နောက်ဆုံးတင်ဆက်ထားသည်မှာ 2026 ခုနှစ်၊ ဇွန်လ 30 ရက်

၁၁၁၃ ရခိုင်စစ်ပွဲ

၁၁၁၃ ရခိုင်စစ်ပွဲ မြန်မာသတင်း

ရခိုင်မြောက်ပိုင်းကို စုံစမ်းစစ်ဆေးသူတွေ ၀င်လာနိုင်ဖို့ AA က ဆောင်ရွက်ပေးရန် SAC-M တောင်းဆို

ဩဂုတ်လ (၂၂)ရက်။

ရခိုင်ပြည်နယ်မြောက်ပိုင်းကို စုံစမ်းစစ်ဆေးသူတွေ ၀င်ရောက်လာနိုင်ဖို့ အာရက္ခတပ်တော်(AA)အနေနဲ့ ဆောင်ရွက်ပေးဖို့ မြန်မာနိုင်ငံဆိုင်ရာ အထူးအကြံပေးကောင်စီ(SAC-M)က ထုတ်ပြန်တောင်းဆိုထားတယ်လို့ သိရပါတယ်။

AA အနေနဲ့ ရခိုင်ပြည်နယ်ထဲ နေထိုင်ကြတဲ့ လူမျိုးရေး၊ ဘာသာရေး အသိုင်းအဝိုင်းအားလုံးရဲ့ လူ့အခွင့်အရေးကို မြှင့်တင်ပေးဖို့အတွက် သူ့အနေနဲ့ ကတိက၀တ်ပြုထားပြီးဖြစ်ကာ အခုအခါမှာတော့ အဲ့ဒါကို သက်သေပြရတယ်လို့ ဆိုပါတယ်။

မြန်မာနိုင်ငံထဲ တရားမျှတမှုကို ဆောင်ကြဉ်းဖို့နဲ့ ရာဇ၀တ်မှုကျူးလွန်သူတွေ အပြစ်ပေးအရေးယူခံရတာကနေ ကင်းလွတ်ခွင့်ရရှိနေတာကို နောက်ဆုံးအနေနဲ့ အဆုံးသတ်ဖို့ နိုင်ငံတကာအသိုင်းအဝိုင်းက မဖြစ်မနေ လုပ်ဆောင်ရမယ်လို့ ဖော်ပြထားပါတယ်။

ရခိုင်မြောက်ပိုင်းမှာ အုပ်ချုပ်‌နေတဲ့ အာဏာပိုင်နဲ့ ပဋိပက္ခထဲ ပါ၀င်နေတဲ့ အဖွဲ့တစ်ဖွဲ့ဖြစ်တဲ့ AAဟာ နိုင်ငံတကာဥပဒေအောက်ရှိ အဓိကတာ၀န်၀တ္တရားတွေအရ အရပ်သားအားလုံးကို အချိန်တိုင်း အကာအကွယ်ပေးဖို့ ဆောင်ရွက်ရမယ်လို့ ရေးသားထားပါတယ်။

ဒါ့အပြင် AA အနေနဲ့ ရခိုင်ပြည်နယ်ထဲ ရိုဟင်ဂျာတွေနဲ့ အခြားအရပ်သားတွေအပေါ် ပြုမူဆက်ဆံတာတွေကို စုံစမ်းစစ်ဆေးဖို့ လွတ်လပ်တဲ့ နိုင်ငံတကာ စုံစမ်းစစ်ဆေးရေးအဖွဲ့တစ်ဖွဲ့ကို တောင်းဆိုဖို့နဲ့ အဲ့ဒီအဖွဲ့ကို အထောက်အကူပေးဖို့နဲ့ ပူးပေါင်းဖို့ ပြောဆိုထားပါတယ်။

ကုလအပါအ၀င် အေဂျင်စီတွေနဲ့ အဖွဲ့၀င်နိုင်ငံတွေက မြန်မာနိုင်ငံမှာ နိုင်ငံတကာဥပဒေကို ထပ်မံပြီး ဆိုးရွားစွာ ချိုးဖောက်တာတွေကို တားဆီးဖို့အတွက် အားထုတ်တာတွေကို မြန်ဆန်စွာ အလုပ်တွင်စေဖို့နဲ့ ကျူးလွန်သူတွေကို တာ၀န်ယူမှု၊ တာ၀န်ခံမှုရှိစေဖို့ ကြိုးပမ်းရန် SAC-M က တောင်းဆိုထားပါတယ်။

ရခိုင်မှာ ရိုဟင်ဂျာတွေ အစုလိုက်အပြုံလိုက် သတ်ဖြတ်ခံရတာဟာ ဩဂုတ်လ (၂၅)ရက်မှာ (၇)နှစ်ပြည့်မြောက်မှာဖြစ်ပြီး တရားမျှတမှုနဲ့ တာ၀န်ယူမှု၊ တာ၀န်ခံမှုကို စောင့်မျှော်နေဆဲဖြစ်ကာ အပြစ်ပေးအရေးယူတာကနေ ကင်းလွတ်ခွင့်ရရှိနေတာဟာ အရပ်သားတွေအပေါ် ဆက်လက်ရက်စက်ကြမ်းကြုတ်မှုပေါ်ထွန်းစေတဲ့ အခြေအနေတွေကို သေချာစေတယ်လို့ ထုတ်ပြန်ထားချက်အရ သိရပါတယ်။

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.eraseye.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

ဆက်စပ်သတင်းများ

မြန်မာသတင်း

မိုးဗြဲအနီးတိုက်ပွဲ လက်နက်ခဲယမ်းနဲ့ စစ်သုံပန်း (၂)ဦး ဖမ်းမိခဲ့တယ်လို UTF ထုတ်ပြန်

  • 2026 ခုနှစ်၊ ဇွန်လ 29 ရက်
  • 27 Views
ဇွန်လ (၂၉)ရက်။ မနေ့က ရှမ်း-ကရင်နီအစပ် မိုးဗြဲမြိုအနီးမှာ စစ်ကောင်စီတပ်နဲ့ တိုက်ပွဲဖြစ်ပွားခဲ့တယ်လို Urban Task Force Aung Ban
မြန်မာသတင်း

Proof of Life ကို ပိုမိုအရှိန်မြှင့်မယ်လိုဆို

  • 2026 ခုနှစ်၊ ဇွန်လ 29 ရက်
  • 24 Views
ဇွန်လ (၂၉)ရက်။ ဒေါ်အောင်ဆန်းစုကြည် သက်ရှိထင်ရှားရှိသေးတယ်ဆိုတာကို သက်သေပြဖို တောင်းဆိုတဲ့ Proof of Life အစီအစဉ်ကို ပိုမိုအရှိန်မြှင့်မယ်လို ထုတ်ပြန်ထားချက်အရ
မြန်မာသတင်း

“ဘုံရန်သူကို ဦးတည်တိုက်ဖိုနဲ့ ညီညွတ်ရေးဆီသို”ဆိုတဲ့ လှုပ်ရှားမှုမှာ ပါဝင်ကြဖို အင်အားစုတွေ ဖိတ်ခေါ်

  • 2026 ခုနှစ်၊ ဇွန်လ 29 ရက်
  • 29 Views
ဇွန်လ (၂၉)ရက်။ ‌တော်လှန်ရေးရဲဘော်တွေ၊ နိုင်ငံရေးအင်အားစုတွေနဲ့ ပြည်သူတွေအနေနဲ့ “ဘုံရန်သူကို ဦးတည်တိုက်ဖိုနဲ့ ညီညွတ်ရေးဆီသို”ဆိုတဲ့ လှုပ်ရှားမှုမှာ ပါဝင်ကြဖို ဖိတ်ခေါ်ထားချက်တွေအရ သိရပါတယ်။ တော်လှန်ရေးကာလ ရှည်ကြာလာတာနဲ့အတူ အချင်းချင်းကြား သဘောထားကွဲလွဲတာဟာ ဓမ္မတာဖြစ်ပေမယ့် လက်နက်အားကိုးနဲ့ ဖြေရှင်းဖို ကြိုးပမ်းတာဟာ
မြန်မာသတင်း

ပုလဲမောင် လုပ်ကြံသတ်ဖြတ်ခံရတဲ့အပေါ် သမာသမတ်ကျကျ ဖြေရှင်းပေးဖို့ အမှတ်(၁)စစ်ဒေသ တိုက်တွန်း

  • 2026 ခုနှစ်၊ ဇွန်လ 29 ရက်
  • 20 Views
ဇွန်လ (၂၉)ရက်။ တပ်ရင်းမှူး ပုလဲမောင်(ခ)ပီတာ လုပ်ကြံသတ်ဖြတ်ခံရတဲ့အတွက် အမှတ်(၁)စစ်ဒေသက ဒီကနေ့မှာ အထူးဝမ်းနည်းကြောင်းသဝဏ်လွှာ ပေးပို့ခဲ့တယ်လို့ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ တပ်ရင်းမှူး ပုလဲမောင်(ခ)ပီတာဟာ ဇွန်လ (၂၆)ရက်နေ့က ယင်းမာပင်ခရိုင်ကွပ်ကဲရေးမှာ ခရိုင်အစည်းအဝေးပြုလုပ်ဖို့ စောင့်ဆိုင်းနေချိန် လုပ်ကြံသတ်ဖြတ်ခံရတာလို့ ဆိုပါတယ်။
မြန်မာသတင်း

ရေကြည်မြို့ရှိ စစ်ကော်မရှင်တပ်ရဲ့ ပွိုင့်ကုန်းတွေကို AA ဆက်တိုက်သိမ်းပိုက်

  • 2026 ခုနှစ်၊ ဇွန်လ 29 ရက်
  • 27 Views
ဇွန်လ (၂၉)ရက်။ ဧရာဝတီတိုင်း ရေကြည်မြို့ရှိ စစ်ကော်မရှင်တပ်ရဲ့ ပွိုင့်ကုန်းတွေကို AA က တခုပြီးတခု ဆက်တိုက်သိမ်းပိုက်ရရှိခဲ့တယ်လို့ မနေ့က ထုတ်ပြန်ထားချက်အရ သိရပါတယ်။ AA က သိမ်းပိုက်ရရှိခဲ့တဲ့ စစ်ကော်မရှင်တပ်ရဲ့ ပွိုင့်ကုန်းတွေဟာ ပွိုင့်(၂၈၈)ကုန်း၊ ပွိုင့်(၁၈၈)ကုန်းနဲ့
မြန်မာသတင်း

ပြည်သူ့ကာကွယ်ရေးတပ်မတော်(PDF) အမှတ်(၁)ရွှေဘိုခရိုင် စစ်ဌာမှ ယင်းမာပင်ခရိုင် အမှတ် (၆) တပ်ရင်းမှ တပ်ရင်းမှူး ပုလဲမောင် (ခ) ပီတာလုပ်ကြံခြင်းခံရသည့်အတွက် သဘောထားထုတ်ပြန်ခဲ့။

  • 2026 ခုနှစ်၊ ဇွန်လ 28 ရက်
  • 24 Views
ရက်စွဲ ၊ ၂၀၂၆ ခုနှစ်၊ ဇွန်လ ၂၇ ရက် ထိုကိစ္စနှင့်ပတ်သက်၍ ၂၀၂၆ ခုနှစ်၊ ဇွန်လ ၂၇ ရက်နေ့တွင် (PDF) အမှတ်(၁)ရွှေဘိုခရိုင် စစ်ဌာမှ ဝမ်းနည်းကြောင်းသဝဏ်လွှာနှင့် သဘောထား ထုတ်ပြန်ချက်တခုကို ထုတ်ပြန်ခဲ့
မြန်မာသတင်း

အင်အားနည်းသူအပေါ် အနိုင်ကျင့်ဗိုလ်ကျတဲ့လုပ်ရပ် ကန့်ကွက်ရှုချတယ်လို ကျောင်းသားသမဂ္ဂအင်အားစုတွေ ထုတ်ပြန်

  • 2026 ခုနှစ်၊ ဇွန်လ 27 ရက်
  • 34 Views
ဇွန်လ (၂၇)ရက်။ အင်အားကြီးသူက အင်အားနည်းသူအပေါ် အနိုင်ကျင့်ဗိုလ်ကျတဲ့ လုပ်ရပ်တွေကို ကန့်ကွက်ရှုချတယ်လို ကျောင်းသားသမဂ္ဂအင်အားစုတွေရဲ့ ဒီကနေ့မှာ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ တော်လှန်ရေးအင်အားစုတွေအကြား ပဋိပက္ခတွေကို နိုင်ငံရေးနည်းလမ်းနဲ့သာ ဖြေရှင်းသင့်ပြီး စစ်ရေးနည်းနဲ့ ဖြေရှင်းတာက ကိုယ့်အင်အား ကိုယ်ဖြိုခွဲရာ ရောက်နေတယ်လို
မြန်မာသတင်း

တိုင်းရင်းသားလက်နက်ကိုင်တွေကို ငြိမ်းချမ်းရေးဆွေးနွေးဖို့ဆိုပြီး မင်းအောင်လှိုင် ထပ်ဖိတ်ပြန်

  • 2026 ခုနှစ်၊ ဇွန်လ 27 ရက်
  • 44 Views
ဇွန်လ (၂၇)ရက်။ တိုင်းရင်းသားလက်နက်ကိုင်ဘယ်အဖွဲကိုမဆို ကြိုတင်ကန့်သတ်တာမရှိဘဲ ငြိမ်းချမ်းရေးဆွေးနွေးဖိုဆိုပြီး မင်းအောင်လှိုင်က မနေ့က နယ်စပ်ဒေသအစည်းအဝေးမှာ ပြောဆိုခဲ့တယ်လို သိရပါတယ်။ အစည်းအဝေးထဲ မင်းအောင်လှိုင်က (၅)နှစ်ထဲ တိုင်းပြည်ငြိမ်းချမ်းအောင် ကြိုးစားမယ်ဆိုတာနဲ့ ရက်ပေါင်း(၁၀၀)စီမံချက်ထဲ ငြိမ်းချမ်းရေး‌အတွက် ဆွေးနွေးကြဖို ပြောဆိုခဲ့ပါတယ်။ “ငြိမ်းချမ်းရေးနဲ့ပတ်သက်ပြီး