပိုင်းထဲ စစ်ခေါင်းဆောင် ကိုယ်တိုင်ခန့်သမ္မတ မင်းအောင်လှိုင်ဟာ လာအိုနိုင်ငံကို သွားဖို့ရှိတယ်လို့ သတင်းထုတ်ပြန်ချက်တွေအရ သိရပါတယ်။ ကိုယ်တိုင်ခန့်သမ္မတ မင်းအောင်လှိုင်ဟာ သူ့မိန်းမ ကြူကြူလှနဲ့အတူ လာအိုနိုင်ငံကို ဇွန်လ (၃)ရက်ကနေ (၅)ရက်အထိ သွားဖို့ရှိတယ်လို့ ဆိုပါတယ်။
မြန်မာသတင်း

မုံရွာပလဖစခန်းကို NUG တပ်ရင်းတွေ စီးနင်းပစ်ခတ်ခံရပြီး ပလဖတာဝန်ခံ အာကူးကျဆုံးခဲ့

  • 2026 ခုနှစ်၊ ဇွန်လ 30 ရက်
  • 98 Views
ဇွန်လ (၃၀)ရက်။ မနေ့က ညပိုင်းအချိန်က မုံရွာမြိုပလဖစခန်းကို NUG တပ်ရင်းတွေ ဝင်ရောက်စီးနင်းပစ်ခတ်ခဲ့တယ်လို ဒေသထဲသတင်းရင်းမြစ်တွေထံက သိရပါတယ်။ “မုံရွာပလဖစခန်းကို NUG က တပ်ရင်း (၅)ရင်းနဲ့ ဝင်စီးတာ။ အဲ့ဒီမှာ ပစ်ခတ်တာတွေဖြစ်ပြီး ပလဖတာဝန်ခံ အာကူး
မြန်မာသတင်း

မိုးဗြဲအနီးတိုက်ပွဲ လက်နက်ခဲယမ်းနဲ့ စစ်သုံပန်း (၂)ဦး ဖမ်းမိခဲ့တယ်လို UTF ထုတ်ပြန်

  • 2026 ခုနှစ်၊ ဇွန်လ 29 ရက်
  • 81 Views
ဇွန်လ (၂၉)ရက်။ မနေ့က ရှမ်း-ကရင်နီအစပ် မိုးဗြဲမြိုအနီးမှာ စစ်ကောင်စီတပ်နဲ့ တိုက်ပွဲဖြစ်ပွားခဲ့တယ်လို Urban Task Force Aung Ban ရဲ့ ဒီကနေ့မှာ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ တိုက်ပွဲထဲ စစ်ကောင်စီတပ်ဆီကနေ လက်နက်ခဲယမ်းအချိုနဲ့ စစ်သုံပန်း
မြန်မာသတင်း

Proof of Life ကို ပိုမိုအရှိန်မြှင့်မယ်လိုဆို

  • 2026 ခုနှစ်၊ ဇွန်လ 29 ရက်
  • 75 Views
ဇွန်လ (၂၉)ရက်။ ဒေါ်အောင်ဆန်းစုကြည် သက်ရှိထင်ရှားရှိသေးတယ်ဆိုတာကို သက်သေပြဖို တောင်းဆိုတဲ့ Proof of Life အစီအစဉ်ကို ပိုမိုအရှိန်မြှင့်မယ်လို ထုတ်ပြန်ထားချက်အရ သိရပါတယ်။ ဒေါ်အောင်ဆန်းစုကြည် ကျန်းမာစွာ သက်ရှိထင်ရှား ရှိနေသေးတာကို အခိုင်အမာ သက်သေပြဖို စစ်အုပ်စုကို