ယူကရိန်း-အမေရိကန် ဆွေးနွေးပွဲ မတိုင်မီ “ ငြိမ်းချမ်းရေးဆိုတာ ကျွန်တော်တို့ မျှဝေထားတဲ့ပန်းတိုင် ဖြစ်ပါတယ်” လို့ ဇလန်းစကီးပြော
မတ်လ (၁၁) ရက်။ ယူကရိန်းသမ္မတ ဗလာဒီမာဇလန်းစကီးက ငြိမ်းချမ်းရေးဟာ အမေရိကန်နဲ့ ယူကရိန်းကိုယ်စားလှယ်အဖွဲ့ကြား မတ်လ (၁၁) ရက်နေ့ ဆော်ဒီအာရေးဗီးယားမှာ ပြုလုပ်မယ့် ဆွေးနွေးပွဲ မတိုင်မီ ငြိမ်းချမ်းရေးရဖို့အတွက် မျှဝေထားတဲ့ပန်းတိုင်ဖြစ်ကြောင်း ပြောကြားခဲ့ပါတယ်။ “တရားမျှတပြီး ရေရှည်တည်တံ့ခိုင်မြဲတဲ့...









