ထိုင်း-မြန်မာနယ်စပ် မောတောင်မြို့ကို တော်လှန်ရေးတပ်တွေ တိုက်ခိုက်သိမ်းပိုက်နိုင်ခဲ့
နိုဝင်ဘာလ (၁၄)ရက်။ ဒီကနေ့ နေ့လယ်ပိုင်းအချိန်မှာ ထိုင်း-မြန်မာနယ်စပ် ကုန်သွယ်ရေးမြို့ဖြစ်တဲ့ မောတောင်မြို့ကို KNLA ပူးပေါင်းတပ်တွေက အပြီးသတ်သိမ်းပိုက်နိုင်ခဲ့တယ်လို့ စစ်ရေးသတင်းရင်းမြစ်တွေထံက သိရပါတယ်။ “ (၄)ရက်လောက် တိုက်ခိုက်ခဲ့ပြီးတဲ့နောက်မှာ တော်လှန်ရေးတပ်တွေရဲ့ မြို့ဧရိယာအားလုံးကို သိမ်းပိုက်နိုင်ခဲ့တာ။ အသေးစိတ်ကတော့ သက်ဆိုင်ရာတပ်ဖွဲ့တွေက...









