နောက်ဆုံးတင်ဆက်ထားသည်မှာ 2026 ခုနှစ်၊ ဇူလိုင်လ 16 ရက်

နိုင်ငံတကာသတင်း

နိုင်ငံတကာသတင်း အရှေ့အလယ်ပိုင်း ဥရောပ

ယူကရိန်း-အမေရိကန် ဆွေးနွေးပွဲ မတိုင်မီ “ငြိမ်းချမ်းရေးဆိုတာ ကျွန်တော်တို့ မျှဝေထားတဲ့ပန်းတိုင် ဖြစ်ပါတယ်” လို့ ဇလန်းစကီးပြော

မတ်လ (၁၁) ရက်။

ယူကရိန်းသမ္မတ ဗလာဒီမာဇလန်းစကီးက ငြိမ်းချမ်းရေးဟာ အမေရိကန်နဲ့ ယူကရိန်းကိုယ်စားလှယ်အဖွဲ့ကြား မတ်လ (၁၁) ရက်နေ့ ဆော်ဒီအာရေးဗီးယားမှာ ပြုလုပ်မယ့် ဆွေးနွေးပွဲ မတိုင်မီ ငြိမ်းချမ်းရေးရဖို့အတွက် မျှဝေထားတဲ့ပန်းတိုင်ဖြစ်ကြောင်း ပြောကြားခဲ့ပါတယ်။

“တရားမျှတပြီး ရေရှည်တည်တံ့ခိုင်မြဲတဲ့ ငြိမ်းချမ်းရေးရရှိဖို့ ခိုင်မာတဲ့ ရှေ့တန်းမှာ ရပ်တည်ချက်တွေနဲ့ သံတမန်ရေးအရ ခိုင်ခိုင်မာမာ လက်တွဲဆောင်ရွက်ရပါမယ်။ အမေရိကန် ဦးဆောင်မှုအောက်မှာ ဥရောပနိုင်ငံအားလုံးနဲ့ ပူးပေါင်းဆောင်ရွက်ခြင်းအားဖြင့် လုံးဝအောင်မြင်နိုင်ပါတယ်။ ငြိမ်းချမ်းရေးက ကျွန်တော်တို့ရဲ့ မျှဝေထားတဲ့ပန်းတိုင်ပါ” လို့ ဇလန်းစကီးက ဆိုရှယ်မီဒီယာမှာ ပြောကြားခဲ့ပါတယ်။

သမ္မတဇလန်းစကီးက မကြာသေးမီရက်သတ္တပတ်တွေအတွင်း ယူကရိန်းအတွက် ထောက်ပံ့မှုတိုးမြှင့်ဖို့ ဥရောပကြိုးပမ်းအားထုတ်မှုတွေကို မီးမောင်းထိုးပြခဲ့ပြီး “ကာကွယ်ရေး အစီအစဉ်အသစ်များ၊ လေကြောင်းရန်ကာကွယ်ရေးနဲ့ ကျွန်တော်တို့ရဲ့ ကာကွယ်ရေး စက်မှုလုပ်ငန်းမှာ နောက်ထပ်ရင်းနှီးမြှုပ်နှံမှုတွေ” ပါ ပါဝင်တယ်လို့ ဆိုပါတယ်။

ယူကရိန်းခေါင်းဆောင်က ငြိမ်းချမ်းရေး ပိုမိုနီးကပ်လာစေဖို့ လုပ်ဆောင်နေတဲ့ “မိတ်ဖက်တွေအားလုံး” ကို ကျေးဇူးတင်ကြောင်း ထပ်လောင်းပြောကြားခဲ့ပါတယ်။

ဇလန်းစကီးဟာ မနေ့က (၁၀) ရက်နေ့ အစောပိုင်းမှာ ဆော်ဒီအာရေဗျကို ရောက်ရှိခဲ့ပြီး ဆော်ဒီအိမ်ရှေ့စံမင်းသား မိုဟာမင်ဘင်ဆာလ်မန် (Mohammed bin Salman) နဲ့ တွေ့ဆုံဖို့ စီစဉ်ထားခဲ့တာပါ။ ဒါပေမဲ့ သူ့ရဲ့လက်ထောက်တွေနဲ့ အမေရိကန်တွေကြား မနက်ဖြန်အစည်းအဝေးမှာတော့ သူပါဝင်မှာ မဟုတ်ဘူးလို့ ဆိုပါတယ်။

ယူကရိန်းနိုင်ငံခြားရေးဝန်ကြီးအင်ဒရေး ဆာဘီဟာ (Andrii Sybiha) ဟာ ဆော်ဒီအာရေဗျမှာ လောင်းကြေးမြင့် ဆွေးနွေးမှုတွေနဲ့ပတ်သက်လို့ ဗြိတိန်နိုင်ငံခြားရေးဝန်ကြီး ဒေးဗစ်လက်မီ (David Lammy) နဲ့လည်း စကားပြောဆိုခဲ့ပါတယ်။ “ဂျီဒတ် (Jeddah) မှာ တွေ့ဆုံမှု မတိုင်ခင်မှာ၊ ယူကရိန်းက တခြားသူထက် စစ်ပွဲကို အလေးထား အဆုံးသတ်ချင်သူ ဖြစ်တယ်လို့ ကျွန်တော် အလေးပေးပြောကြားခဲ့ပါတယ်” ဟု ဆာဘီဟာက ဆိုရှယ်မီဒီယာမှာ ပြောကြားခဲ့ပါတယ်။

ယူကရိန်းသမ္မတဗလာဒီမာဇလန်းစကီးနဲ့ ဆော်ဒီအိမ်ရှေ့မင်းသား မိုစာမက်ဘင် ဆာလ်မန် (Mohammed bin Salman) တို့ရဲ့ တနင်္လာနေ့က တွေ့ဆုံမှုဟာ အလွန်ကောင်းမွန်တယ်လို့ သမ္မတအကြံပေး ဒီမီထရို လက်တဗင် (Dmytro Lytvyn) က ပြောကြားခဲ့ပါတယ်။

အိမ်ရှေ့မင်းသားနဲ့ တွေ့ဆုံမှုရဲ့ အရေးကြီးတဲ့ အစိတ်အပိုင်းတစ်ခုဟာ လုံခြုံရေး အာမခံချက်အပေါ် အာရုံစိုက်ပြီး သူ့နိုင်ငံအနေနဲ့ ရုရှားနဲ့ အလားအလာရှိတဲ့ ငြိမ်းချမ်းရေး ပြေလည်မှု ရရှိဖို့ ကြိုးပမ်းမှာ ဖြစ်ကြောင်း ဇလန်းစကီးက X မှာ ရရေးသားခဲ့ပါတယ်။

ယူကရိန်းသမ္မတဟာ ယူကရိန်းကိုယ်စားလှယ်အဖွဲ့နဲ့ အမေရိကန်အရာရှိတွေအကြား လောင်းကြေးမြင့်တဲ့ ဆွေးနွေးပွဲ မတိုင်မီ ဆော်ဒီအာရေဗျနိုင်ငံကို စောစီးစွာ ရောက်ရှိခဲ့ပါတယ်။ ဇလန်းစကီးအနေနဲ့ သူကိုယ်တိုင် အစည်းအဝေးမှာ ပါဝင်မှာ မဟုတ်ပေမယ့် ယူကရိန်း-အမေရိကန် ဆွေးနွေးပွဲကနေ လက်တွေ့ကျတဲ့ရလဒ်တွေကို မျှော်လင့်ထားတယ်လို့ သူက ပြောကြားခဲ့ပါတယ်။

CNN သတင်း။

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.eraseye.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

ဆက်စပ်သတင်းများ

နိုင်ငံတကာသတင်း အိန္ဒိယ

နတ်ဘုရားများထံမှ ခိုးယူခြင်း- အိန္ဒိယနိုင်ငံ၏ ရာမဗိမာန် (Ram Temple) တွင် အကျင့်ပျက်ခြစားမှု အရှုပ်တော်ပုံ ဖြစ်ပွား

  • 2026 ခုနှစ်၊ ဇွန်လ 29 ရက်
  • 67 Views
အလ်ဂျာဇီးရား သတင်း – ၂၀၂၆ ခုနှစ်၊ ဇွန်လ ၂၉ ရက် အရေးပါသော ပြည်နယ်ရွေးကောက်ပွဲများ မတိုင်မီ အလှူငွေများ
နိုင်ငံတကာသတင်း ပါလက်စတိုင်း အစ္စရေး အရှေ့အလယ်ပိုင်း

အစ္စရေးတပ်ဖွဲ့များ သိမ်းပိုက်ခံ အနောက်ဘက်ကမ်း (West Bank) တစ်ခွင် စီးနင်းမှုများ ဆက်လက်လုပ်ဆောင်

  • 2026 ခုနှစ်၊ ဇွန်လ 29 ရက်
  • 77 Views
အလ်ဂျာဇီးရား သတင်း – ၂၀၂၆ ခုနှစ်၊ ဇွန်လ ၂၉ ရက် Wafa သတင်းအေဂျင်စီ၏ ဖော်ပြချက်အရ နောက်ဆုံးရရှိထားသော
နိုင်ငံတကာသတင်း အစ္စရေး အမေရိကန် အရှေ့အလယ်ပိုင်း အီရန်

အီရန်စစ်ပွဲ တိုက်ရိုက်သတင်း- အမေရိကန်နှင့် ဆွေးနွေးပွဲသတင်းများ ထွက်ပေါ်နေစဉ် ဟော်မုဇ်ရေလက်ကြားကို ၎င်းတို့သာ ထိန်းချုပ်ခွင့်ရှိကြောင်း တဟီရန် အခိုင်အမာဆို

  • 2026 ခုနှစ်၊ ဇွန်လ 29 ရက်
  • 73 Views
အလ်ဂျာဇီးရား သတင်း – ၂၀၂၆ ခုနှစ်၊ ဇွန်လ ၂၉ ရက် အမေရိကန်နှင့် အီရန်တို့သည် တိုက်ခိုက်မှုများကို ရပ်တန့်ရန်နှင့် ဟော်မုဇ်ရေလက်ကြား အရေး အငြင်းပွားမှုကို ဖြေရှင်းရန် အင်္ဂါနေ့တွင် ကာတာနိုင်ငံ မြို့တော် ဒိုဟာ၌
နိုင်ငံတကာသတင်း လက်ဘနွမ် အစ္စရေး အမေရိကန် အီရန်

အပြီးသတ်သဘောတူညီချက်၏ တစ်စိတ်တစ်ပိုင်းအဖြစ် အစ္စရေးတပ်ဖွဲ့များ လက်ဘနွန်မှ လုံးဝဆုတ်ခွာပေးရန် အီရန် တောင်းဆို

  • 2026 ခုနှစ်၊ ဇွန်လ 28 ရက်
  • 79 Views
CNN – ၂၀၂၆ ခုနှစ်၊ ဇွန်လ ၂၉ ရက် အမေရိကန်နှင့် အီရန်အကြား ယာယီရရှိထားသော သဘောတူညီချက်ကို တိုက်ပွဲများကြောင့် ဆက်လက်ဖိအားဖြစ်စေလျက်ရှိစဉ်၊ အစ္စရေးတပ်ဖွဲ့များ လက်ဘနွန်နိုင်ငံအတွင်းမှ လုံးဝ ဆုတ်ခွာပေးရေးသည် အမေရိကန်နှင့်ချုပ်ဆိုမည့် အပြီးသတ်သဘောတူညီချက်တွင် မဖြစ်မနေ
နိုင်ငံတကာသတင်း အစ္စရေး အမေရိကန် အရှေ့အလယ်ပိုင်း အီရန်

လတ်တလောရရှိထားသော အပစ်အခတ်ရပ်စဲရေး သဘောတူညီချက်အပေါ် ထိခိုက်မှု ရှိစေသည့် တိုက်ခိုက်မှုများ ဖြစ်ပွားလာပြီးနောက် အီရန်က ဘာရိန်းနှင့် ကူဝိတ်ရှိ အမေရိကန်စစ်ဘက်ဆိုင်ရာ အခြေစိုက်စခန်းများကို တိုက်ခိုက်

  • 2026 ခုနှစ်၊ ဇွန်လ 28 ရက်
  • 73 Views
CNN – ၂၀၂၆ ခုနှစ်၊ ဇွန်လ ၂၈ ရက် တိုက်ခိုက်မှုများ ဆက်လက်ဖြစ်ပွားနေပါက အီရန်နိုင်ငံသည် “နောက်ထပ် တည်ရှိတော့မည် မဟုတ်ကြောင်း” အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်က သတိပေးလိုက်ပြီး၊ တဟီရန် (အီရန်အစိုးရ) ကမူ ဆွေးနွေးညှိနှိုင်းမှုများကို
နိုင်ငံတကာသတင်း ယူကရိန်း ရုရှား ရုရှား-ယူကရိန်းစစ်ပွဲ

ယူကရိန်း၏ ဒွန်ဘတ်စ်ဒေသကို သိမ်းပိုက်ရန် သော့ချက်ဖြစ်သည့် မြို့တစ်မြို့အား ရုရှားတပ်ဖွဲ့များ ဝိုင်းရံပိတ်ဆို့လာ

  • 2026 ခုနှစ်၊ ဇွန်လ 26 ရက်
  • 72 Views
ဘီဘီစီ – ၂၀၂၆ ခုနှစ်၊ ဇွန်လ ၂၆ ရက် အခြေအနေ အကျဥ်းချုပ်။ ယူကရိန်းအရှေ့ပိုင်းရှိ မဟာဗျူဟာမြောက် ကော့စတန်တန် နီဗ်ကာ (Kostyantynivka) မြို့အတွင်းသို့ ရုရှားတပ်ဖွဲ့များ စိမ့်ဝင်ပူးကပ်လာပြီး ဝိုင်းရံရန် ကြိုးပမ်းနေကြသည်။ လက်ရှိတွင်
နိုင်ငံတကာသတင်း အမေရိကန်

အမေရိကန် တရားရုံးချုပ်က သမ္မတ ဒေါ်နယ်ထရမ့်၏ လူဝင်မှုကြီးကြပ်ရေးမူဝါဒများကို အနိုင်ပေးထောက်ခံသည့် ဆုံးဖြတ်ချက်များ ချမှတ်ပေးခဲ့မှုမှ အဓိက ကောက်နုတ်ချက်များ

  • 2026 ခုနှစ်၊ ဇွန်လ 26 ရက်
  • 88 Views
CNN- ၂၀၂၆ခုနှစ်၊ ဂျွန်လ ၂၆ရက် ကွန်ဆာဗေးတစ် (ရှေးရိုးအစဉ်အလာသမား) အများစုပါဝင်သော တရားရုံးချုပ်က သမ္မတ ဒေါ်နယ်ထရမ့်၏ လူဝင်မှုကြီးကြပ်ရေး မူဝါဒအပေါ် သိသာထင်ရှားသည့် ထောက်ခံ အတည်ပြုချက် နှစ်ခုကို ချမှတ်ပေးခဲ့သည်။ ယင်းဆုံးဖြတ်ချက်များသည် အမေရိကန် အစိုးရ
နိုင်ငံတကာသတင်း အမေရိကန် အရှေ့အလယ်ပိုင်း အီရန်

အီရန်က ရေယာဉ်တစ်စီးကို တိုက်ခိုက်မှုကြောင့် ဟော်မုဇ်ရေလက်ကြားရှိ သင်္ဘောများကို ဘေးလွတ်ရာရွှေ့ပြောင်းပေးမည့် ကုလသမဂ္ဂ၏ ကြိုးပမ်းမှုများ ယာယီရပ်ဆိုင်းသွား

  • 2026 ခုနှစ်၊ ဇွန်လ 26 ရက်
  • 82 Views
CNN- ၂၀၂၆ ခုနှစ်၊ ဇွန်လ ၂၆ ရက် ဟော်မုဇ်ရေလက်ကြား (Strait of Hormuz) တွင် ကြာသပတေးနေ့က ကုန်တင်သင်္ဘော တစ်စီးကို အီရန်ဒရုန်းဖြင့် တိုက်ခိုက်ခဲ့ကြောင်း အမေရိကန်အရာရှိတစ်ဦးက စီအန်အန်သို့ ပြောကြားခဲ့ရာ၊ စစ်ပွဲစတင်ကတည်းက