အယ်လ်ဖာဘိလပ်မြေစက်ရုံနဲ့ ဖယောင်းတောင်သတ္တုတွင်းဒေသကို ပြန်လည်ထိန်းချုပ်ခဲ့တယ်ဆိုပြီး စစ်တပ်ထုတ်ပြန်
ဩဂုတ်လ (၂၉)ရက်။ တော်လှန်ရေးတပ်တွေ စိုးမိုးထားတဲ့ မတ္တရာဒေသရှိ အယ်လ်ဖာဘိလပ်မြေစက်ရုံနဲ့ ဖယောင်းတောင်သတ္တုတွင်းဒေသကို ပြန်လည်ထိန်းချုပ်နိုင်ခဲ့တယ်ဆိုပြီး စစ်တပ်က ဒီကနေ့မှာ ထုတ်ပြန်ထားတယ်လို့ သိရပါတယ်။ TNLA နဲ့ MDY-PDF ပူးပေါင်းအဖွဲ့တို့ဟာ မတ္တရာဒေသကို သိမ်းပိုက်နိုင်ဖို့ အလုံးအရင်းနဲ့ ထိုးစစ်ဆင်ခဲ့ရာ...









