သံတွဲရှိ သူဌေးချောင်းဆည် စိုးရိမ်ရေမှတ်ထက် ကျော်လွန်လာတာကြောင့် အနီးရှိရွာကပြည်သူတွေ အမြန်ဆုံးပြောင်းရွှေ့ဖို့ AA အရေးပေါ်ထုတ်ပြန်
ဇူလိုင်လ (၂၇)ရက်။ မိုးအဆက်မပြတ်ရွာသွန်းနေတာကြောင့် ဒီကနေ့ နံနက် (၁၀)နာရီခွဲအချိန် တိုင်းတာချက်အရ သံတွဲမြို့ရှိ သူဌေးချောင်းဆည်ဟာ စိုးရိမ်ရေမှတ် အနီရောင်အဆင့်ကို ကျော်လွန်လာနေပြီလို့ AA ရဲ့ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ စိုးရိမ်ရေမှတ်ကို ကျော်လွန်နေတဲ့ သူဌေးချောင်းဆည်ဟာ အခုထက်ပိုတဲ့...