နိုဝင်ဘာ (၁) | ထီးလင်း
မကွေးတိုင်း ထီးလင်းမြို့နယ်ရှိ ကျားခဲကျေးရွာကို စစ်ကောင်စီက နိုဝင်ဘာ(၁)ရက်နေ့ မနက် ၆ နာရီလောက်မှာ မီးရှို့ဖျက်ဆီးလိုက်ကြောင်းသိရသည်။ စစ်ကောင်စီ၏ မီးရှို့မှုကြောင့် ဒေသခံများနေအိမ် (၁၄)လုံးပြာကျခဲ့ရကြောင်းသိရသည်။
စစ်ကောင်စီ မီးရှို့ကာ ပြန်ထွက်သွားသည့်အချိန်ရောက်မှ ဒေသခံများက အလျင်အမြန် မီးကို ငြိမ်းသတ်ကြရသည်ဟု သိရသည်။








Photo – Crd – မီးရှို့ဖျက်ဆီးခြင်းခံလိုက်ရသည့် ကျားခဲကျေးရွာကို တွေ့ရစဉ်။
စစ်ကောင်စီ တပ်များသည် မကွေးတိုင်း ထီးလင်းမြို့နယ်အတွင်းရှိ အနီးတဝိုက်ကျေးရွာများကို ဝင်ရောက်စစ်ကြောင်းထိုး ခြင်းများ လုပ်ဆောင်နေတဲ့အတွက်ကြောင့် ဒေသခံများက သတိကြီးစွာဖြင့် နေထိုင်နေရကြောင်းသိရသည်။
Era’sEye