မန္တလေးမြို့၊ ပြည်ကြီးတံခွန်မြို့နယ် ၁၂၃ လမ်းနှင့် ၅၈ လမ်းကြားရှိ စ ရပ်ကွက် အုပ်ချုပ်ရေးမှူးရုံး ကို ဗုံးပစ်သွင်း တိုက်ခိုက်မှု အောက်တိုဘာ (၃၁) ရက်နေ့ မနက် ၁၀ နာရီခွဲ ခန့်က ဖြစ်ပွားခဲ့ကြောင်းသိရသည်။
စ – ရပ်ကွက် အုပ်ချုပ်ရေးမှူးရုံးကို မန္တလေး UG အဖွဲ့များက ဗုံးပစ်သွင်း တိုက်ခိုက်ခဲ့ပြီး အုပ်ချုပ်ရေးမှူးအပါအဝင် ၂ ဦးသေဆုံးကြောင်း သိရသည်။ အဆိုပါ တိုက်ခိုက်မှုကို Anonmous Force MDY၊ Mandalay Youngs Force Trust Keeping Force အဖွဲ့တို့က ပူးပေါင်း လုပ်ဆောင်ခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။