နောက်ဆုံးတင်ဆက်ထားသည်မှာ 2026 ခုနှစ်၊ ဇူလိုင်လ 7 ရက်

နိုင်ငံတကာသတင်း

နိုင်ငံတကာသတင်း အမေရိကန် အရှေ့အလယ်ပိုင်း ဥရောပ

ယူကရိန်းနဲ့ ကောင်းမွန်တဲ့ တွေ့ဆုံမှုမှာ သဘောတူညီမှုတစ်ခုရဖို့ အမေရိကန် မျှော်လင့်နေလို့ ရုဘီယိုပြော

မတ်လ (၁၁) ရက်။

ဆော်ဒီအာရေဗျမှာ ယူကရိန်းနိုင်ငံသားတွေနဲ့ ကောင်းမွန်တဲ့ တွေ့ဆုံမှုဖြစ်ဖို့ အမေရိကန်ပြည်ထောင်စုက မျှော်လင့်ထားကြောင်း နိုင်ငံခြားရေးဝန်ကြီး မာကိုရူဘီယိုက တနင်္လာနေ့မှာ ပြောကြားခဲ့ပါတယ်။

ယူကရိန်းကိုပေးနေတဲ့ စစ်ရေးအကူအညီတွေကို ခေတ္တရပ်ဆိုင်းထားတာကို အမေရိကန်က အဆုံးသတ်ဖို့အတွက် အစည်းအဝေးမှာ ဘဘယ်လိုဆွေးနွေးနိုင်ခဲ့တယ်ဆိုတာက သော့ချက်ဖြစ်လိမ့်မယ်လို့ အမေရိကန် ထိပ်တန်းသံတမန်က ပြောပါတယ်။

“ကျွန်တော်တို့အနေနဲ့ ကောင်းမွန်တဲ့ တွေ့ဆုံမှုတစ်ခုဖြစ်ခဲ့ပြီး ဒီတွေ့ဆုံမှုနဲ့ ပတ်သက်ပြီး ကျေနပ်မှုရှိခဲ့တာကို သမ္မတထံ ပြန်လည်တင်ပြနိုင်မယ်ဆိုရင် (အကူအညီ) ယာယီရပ်နားမှုနဲ့ ပတ်သက်ပြီး ဆုံးဖြတ်ချက်တွေ ချနိုင်လိမ့်မယ်လို့ ကျွန်တော်ထင်ပါတယ်” လို့ ရူဘီယိုက ဆော်ဒီအာရေဗျကို သွားရောက်စဉ် သတင်းထောက်တွေကို ပြောကြားခဲ့ပါတယ်။ “ယူကရိန်းတွေဟာ အခုကျွန်တော်တို့ပြောနေတဲ့အချိန်က ကာကွယ်ရေးဆိုင်ရာ ထောက်လှမ်းရေးအချက်အလက်အားလုံးကို လက်ခံရရှိနေပြီ” လို့ သူက မှတ်ချက်ပြုခဲ့ပါတယ်။

အမေရိကန်က ကိ့ဗ်ရဲ့ရပ်တည်ချက်နဲ့ ပတ်သက်ပြီး အသေးစိတ် အချက်အလက်တွေကို ရယူလိုကြောင်းနဲ့ အစည်းအဝေးအတွင်း ယူကရိန်းက ဘယ်လို လိုက်လျောဖို့ဆန္ဒ ရှိနိုင်တယ်ဆိုတာကို ပိုမိုသိရှိနားလည်လိုကြောင်း ပြောကြားပြီး အမေရိကန်ဟာ နားထောင်တဲ့ ပုံစံအနေအထားမှာ ရှိတယ်လို့ သူက ပြောကြားခဲ့ပါတယ်။

“မြေပုံပေါ်မှာ လိုင်းကြောင်းမျဥ်းတွေဆွဲမယ့်အခန်းမှာ ကျွန်တော်တို့ထိုင်နေမှာမဟုတ်ပါဘူး၊ ဒါပေမယ့် သူတို့အတွက်ဖြစ်နိုင်ချေရှိတဲ့နယ်ပယ်မှာ ဘယ်လိုလိုက်လျောမှုတွေရှိမလဲ ဆိုတာကို ယေဘူယျသဘောပေါက်ပြီး သူတို့အတွက် ဘာလိုအပ်မယ်ဆိုတာကို သိပြီးရင် ရုရှားရဲ့အနေအထားက ဘာလဲဆိုတာကို ရှာဖွေဖို့ ပါ။ ပြီးတော့ ကျွန်တော်တို့ ဘယ်လောက်ဝေးကွာမှု ရှိနေတယ်ဆိုတာ ကောင်းကောင်း အကဲဖြတ်နိုင်လိမ့်မယ်” လို့ သူက ပြောပါတယ်။

ဓာတ်သတ္တုဆိုင်ရာ သဘောတူညီချက်ကို ဆက်လက်လုပ်ဆောင်နေပြီး အင်္ဂါနေ့အစည်းအဝေးမှာတော့ ဒီသဘောတူညီချက်ကို လုပ်ဆောင်အုံးမှာ မဟုတ်ကြောင်း ရူဘီယိုက ပြောကြားခဲ့ပါတယ်။ “အသေးစိတ် လုပ်ဆောင်စရာတွေ ကျန်ပါသေးတယ်” လို့ သူက ဆိုပါတယ်။

ဆွေးနွေးပွဲမှာ ဘယ်သူတွေ ပါဝင်မယ် ဆိုတာနဲ့ ပတ်သက်ပြီး သိထားတာတွေကတော့

• ယူကရိန်းသမ္မတ ဗလာဒီမာဇလန်းစကီးဟာ အင်္ဂါနေ့အစည်းအဝေးမှာ ကိုယ်စားလှယ်အဖွဲ့မှာ ပါဝင်မှာမဟုတ်ကြောင်း ရူဘီယိုက ပြောကြားခဲ့ပါတယ်။ အဲ့ဒီကိုယ်စားလှယ်အဖွဲ့မှာ ယူကရိန်း အမျိုးသားလုံခြုံရေးအကြံပေး၊ နိုင်ငံခြားရေးဝန်ကြီးနဲ့ ကာကွယ်ရေးဝန်ကြီးတို့ ပါဝင်မှာဖြစ်ပါတယ်။

• သမ္မတဒေါ်နယ်ထရန့်နဲ့ ရုရှားခေါင်းဆောင် ဗလာဒီမာပူတင်တို့အကြား တွေ့ဆုံဖို့ အစီအစဉ်မရှိသေးဘူးလို့ ရူဘီယိုက ပြောကြားခဲ့ပါတယ်။

အထူးသံတမန် စတီ့ဗ်ဝစ်ကော့ဖ် (Steve Witkoff) က ဂါဇာအရေး ဆွေးနွေးဖို့ ကာတာကို သွားရောက်နေတာကြောင့် တက်ရောက်နိုင်မှာမဟုတ်ဘူးလို့ သူက ပြောကြားခဲ့ပါတယ်။

ဆော်ဒီအာရေးဗီးယားမှာ သူတို့ နှစ်ဦးစလုံးရှိနေစဉ် ဇလန်းစကီးနဲ့ တွေ့ဆုံစကားပြောမပြောကတော့ မသေချာကြောင်း အမေရိကန်ထိပ်တန်းသံတမန်က ပြောကြားခဲ့ပေမဲ့ အလွတ်သဘောတွေ့ဆုံမှုဖြစ်နိုင်ချေကိုတော့ ငြင်းဆိုထားခြင်း မရှိပါဘူး။

အအမေရိကန် နိုင်ငံခြားရေးဝန်ကြီး မာကိုရူဘီယိုဟာ လွှတ်တော်အမတ်ဘဝမှာ ယူကရိန်းကို ထောက်ခဲ့ခဲ့သူဖြစ်ပြီး ယူကရိန်းနိုင်ငံအရေးနဲ့ပတ်သက်ပြီး အရင်ကတော့ သူ့ရဲ့အမြင်ကို အောက်ပါအတိုင်း တရားဝင် ထုတ်ဖော်ပြောဆိုခဲ့ပါတယ်။

ဆိုဗီယက်ယူနီယံဟာ ၁၉၉၀ ပြည့်လွန်နှစ်တွေမှာ ပြိုလဲခဲ့ပါတယ်။ ယူကရိန်းဟာ ကမ္ဘာပေါ် မှာ နည်းဗျူဟာမြောက် နျူကလီးယားလက်နက် သိုလှောင်မှုမှာ ကမ္ဘာ့တတိယ အကြီးဆုံး သိုလှောင်ရုံအဖြစ် ကျန်ရစ်ခဲ့ပါတယ်။ ဒါပေမယ့် ယူကရိန်းက (နျူကလီးယား လက်နက်စွန့်လွှတ်ရေး) သဘောတူညီချက်ကို အမေရိကန်၊ ဗြိတိန်၊ ရုရှားတို့နဲ့ လက်မှတ်ရေးထိုးခဲ့ကြပြီး အခြေခံ အားဖြင့်တော့ ယူကရိန်းက နျူကလီးယား လက်နက်တွေကို စွန့်လွှတ်မယ်ဆိုရင် ဒီ ၃ နိုင်ငံက ယူကရိန်းရဲ့ ကာကွယ်ရေးအတွက် ထောက်ပံ့ပေးမယ်၊ ယူကရိန်းရဲ့ ကာကွယ်ရေးအတွက် အာမခံမယ်လို့ အခြေခံအားဖြင့်ဆိုတယ်။ ဒါကြောင့် ယူကရိန်းကလက်ခံခဲ့တယ်။ ဒီလက်နက်တွေကို စွန့်လွှတ်လိုက်ကြတယ်။

အခုဆိုရင် ယူကရိန်းက ၁၉၉၄ ခုနှစ်မှာ လက်မှတ်ရေးထိုးခဲ့ပြီးနောက် အနှစ်နှစ်ဆယ်အကြာမှာ သဘောတူညီချက်ကို လက်မှတ်ရေးထိုးခဲ့တဲ့ သုံးနိုင်ငံအနက်က တစ်နိုင်ငံဟာ သူတို့ရဲ့ကာကွယ်ရေးအတွက် ပံ့ပိုးပေးရုံမျှမကဘဲ သူ (ရုရှား) က အမှန်တကယ် ကျူးကျော်ဝင်ရောက်ခဲ့ပါတယ်။ ဒါကို တစ်စက္ကန့်လောက်

ထောက်ပြချင်ပါတယ်။

တကယ်လို့ သင့်နိုင်ငံကို သင့်အိမ်နီးချင်းနိုင်ငံက ခြိမ်းခြောက်လာမယ်ဆိုရင် အမေရိကန်နဲ့ ကမ္ဘာတစ်ဝှမ်းရှိ အခြားနိုင်ငံတွေက သင့်ကို နူကလီးယားလက်နက် မထုတ်လုပ်ဖို့ တောင်ကိုရီးယား မင်းတို့ နျူလက်နက်မထုတ်လုပ်နဲ့ ၊ ဂျပန် မင်းတို့ နျူလက်နက် မထုတ်လုပ်နဲ့ ၊ ဆော်ဒီအာရေဗျ မင်းတို့နျူလက်နက် မထုတ်လုပ်နဲ့၊ ကျွန်ုပ်တို့က သင့်အား ကာကွယ်ပေးမယ်လို့ ပြောလာရင် တွေးတောကြည့်လိုက်ပါ။ သင့်ကို ဒီ အဖြစ်အပျက်က မည်သို့သော သင်ခန်းစာပေးမယ် ထင်ပါသလဲ။

ကမ္ဘာတစ်ဝှမ်းရှိ နိုင်ငံအများအပြားကို ပေးပို့နေတဲ့ ဒီသတင်းစကားဟာ လွတ်လပ်တဲ့ကမ္ဘာက ပြုလုပ်သော လုံခြုံရေးကတိဂဝတ်တွေကို ကျွန်တော်တို့ အားမကိုးနိုင်တော့ဘူးလို့ ထင်ပါတယ်။ ကျွန်တော်တို့ မိမိကိုယ်ကို ကာကွယ်ဖို့အတွက် စတင်ရှာဖွေဖို့ လိုအပ်မှာ ဖြစ်ပါတယ်။ ဒါကြောင့်မို့လို့ ယူကရိန်းအခြေအနေက ဥရောပမှာ ဖြစ်ပျက်နေတာထက် ပိုအရေးကြီးတယ်။ ဒါက တစ်ကမ္ဘာလုံးအပေါ်မှာ သက်ရောက်မှုတွေရှိတယ်။

လွှတ်တော်အမတ်ဘဝမှာ ဒီစကားတွေကို ပြောကြားတဲ့ ရူဘီယိုဟာ မကြာခင်မှာ ယူကရိန်းနဲ့ ဆော်ဒီအာရေးဗီးယားနိုင်ငံမှာ ရုရှား-ယူကရိန်း စစ်ရပ်စဲရေးကို ဆွေးနွေးကြတော့မှာ ဖြစ်ပါတယ်။ ထရန့်အစိုးရမှာ နိုင်ငံခြားရေးဝန်ကြီး တာဝန်ယူထားတဲ့ ရူဘီယိုဟာ ထရန့်သြဇာအောက်မှာ ယူကရိန်းအရေးကို ဘယ်လို ကိုင်တွယ်သွားမလဲဆိုတာကိုတော့ စောင့်ကြည့်ရမှာ ဖြစ်ပါတယ်။

ကိုးကား။ CNN

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.eraseye.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

ဆက်စပ်သတင်းများ

နိုင်ငံတကာသတင်း အိန္ဒိယ

နတ်ဘုရားများထံမှ ခိုးယူခြင်း- အိန္ဒိယနိုင်ငံ၏ ရာမဗိမာန် (Ram Temple) တွင် အကျင့်ပျက်ခြစားမှု အရှုပ်တော်ပုံ ဖြစ်ပွား

  • 2026 ခုနှစ်၊ ဇွန်လ 29 ရက်
  • 48 Views
အလ်ဂျာဇီးရား သတင်း – ၂၀၂၆ ခုနှစ်၊ ဇွန်လ ၂၉ ရက် အရေးပါသော ပြည်နယ်ရွေးကောက်ပွဲများ မတိုင်မီ အလှူငွေများ
နိုင်ငံတကာသတင်း ပါလက်စတိုင်း အစ္စရေး အရှေ့အလယ်ပိုင်း

အစ္စရေးတပ်ဖွဲ့များ သိမ်းပိုက်ခံ အနောက်ဘက်ကမ်း (West Bank) တစ်ခွင် စီးနင်းမှုများ ဆက်လက်လုပ်ဆောင်

  • 2026 ခုနှစ်၊ ဇွန်လ 29 ရက်
  • 50 Views
အလ်ဂျာဇီးရား သတင်း – ၂၀၂၆ ခုနှစ်၊ ဇွန်လ ၂၉ ရက် Wafa သတင်းအေဂျင်စီ၏ ဖော်ပြချက်အရ နောက်ဆုံးရရှိထားသော
နိုင်ငံတကာသတင်း အစ္စရေး အမေရိကန် အရှေ့အလယ်ပိုင်း အီရန်

အီရန်စစ်ပွဲ တိုက်ရိုက်သတင်း- အမေရိကန်နှင့် ဆွေးနွေးပွဲသတင်းများ ထွက်ပေါ်နေစဉ် ဟော်မုဇ်ရေလက်ကြားကို ၎င်းတို့သာ ထိန်းချုပ်ခွင့်ရှိကြောင်း တဟီရန် အခိုင်အမာဆို

  • 2026 ခုနှစ်၊ ဇွန်လ 29 ရက်
  • 51 Views
အလ်ဂျာဇီးရား သတင်း – ၂၀၂၆ ခုနှစ်၊ ဇွန်လ ၂၉ ရက် အမေရိကန်နှင့် အီရန်တို့သည် တိုက်ခိုက်မှုများကို ရပ်တန့်ရန်နှင့် ဟော်မုဇ်ရေလက်ကြား အရေး အငြင်းပွားမှုကို ဖြေရှင်းရန် အင်္ဂါနေ့တွင် ကာတာနိုင်ငံ မြို့တော် ဒိုဟာ၌
နိုင်ငံတကာသတင်း လက်ဘနွမ် အစ္စရေး အမေရိကန် အီရန်

အပြီးသတ်သဘောတူညီချက်၏ တစ်စိတ်တစ်ပိုင်းအဖြစ် အစ္စရေးတပ်ဖွဲ့များ လက်ဘနွန်မှ လုံးဝဆုတ်ခွာပေးရန် အီရန် တောင်းဆို

  • 2026 ခုနှစ်၊ ဇွန်လ 28 ရက်
  • 52 Views
CNN – ၂၀၂၆ ခုနှစ်၊ ဇွန်လ ၂၉ ရက် အမေရိကန်နှင့် အီရန်အကြား ယာယီရရှိထားသော သဘောတူညီချက်ကို တိုက်ပွဲများကြောင့် ဆက်လက်ဖိအားဖြစ်စေလျက်ရှိစဉ်၊ အစ္စရေးတပ်ဖွဲ့များ လက်ဘနွန်နိုင်ငံအတွင်းမှ လုံးဝ ဆုတ်ခွာပေးရေးသည် အမေရိကန်နှင့်ချုပ်ဆိုမည့် အပြီးသတ်သဘောတူညီချက်တွင် မဖြစ်မနေ
နိုင်ငံတကာသတင်း အစ္စရေး အမေရိကန် အရှေ့အလယ်ပိုင်း အီရန်

လတ်တလောရရှိထားသော အပစ်အခတ်ရပ်စဲရေး သဘောတူညီချက်အပေါ် ထိခိုက်မှု ရှိစေသည့် တိုက်ခိုက်မှုများ ဖြစ်ပွားလာပြီးနောက် အီရန်က ဘာရိန်းနှင့် ကူဝိတ်ရှိ အမေရိကန်စစ်ဘက်ဆိုင်ရာ အခြေစိုက်စခန်းများကို တိုက်ခိုက်

  • 2026 ခုနှစ်၊ ဇွန်လ 28 ရက်
  • 46 Views
CNN – ၂၀၂၆ ခုနှစ်၊ ဇွန်လ ၂၈ ရက် တိုက်ခိုက်မှုများ ဆက်လက်ဖြစ်ပွားနေပါက အီရန်နိုင်ငံသည် “နောက်ထပ် တည်ရှိတော့မည် မဟုတ်ကြောင်း” အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်က သတိပေးလိုက်ပြီး၊ တဟီရန် (အီရန်အစိုးရ) ကမူ ဆွေးနွေးညှိနှိုင်းမှုများကို
နိုင်ငံတကာသတင်း ယူကရိန်း ရုရှား ရုရှား-ယူကရိန်းစစ်ပွဲ

ယူကရိန်း၏ ဒွန်ဘတ်စ်ဒေသကို သိမ်းပိုက်ရန် သော့ချက်ဖြစ်သည့် မြို့တစ်မြို့အား ရုရှားတပ်ဖွဲ့များ ဝိုင်းရံပိတ်ဆို့လာ

  • 2026 ခုနှစ်၊ ဇွန်လ 26 ရက်
  • 49 Views
ဘီဘီစီ – ၂၀၂၆ ခုနှစ်၊ ဇွန်လ ၂၆ ရက် အခြေအနေ အကျဥ်းချုပ်။ ယူကရိန်းအရှေ့ပိုင်းရှိ မဟာဗျူဟာမြောက် ကော့စတန်တန် နီဗ်ကာ (Kostyantynivka) မြို့အတွင်းသို့ ရုရှားတပ်ဖွဲ့များ စိမ့်ဝင်ပူးကပ်လာပြီး ဝိုင်းရံရန် ကြိုးပမ်းနေကြသည်။ လက်ရှိတွင်
နိုင်ငံတကာသတင်း အမေရိကန်

အမေရိကန် တရားရုံးချုပ်က သမ္မတ ဒေါ်နယ်ထရမ့်၏ လူဝင်မှုကြီးကြပ်ရေးမူဝါဒများကို အနိုင်ပေးထောက်ခံသည့် ဆုံးဖြတ်ချက်များ ချမှတ်ပေးခဲ့မှုမှ အဓိက ကောက်နုတ်ချက်များ

  • 2026 ခုနှစ်၊ ဇွန်လ 26 ရက်
  • 63 Views
CNN- ၂၀၂၆ခုနှစ်၊ ဂျွန်လ ၂၆ရက် ကွန်ဆာဗေးတစ် (ရှေးရိုးအစဉ်အလာသမား) အများစုပါဝင်သော တရားရုံးချုပ်က သမ္မတ ဒေါ်နယ်ထရမ့်၏ လူဝင်မှုကြီးကြပ်ရေး မူဝါဒအပေါ် သိသာထင်ရှားသည့် ထောက်ခံ အတည်ပြုချက် နှစ်ခုကို ချမှတ်ပေးခဲ့သည်။ ယင်းဆုံးဖြတ်ချက်များသည် အမေရိကန် အစိုးရ
နိုင်ငံတကာသတင်း အမေရိကန် အရှေ့အလယ်ပိုင်း အီရန်

အီရန်က ရေယာဉ်တစ်စီးကို တိုက်ခိုက်မှုကြောင့် ဟော်မုဇ်ရေလက်ကြားရှိ သင်္ဘောများကို ဘေးလွတ်ရာရွှေ့ပြောင်းပေးမည့် ကုလသမဂ္ဂ၏ ကြိုးပမ်းမှုများ ယာယီရပ်ဆိုင်းသွား

  • 2026 ခုနှစ်၊ ဇွန်လ 26 ရက်
  • 57 Views
CNN- ၂၀၂၆ ခုနှစ်၊ ဇွန်လ ၂၆ ရက် ဟော်မုဇ်ရေလက်ကြား (Strait of Hormuz) တွင် ကြာသပတေးနေ့က ကုန်တင်သင်္ဘော တစ်စီးကို အီရန်ဒရုန်းဖြင့် တိုက်ခိုက်ခဲ့ကြောင်း အမေရိကန်အရာရှိတစ်ဦးက စီအန်အန်သို့ ပြောကြားခဲ့ရာ၊ စစ်ပွဲစတင်ကတည်းက