နောက်ဆုံးတင်ဆက်ထားသည်မှာ 2025 ခုနှစ်၊ ဇန်နဝါရီလ 22 ရက်

မြန်မာသတင်း

မြန်မာသတင်း

သတင်းပေးချက်တွေကြောင့် မြစ်ငယ် PDF အဖွဲ့ဝင်တွေကို ဖမ်းမိတယ်ဆိုပြီး စစ်ကောင်စီထုတ်ပြန်


သတင်းပေးပို့ချက်တွေအရ မြစ်ငယ် PDF အဖွဲ့ဝင်တွေကို ဖမ်းဆီးရမိခဲ့တယ်ဆိုပြီး စစ်ကောင်စီရဲ့ သတင်းထုတ်ပြန်ချက်အရ သိရပါတယ်။

ဇူလိုင်လ ၁၅ရက်နေ့ နေ့လည်ပိုင်းက မန္တလေး၊ အမရပူရမြို့နယ်ရှိ ဝက်ကုန်းတမာတန်းရပ်ကွက်မှဦ မြစ်ငယ် PDF အဖွဲ့ဝင် သီဟဇော်ထွေး(ခ)သီဟအား Sig sauer ပစ္စတိုတစ်လက်၊ ၎င်းကျည်အိမ် ၂ခု၊ ၎င်းကျည် ၁၀တောင့်၊ လက်ပစ်ဗုံး ၂လုံးတို့နဲ့အတူ ဖမ်းမိခဲ့တယ်လို့ ဆိုပါတယ်။

ဒါ့ပြင် ထွက်ဆိုချက်တွေအရဆိုပြီး အမရပူရမြို့နယ်၊ ရန်ကုန်-မန္တလေးလမ်းဟောင်း၊ စွယ်တော်ဘုရားရှေ့မှာ မြစ်ငယ် PDF အဖွဲ့ဝင် အောင်ဘိုဘိုသန်း(ခ)ဘိုသန်းနဲ့ လုရီ(ခ)သန့်ဇင်ဦးတို့အပြင် မြစ်ငယ်လမ်းဆုံမှာ မင်းမင်းဟိန်း(ခ)လေဒီကို ဖမ်းမိခဲ့တယ်လို့ ဖော်ပြထားပါတယ်။



၎င်းတို့သည် NUG ဝန်ကြီး ဒေါက်တာဇော်ဝေစိုးရဲ့ စေခိုင်းချက်အရ မြစ်ငယ်မြို့၊ မြန်မာ့မီးရထားဆေးရုံမှ ဆေးရုံအုပ် ဒေါက်တာ ဒေါ်တင်တင်ချိုကို သတ်ဖြတ်ခဲ့တယ်လို့ စစ်ကောင်စီက စွပ်စွဲထားသလို စဉ့်ကိုင်မြို့မှာ သတ်ဖြတ်မှု ၂ကြိမ်နဲ့ ဖောက်ခွဲမှု ၁ကြိမ်ပြုလုပ်ခဲ့တယ်လို့ ရေးသားထားပါတယ်။

မြစ်ငယ် PDF အဖွဲ့ဝင်တစ်ဦးကို စစ်ကောင်စီက ဖမ်းဆီးခဲ့ပြီးနောက် ကျန်တပ်ဖွဲ့ဝင်များကို လာကယ်ရန် စစ်ကောင်စီက လိမ်ခေါ်ခိုင်းပြီး ကားနဲ့တိုက်ဖမ်းဆီးခဲ့တာကြောင့် တစ်ဦးကျဆုံးကာ ၄ဦးဖမ်းဆီးခံခဲ့ရတယ်လို့ မြစ်ငယ် PDF ရဲ့ ထုတ်ပြန်ပြောဆိုချက်အရ သိရပါတယ်။

Era’sEye

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.eraseye.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

ဆက်စပ်သတင်းများ

မြန်မာသတင်း

ထီးလင်းမြို့ရှိ စစ်ကောင်စီတပ်စွဲထားတဲ့ ရုပ်သံကုန်းနဲ့ မြို့မရဲစခန်း တိုက်ခိုက်ခံရ

  • 2025 ခုနှစ်၊ ဇန်နဝါရီလ 21 ရက်
  • 17 Views
ဇန်နဝါရီလ (၂၁)ရက်။ မနေ့က နေ့လယ်(၁)နာရီခွဲအချိန် ထီးလင်းမြို့ရှိ စစ်ကောင်စီတပ်စွဲထားတဲ့ ရုပ်သံကုန်းနဲ့ မြို့မရဲစခန်းကို ဒရုန်းနဲ့ တိုက်ခိုက်ခဲ့တယ်လို့ ဗျူဟာအမှတ်(၈၁)-ယောဗျူဟာရဲ့ ဒီကနေ့မှာ
မြန်မာသတင်း

မြင်းခြံမှာ ဆက်ကြေးကောက်နေတဲ့ စစ်ကောင်စီရဲတွေ မိုင်းဆွဲခံရ

  • 2025 ခုနှစ်၊ ဇန်နဝါရီလ 21 ရက်
  • 10 Views
ဇန်နဝါရီလ (၂၁)ရက်။ ဒီကနေ့ နံနက် (၆)နာရီ (၄၅)မိနစ်အချိန်က မြင်းခြံမြို့ ချောင်းဒေါင်းလမ်းဆုံမှာ ဆက်ကြေးကောက်နေတဲ့ စစ်ကောင်စီရဲတပ်သားတွေကို မိုင်းဆွဲတိုက်ခိုက်ခဲ့တယ်လို့ Myingyan
1027 Operations မြန်မာသတင်း

နောင်ချိုမြို့ရှိ စည်ပင်ရုံးနဲ့ ထွေအုပ်ရုံးကို စစ်ကောင်စီ လေကြောင်းဗုံးကြဲ၊ ဒေသခံ(၁)ဦးသေဆုံးပြီး (၂)ဦးဒဏ်ရာရခံ့

  • 2025 ခုနှစ်၊ ဇန်နဝါရီလ 21 ရက်
  • 16 Views
ဇန်နဝါရီလ (၂၁)ရက်။ ဒီကနေ့ နေ့လယ် (၂)နာရီအချိန်က နောင်ချိုမြို့ရှိ စည်ပင်ရုံးနဲ့ ထွေအုပ်ရုံးတို့ကို စစ်ကောင်စီက လေကြောင်းကနေ ဗုံးကြဲချခဲ့တယ်လို့ TNLA ရဲ့ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ “ နောင်ချိုက စည်ပင်ရုံးနဲ့ ထွေအုပ်ရုံးကို နေ့လယ်(၂)နာရီလောက်
မြန်မာသတင်း

လောင်းလုံးမြို့မှာ နတ်ပွဲအကြောင်းပြ လောင်ကစားဝိုင်းပြုလုပ်တာကို မြို့နယ်ပကဖ ဝင်ဖမ်း

  • 2025 ခုနှစ်၊ ဇန်နဝါရီလ 21 ရက်
  • 11 Views
ဇန်နဝါရီလ (၂၁)ရက်။ မနေ့က နေ့လယ် (၃)နာရီခန့်က လောင်းလုံးမြို့ ကထောင်းနီရွာမှာ နတ်ပွဲအကြောင်းပြပြီး လောင်းကစားဝိုင်း ပြုလုပ်နေတာကို ဝင်ရောက်ဖမ်းဆီးခဲ့တယ်လို့ မြို့နယ်ပကဖရဲ့ ဒီကနေ့မှာ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ “ ကထောင်းနီရွာမှာ နတ်ပွဲအကြောင်းပြပြီး သီးခြားပြုလုပ်နေတဲ့ လောင်းကစားဝိုင်းကို
၁၁၁၃ ရခိုင်စစ်ပွဲ မြန်မာသတင်း

ဧရာဝတီအပါအဝင် ရခိုင်နဲ့ ထိစပ်နေတဲ့ နယ်မြေတွေမှာ တိုက်ပွဲပြင်းထန်နေတယ်လို့ AA ထုတ်ပြန်

  • 2025 ခုနှစ်၊ ဇန်နဝါရီလ 21 ရက်
  • 12 Views
ဇန်နဝါရီလ (၂၁)ရက်။ ဧရာဝတီအပါအဝင် ရခိုင်နဲ့ ထိစပ်နေတဲ့ နယ်နိမိတ်တွေမှာ စစ်ကောင်စီတပ်နဲ့ တိုက်ပွဲတွေ ပြင်းထန်နေတယ်လို့ AA ရဲ့ ဒီကနေ့မှာ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ တိုက်ပွဲပြင်းထန်နေတဲ့ နယ်မြေတွေဟာ ရခိုင်ရိုးမနဲ့ နယ်နိမိတ်ထိစပ်နေတဲ့ ရိုးမတောင်တန်းနဲ့ ရခိုင်-ပဲခူးအစပ်၊
မြန်မာသတင်း

စစ်ကောင်စီဟာ အာဏာတည်မြဲဖို့ကိုသာ အာရုံစိုက်နေလို့ ဆိုက်ဘာရာဇဝတ်မှုကို ဖြေရှင်းလိုတဲ့ဆန္ဒမရှိဘူးလို့ဆို

  • 2025 ခုနှစ်၊ ဇန်နဝါရီလ 21 ရက်
  • 11 Views
ဇန်နဝါရီလ (၂၁)ရက်။ စစ်ကောင်စီဟာ အာဏာတည်မြဲဖို့အတွက်ကိုသာ အာရုံစူးစိုက်ပြီး လုပ်ကိုင်နေကာ အရေးကြီးတဲ့ ဆိုက်ဘာရာဇဝတ်မှု ပြဿနာကို ဖြေရှင်းလိုတဲ့ဆန္ဒ မရှိဘူးလို့ NUG နဲ့ ဖက်ဒရယ်ဒီမိုကရေစီအင်အားစုတွေက မနေ့က ထုတ်ပြန်ထားတယ်လို့ သိရပါတယ်။ အခုဖြစ်ပေါ်နေတဲ့ အခြေအနေရဲ့ တိုက်ရိုက်အကျိုးဆက်ကြောင့်
မြန်မာသတင်း

အာဆီယံအလှည့်ကျဥက္ကဋ္ဌဖြစ်တဲ့ မလေးရှားထံ NUG ယာယီသမ္မတ သဝဏ်လွှာပေးပို့ခဲ့

  • 2025 ခုနှစ်၊ ဇန်နဝါရီလ 21 ရက်
  • 9 Views
ဇန်နဝါရီလ (၂၁)ရက်။ အာဆီယံအလှည့်ကျဥက္ကဋ္ဌဖြစ်တဲ့ မလေးရှားနိုင်ငံဝန်ကြီးချုပ်ဆီ NUG ယာယီသမ္မတ ဒူဝါလရှီးလက ဂုဏ်ယူဝမ်းမြောက်တဲ့သဝဏ်လွှာ ပေးပို့ခဲ့တယ်လို့ ဒီကနေ့မှာ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ အဲ့ဒီသဝဏ်လွှာထဲ မလေးရှားနဲ့ မြန်မာ နှစ်နိုင်ငံကြားက ဆက်ဆံရေးဟာ ခိုင်မြဲအရေးပါပြီး အာဆီယံကတဆင့် ဒေသထဲ
မြန်မာသတင်း

အွန်လိုင်းလိမ်လည်လုပ်ငန်းတွေက ထိုင်းကနေ လျှပ်စစ်နဲ့ အင်တာနက်ရနေတာလို့ စစ်ကောင်စီပြော

  • 2025 ခုနှစ်၊ ဇန်နဝါရီလ 21 ရက်
  • 8 Views
ဇန်နဝါရီလ (၂၁)ရက်။ ရွှေကုက္ကိုလ်ဒေသက အွန်လိုင်းလိမ်လည်လုပ်ငန်းတွေဟာ ထိုင်းနိုင်ငံကနေ လျှပ်စစ်ဓါတ်အားနဲ့ အင်တာနက်လိုင်း အဆက်အသွယ်တွေ ရနေတာလို့ စစ်ကောင်စီရဲ့ ဒီကနေ့ထုတ်သတင်းစာမှာ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ အွန်လိုင်းလိမ်လည်တာနဲ့ အွန်လိုင်းလောင်းကစားတွေ လုပ်ဆောင်နေသူတွေဟာ ၂၀၁၅ခုနှစ်ခန့်ကစပြီး ဖိလစ်ပိုင်နဲ့ ကမ္ဘောဒီးယားတို့မှာ လုပ်ကိုင်ကြပြီး