နောက်ဆုံးတင်ဆက်ထားသည်မှာ 2026 ခုနှစ်၊ ဇွန်လ 17 ရက်

နိုင်ငံတကာသတင်း

နိုင်ငံတကာသတင်း အရှေ့တောင်အာရှ ဥရောပ

ပြင်သစ်တွင် အနှိပ်ခန်းများ ဖွင့်ရန် ထိုင်းအစိုးရက စဥ်းစားနေသည်။

မတ်လ (၁၆) ရက်။

အလုပ်သမားဝန်ကြီးဌာနသည် ပြင်သစ်နိုင်ငံရှိ ထိုင်းအနှိပ်အဖွဲ့နှင့် ကျွမ်းကျင် Spa လုပ်သားများကို မွေးထုတ်ပြီး ပြင်သစ်တွင် အလုပ်အကိုင်ရရှိရေး အခွင့်အလမ်းများ တိုးမြှင့်ပေးသွားမည်ဖြစ်သည်။

အမြဲတမ်းအတွင်းဝန် ဘွန်းဆောင်း သပ်ချိုင်ယွတ် (Boonsong Thapchaiyuth) သည် ဝန်ကြီးဌာနမှ Association Française Nuad Thai & Spa (AFNTS) ၏ ဥက္ကဋ္ဌ ဆာစီမာ ပတ် (Sasima Park) နှင့် တွေ့ဆုံပြီး အဆိုပါကဏ္ဍတွင် ထိုင်းအလုပ်သမားများကို အနှိပ်ပညာ ကျွမ်းကျင် အဆင့်မြင့်လာစေရန် ရည်ရွယ်သည့် လုပ်ငန်းစဉ်များကို ဆွေးနွေးခဲ့ပါသည်။

ထိုင်းအလုပ်သမားများအတွက် အလုပ်အကိုင် အခွင့်အလမ်းများ ပံ့ပိုးပေးရာတွင် အသင်း၏ ပါဝင်ခဲ့သည့်အခန်းကဏ္ဍအတွက် သူက ကျေးဇူးတင်ပါသည်။

ပြင်သစ်ရှိ အနှိပ်ကုထုံးများသည် အချိန်ပိုလုပ်ခနှင့် တစ်ပေးခြင်း မပါဝင်ဘဲ တစ်လလျှင် လစာ ၁,၈၂၄ ယူရို (ခန့်မှန်းခြေအားဖြင့် ဘတ် ၆၄,၀၀၀) လုပ်ခများ ရရှိသည်ဟု ၎င်းက ဆိုသည်။

“ ထိုင်းရိုးရာအနှိပ်ဟာ ပြင်သစ်မှာ ဝယ်လိုအား မြင့်မားနေပြီး ယူနက်စကိုဆီမှာ လူသားမျိုးနွယ်ရဲ့ ယဉ်ကျေးမှု အမွေအနှစ်တစ်ခုအဖြစ် မှတ်ပုံတင်ထားပါတယ်” ဟု ၎င်းက ဆိုသည်။

အလုပ်သမားဝန်ကြီးဌာနသည် ကျွမ်းကျင်မှုဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန (DSD) မှတဆင့် AFNTS ကျွမ်းကျင်လုပ်သားများကို ကူညီပြီး နိုင်ငံတော်၏ကျွမ်းကျင်မှု လက်မှတ်များ ထုတ်ပေးမည်ဖြစ်သည်။

အနှိပ်နှင့် Spa ဝန်ဆောင်မှုများတွင် ၎င်းတို့၏ ကျွမ်းကျင်မှုကို မြှင့်တင်ရန် ကြိုးစားနေသည့် ထိုင်းအလုပ်သမားများသည် ပြင်သစ်တွင် တရားဝင်အလုပ်အကိုင်များ ရရှိလုံခြုံစေမည့် DSD အသိအမှတ်ပြုလက်မှတ်အတွက် DSD သို့ ဆက်သွယ်နိုင်ကြောင်း ၎င်းက ပြောသည်။

လက်ရှိတွင် ဥရောပတွင် ထိုင်းအလုပ်သမားရုံး မရှိသော်လည်း ပြင်သစ်တွင် ထိုင်းအလုပ်သမား အရေအတွက် တိုးလာသောကြောင့် ၎င်းကို အနာဂတ်တွင် ပြန်လည် စဉ်းစားဖွယ်ရှိသည်။

ထိုင်းနိုင်ငံမှ အလုပ်သမားများအား တရား၀င် အလုပ်အကိုင် လမ်းကြောင်းများ၊ တရားမျှတသော လုပ်ခလစာနှင့် ခံစားခွင့်များ ရရှိစေရေး အတွက် ထိုင်းအလုပ်သမား ဝန်ကြီးဌာနက အကာအကွယ်ပေးရန် စိတ်အားထက်သန်လျက် ရှိကြောင်း ၎င်းက ဆိုသည်။

ပြင်သစ်ရှိ ကျွမ်းကျင်သော ထိုင်းအနှိပ်ကုထုံးများအတွက် လိုအပ်ချက် မြင့်မားနေပြီး ထိုင်းအနှိပ်ကုထုံးဆရာများနှင့် သင်တန်းပို့ချသူများအတွက် ရာထူး ၁၀၀ ကျော်ရှိကြောင်း မစ္စဆာစီမာက ပြောကြားခဲ့သည်။

သို့သော် ပြင်သစ်နိုင်ငံသို့ ထိုင်းအလုပ်သမားများ တင်သွင်းရာတွင် ကုန်ကျစရိတ်မှာ တစ်ဦးလျှင် ယူရို ၅၀၀၀ ဝန်းကျင် (၁၈၄,၁၆၅ ဘတ်ခန့်) ရှိကြောင်း ၎င်းက ပြောကြားခဲ့သည်။

ထိုင်းအလုပ်သမား အများစုသည် ပြင်သစ်နိုင်ငံသို့ ၎င်းတို့သဘောနှင့်သွားရောက် အလုပ်လုပ်ကိုင်ကြပြီး နိုင်ငံရပ်ခြားသို့ သွားရောက် အလုပ်လုပ်ကိုင်ခြင်းအတွက် လှည့်စားခံရမည့် အန္တရာယ်များလည်းရှိနိုင်သည်။

လုပ်ငန်းစဉ်သည် တရားဝင်ပြီး လုံခြုံမှုရှိစေရန်အတွက် အလုပ်သမားစေလွှတ်ရေး ဦးစီးဌာနမှတဆင့် တရားဝင်အလုပ်လုပ်ကိုင်ရန် ဝန်ကြီးဌာနအား သူမက တိုက်တွန်းခဲ့သည်။

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.eraseye.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

ဆက်စပ်သတင်းများ

နိုင်ငံတကာသတင်း ယူကရိန်း ရုရှား ရုရှား-ယူကရိန်းစစ်ပွဲ

ယူကရိန်းအပေါ် ရုရှား၏ အဆမတန် အင်အား သာလွန်နေမှု စတင်ယိုင်နဲ့လာနေ

  • 2026 ခုနှစ်၊ ဇွန်လ 16 ရက်
  • 24 Views
ပျမ်းမျှ နှစ်စဉ်လုပ်ခလစာ၏ လေးဆကျော်နှင့် ညီမျှသော အမေရိကန်ဒေါ်လာ ၈၀,၀၀၀ ခန့်ရှိသည့် အပိုဆုကြေး (Bonus) ကို ရရှိလျှင် သင်
နိုင်ငံတကာသတင်း အမေရိကန်

ကနေဒီစင်တာ အဆောက်အအုံမှ ထရမ့်၏အမည်ကို အားလုံးဖယ်ရှားပြီးဖြစ်ကြောင်း ပြောကြား

  • 2026 ခုနှစ်၊ ဇွန်လ 16 ရက်
  • 25 Views
ရေးသားသူ – Devan Cole ၊ Betsy Klein ၊ Kaanita Iyer CNN- ၂၀၂၆ခုနှစ်၊ ဂျွန်လ ၁၄ရက် ဝါရှင်တန် ဒီစီ။ ကနေဒီစင်တာ အဆောက်အအုံမှ ဒေါ်နယ်ထရမ့်၏ အမည်ကို
နိုင်ငံတကာသတင်း အမေရိကန် အိန္ဒိယ

အီရန်နှင့် ထရမ့်၏ စစ်ပွဲအတွင်း အိန္ဒိယသင်္ဘောသားများ ဘေးထွက်ဆိုးကျိုးအဖြစ် အသက်ဆုံးရှုံးရမှုအပေါ် အိန္ဒိယတွင် ဒေါသမျက်မာန်ပွားလျက်ရှိ

  • 2026 ခုနှစ်၊ ဇွန်လ 16 ရက်
  • 23 Views
CNN- ၂၀၂၆ခုနှစ်၊ ဂျွန်လ (၁၃)ရက် အမေရိကန်၏ တိုက်ခိုက်မှုကြောင့် ကူးသန်းရောင်းဝယ်ရေး ရေနံတင်သင်္ဘောတစ်စင်း ပေါ်တွင် အိန္ဒိယသင်္ဘောသား သုံးဦး သေဆုံးခဲ့ရမှုသည် အိန္ဒိယပြည်သူများအကြား ဒေါသတကြီး မကျေနပ်မှုများကို ဖြစ်ပေါ်စေခဲ့ပြီး၊ နယူးဒေလီနှင့် ဝါရှင်တန်တို့အကြား ဖြေရှင်းနေရပြီးသားဖြစ်သော ဆက်ဆံရေးကို
နိုင်ငံတကာသတင်း ယူကရိန်း ရုရှား ရုရှား-ယူကရိန်းစစ်ပွဲ

ယူကရိန်းက စိန့်ပီတာစဘတ် (St. Petersburg) ကို ပစ်မှတ်ထားတိုက်ခိုက်၊ ရုရှားက “ မကြုံစဖူး” တိုက်ခိုက်မှုဟု ဆို

  • 2026 ခုနှစ်၊ ဇွန်လ 16 ရက်
  • 18 Views
CNN- ၂၀၂၆ခုနှစ်၊ ဂျွန်လ (၁၃)ရက် ယူကရိန်းသည် စနေနေ့တွင် စိန့်ပီတာစဘတ်မြို့ အနီးတစ်ဝိုက်ရှိ ရုရှားရေနံသန့်စင် စက်ရုံများနှင့် စစ်ဘက်ဆိုင်ရာ အဆောက်အအုံများကို ဒရုန်းများဖြင့် အကြီးအကျယ် တိုက်ခိုက်ခဲ့ရာ၊ ရုရှားတာဝန်ရှိသူတစ်ဦးက ယင်းကို “ မကြုံစဖူး” တိုက်ခိုက်မှုအဖြစ်
နိုင်ငံတကာသတင်း အမေရိကန်

အင်တာဗျူးအသစ်တစ်ခုတွင် မယ်လင်ဒါ ဖရန့်ချ် ဂိတ်စ် က စက်ဆုပ်ရွံရှာဖွယ်ကောင်းသော အက်ပ်စတိန်း အကြောင်း ပြန်ပြောင်းပြောဆိုရင်း “ ရင်ထဲကလာတဲ့ တုံ့ပြန်မှုမျိုး” ဖြစ်ပေါ်ခဲ့ရကြောင်း ဆို

  • 2026 ခုနှစ်၊ ဇွန်လ 16 ရက်
  • 24 Views
CNN- ၂၀၂၆ခုနှစ်၊ ဂျွန်လ (၁၃)ရက် မိုက်ခရိုဆော့ဖ် (Microsoft) ပူးတွဲတည်ထောင်သူ ဘီလ်ဂိတ်စ် (Bill Gates) ၏ ဂျက်ဖရီ အက်ပ်စတိန်း (Jeffrey Epstein) နှင့် ယခင်က ပတ်သက်ခဲ့မှုများအပေါ် ဘီလ်ဂိတ်စ်နှင့် မယ်လင်ဒါ
နိုင်ငံတကာသတင်း အမေရိကန်

ကနေဒီစင်တာ (Kennedy Center) မှ ထရမ့်အမည်အား ဖယ်ရှားရန် တရားသူကြီး သတ်မှတ်ထားသော အချိန်ကို ကျော်လွန်သွားသဖြင့် အချိန်ပိုပေးရန် တောင်းဆို

  • 2026 ခုနှစ်၊ ဇွန်လ 16 ရက်
  • 26 Views
CNN- ၂၀၂၆ခုနှစ်၊ ဂျွန်လ (၁၃)ရက် ဖက်ဒရယ်တရားသူကြီးတစ်ဦး၏ အမိန့်အရ ကနေဒီစင်တာ အဆောက်အအုံမှ သမ္မတ ဒေါ်နယ်ထရမ့် (Donald Trump) ၏ အမည်ကို ဖယ်ရှားရန် သတ်မှတ်ထားသော နောက်ဆုံး အချိန်ကို ကျော်လွန်သွားခဲ့ပြီးနောက်၊ သမိုင်းဝင်
နိုင်ငံတကာသတင်း အမေရိကန် အီရန်

အိုကလာဟိုးမားပြည်နယ်၊ ကူးရှင်း (Cushing)ဒေသ ရှိ ရေနံသိုလှောင်ကန်များ အောက်ခြေထိလုနီးပါးလျော့ကျနေပြီ။ ရေနံစျေးကွက်သည် အရေးကြုံရမည့် အလှည့်အပြောင်းအချက်ဆီသို့ ဦးတည်နေ

  • 2026 ခုနှစ်၊ ဇွန်လ 16 ရက်
  • 20 Views
အိုကလာဟိုးမားပြည်နယ်၊ ကူးရှင်းမြို့သည် မိမိကိုယ်ကိုယ် “ ကမ္ဘာ့ပိုက်လိုင်းများ ဆုံစည်းရာ လမ်းဆုံ” အဖြစ် တင်စားခေါ်ဝေါ်လေ့ရှိသည်။ ထိုဆောင်ပုဒ်ကို မိန်းလမ်း (Main Street) နှင့် တောင်ဘက်စတိုင်လ်စ်လမ်း (South Stiles Road) ထောင့်ရှိ ပိုက်လုံးကြီးများဖြင့်