KNU တပ်မဟာ ၃ ညောင်လေးပင်ခရိုင်ကို စစ်တပ်က လက်နက်ကြီး ပစ်ခတ်မှုကြောင့် ဒေသခံများ ထောင်နဲ့ချီ တိမ်းရှောင်နေရ
KNU -ကရင်အမျိုးသားအစည်းအရုံး ကော်သူးလေအုပ်ချုပ်နယ်မြေ၊ ခလယ်လွီထူခရိုင် တပ်မဟာ (၃)၊ လယ်ဒိုမြို့နယ် အုပ်ချုပ်မှုနယ်မြေအတွင်းရှိ ကျေးရွာတွေကို စစ်တပ်ဘက်က လက်နက်ကြီးတွေနဲ့ ပစ်ခတ်ခဲ့ တာကြောင့် ဒေသခံပြည်သူ လူထုတွေ ထောင်နဲ့ချီထွက်ပြေးတိမ်းရှောင်နေရတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။ ပိန်းဇလုပ်မြို့အခြေစိုက် စစ်ကောင်စီတပ်...