မိုးဗြဲအနောက်ခြမ်းရှိ ကျေးရွာတွေကို စစ်ကောင်စီနဲ့ PNO ပူးပေါင်းတပ်တွေ အင်အားအလုံးအရင်းနဲ့ ထိုးစစ်ဆင်နေ
ဖေဖော်ဝါရီလ (၂၆)ရက်။ မိုးဗြဲမြို့အနောက်ဘက်ခြမ်းရှိ လာမောက်လာရွာနဲ့ လွယ်ယင်းမင်္ဂလာရွာထဲ စစ်ကောင်စီနဲ့ PNO ပူးပေါင်းတပ်တွေ အင်အားအလုံးအရင်းနဲ့ ထိုးစစ်ဆင်နေတယ်လို့ မိုးဗြဲ-PDF ရဲ့ မနေ့က ထုတ်ပြန်ထားချက်အရ သိရပါတယ်။ “ နယ်မြေစိုးမိုးဖို့အတွက် အင်အားအလုံးရင်းနဲ့ ထိုးစစ်ဆင်လာတဲ့ အကြမ်းဖက်စစ်ကောင်စီနဲ့...









