နောက်ဆုံးတင်ဆက်ထားသည်မှာ 2026 ခုနှစ်၊ မတ်လ 10 ရက်

လက်တင်အမေရိက

လက်တင်အမေရိက

ကုလသမဂ္ဂ လူ့အခွင့်အရေးကောင်စီ အနေနဲ့ IIMM က ရရှိထားတဲ့ သက်သေအထောက်အထားတွေကို အသုံးပြုပြီး အကြမ်းဖက် စစ်တပ်ကို အရေးယူဖို့ သံအမတ်ကြီး ဦးကျော်မိုးထွန်းပြောကြား

ကုလသမဂ္ဂ လူ့အခွင့်အရေးကောင်စီအနေနဲ့ မြန်မာနိုင်ငံဆိုင်ရာလွတ်လပ်သော စုံစမ်းစစ်ဆေးမှု ယန္တရား (IIMM) က ရရှိထားတဲ့ သက်သေအထောက်အထားတွေကို ထိရောက်ဆောလျင်စွာ အသုံးပြုပြီး အကြမ်းဖက်စစ်တပ်ကို အရေးယူဖို့အတွက် ကုလသမဂ္ဂ ဆိုင်ရာ မြန်မာအမြဲတမ်းကိုယ်စားလှယ် သံအမတ်ကြီး ဦးကျော်မိုးထွန်းက ပြောကြားလိုက်ပါတယ်။


(၇၇) ကြိမ်မြောက် ကုလသမဂ္ဂ အထွေထွေညီလာခံ၊ တတိယကော်မတီမှာ လူ့အခွင့်အရေး မြှင့်တင်ကာကွယ်ရေး ဘာသာရပ် အောက်မှာ လူ့အခွင့်အရေးကောင်စီ (Human Rights Council) မှ ထုတ်ပြန်တဲ့ အစီရင်ခံစာအပေါ်ဆွေးနွေးရာမှာ အခုလိုထည့် သွင်းဆွေးနွေးခဲ့တာပါ။


သံအမတ်ကြီး ဦးကျော်မိုးထွန်းက

ယခုအချိန်က လူ့အခွင့်အရေးကောင်စီအနေနဲ့ ၎င်းရဲ့ လုပ်ပိုင်ခွင့်အတွင်းမှ IIMM မှ လက်ခံရရှိထားတဲ့ သက်သေအထောက်အထားတွေကို ထိရောက်ဆောလျင်စွာ အသုံးပြုရန် အချိန်ကျနေပြီဖြစ်ကြောင်း၊ အဆိုပါ သက်သေအထောက်အထားတွေကို အသုံးပြုရန် သက်ဆိုင်တဲ့ ကုလသမဂ္ဂယန္တယားတွေနဲ့ အခြားယန္တယားတွေကို တိုက်တွန်းရန် လိုအပ်ကြောင်း၊ အဆိုပါ သက်သေအထောက်အထားများကို လုံခြုံရေးကောင်စီကို ပေးပို့နိုင်ရေးအတွက် လူ့အခွင့်အရေးကောင်စီ အနေနဲ့ နည်းလမ်းရှာသင့်ကြောင်း၊ လုံခြုံရေးကောင်စီက ယင်းအထောက်အထားများကို အသုံးပြုပြီး မြန်မာနိုင်ငံ အရေးကိစ္စအား နိုင်ငံတကာရာဇဝတ်ခုံရုံးသို့ လွှဲပြောင်းပေးနိုင်မှာဖြစ်ကြောင်း၊ သို့မှသာ စစ်တပ်ရဲ့ ရက်စက်ကြမ်းကြုတ်သောရန်စွယ်မှ ပြည်သူများရဲ့ အသက်အိုးအိမ်တွေကို ကယ်တင်ပေးနိုင်မှာဖြစ်ကြောင်း

ပြောကြားခဲ့တာပါ။


ဒါအပြင် သံအမတ်ကြီးက သူ့အနေနဲ့ လုံခြုံရေးကောင်စီကို IIMM သက်သေအထောက်အထားတွေကို အသုံးပြုပြီးတော့ နိုင်ငံတကာရာဇဝတ်ခုံရုံးကို လွှဲပြောင်းပေးဖို့ ကြိမ်ဖန်များစွာ တောင်းဆိုခဲ့တယ်ဆိုပြီးတော့လည်း ထည့်သွင်းပြောကြားခဲ့ပါ တယ်။


အကြမ်းဖက်စစ်တပ်ရဲ့ သတ်ဖြတ်ခြင်းခံရတဲ့ ပြည်သူတွေ နေ့စဉ်နဲ့အမျှ မြင့်တက်လျက်ရှိနေပြီး အပြစ်မဲ့ပြည်သူတွေရဲ့ အသက် အိုးအိမ်စည်းစိမ်တွေကို ကယ်တင်ပေးဖို့အတွက် အချိန်က အရေးကြီးတယ်ဆိုတာနဲ့ ပြစ်မှုကျူးလွန်သူတွေကို တရားစီရင်နိုင်ရေး နဲ့ ဒဏ်ခတ်ခြင်း မခံရတဲ့ အစဉ်အလာကို အပြီးတိုင် ရပ်တန့်နိုင်မှာ ဖြစ်တယ်ဆိုပြီးတော့လည်း ပြောကြားထားတာ တွေ့ရပါ တယ်။


ဒါအပြင် မြန်မာနိုင်ငံဆိုင်ရာလွတ်လပ်သော စုံစမ်းစစ်ဆေးမှု ယန္တရား (IIMM) က အကြမ်းဖက်စစ်တပ်ရဲ့ ပြည်သူတွေကို သတ်ဖြတ်တာ၊ ညှဉ်းပန်းနှိပ်စက်တာ၊ ပြည်နှင်ဒဏ်ပေးတာနဲ့ အဓမ္မလွှဲပြောင်းတာ၊ ဖမ်းဆီးချုပ်နှောင်တာ၊ အကျဉ်းချတာနဲ့ ပြည်သူတွေကို ပစ်မှတ်ထားတာ အပါအဝင် ၎င်းတို့ကျူးလွန်လျက်ရှိတဲ့ လူသားမျိုးနွယ်အပေါ် ကျူးလွန်တဲ့ ရာဇဝတ်မှုတွေနဲ့ စစ်ရာဇဝတ်မှုတွေလည်း မြင့်တက်လာလျက်ရှိတယ်လို့ ထုတ်ပြန်ထားပါတယ်။

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.eraseye.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

ဆက်စပ်သတင်းများ

နိုင်ငံတကာသတင်း မက္ကဆီကို လက်တင်အမေရိက

မက္ကဆီကိုကမူးယစ်ရာဇာ “အယ်မန်ချို”ကို သူ့ချစ်သူ၏ယုံကြည်ရသူနှင့် အမေရိကန် ထောက်လှန်ရေးအကူအညီပူးပေါင်းပြီးဘယ်လိုထောက်လှမ်းသုတ်သင်နိုင်ခဲ့သလဲ?

  • 2026 ခုနှစ်၊ ဖေ‌ဖော်ဝါရီလ 24 ရက်
  • 86 Views
CNN – ၂၀၂၆ ခုနှစ်၊ ဖေဖော်ဝါရီလ ၂၄ ရက် မက္ကဆီကို လုံခြုံရေးတပ်ဖွဲ့များသည် နိုင်ငံ၏ အလိုရှိဆုံး ဂိုဏ်းခေါင်းဆောင်
နိုင်ငံတကာသတင်း ဗင်နီဇွဲလား လက်တင်အမေရိက

ဗင်နီဇွဲလားသမ္မတ မာဒူရို တစ်ပတ်အတွင်း မဟာမိတ်နှစ်နိုင်ငံ ဆုံးရှုံးသွားခြင်း – ဒေသတွင်းတွင် မည်သည့်မိတ်ဖက်များ ကျန်ရှိနေသေး သနည်း?

  • 2025 ခုနှစ်၊ ဒီဇင်ဘာလ 21 ရက်
  • 271 Views
CNN- ၂၀၂၅ခုနှစ်၊ ဒီဇင်ဘာလ ၂၁ရက် ကာရစ်ဘီယံပင်လယ်အတွင်း ဝါရှင်တန်၏ ရေတပ်အင်အားတိုးချဲ့မှုကို ရင်ဆိုင်နေရစဉ် အတွင်း ဗင်နီဇွဲလားသမ္မတ နီကိုးလပ်စ် မာဒူရိုသည်
နိုင်ငံတကာသတင်း လက်တင်အမေရိက အမေရိကန်

မာဒူရိုမှ သဘောတူညီချက်ကို မလိုက်နာနိုင်ခြင်းသည် ထရန့်အနေနှင့် “ မကြိုးစားသင့်ဘူး” ဟု မဆိုလိုကြောင်းနိုင်ငံခြားရေးဝန်ကြီးက ရူဘီယို ပြောကြား

  • 2025 ခုနှစ်၊ ဒီဇင်ဘာလ 3 ရက်
  • 233 Views
CNN-၂၀၂၅ခုနှစ်၊ ဒီဇင်ဘာလ ၃ရက် CNN သတင်းထောက် အလီးနာ ဖာယာဇ် (Aleena Fayaz) မှ ပေးပို့သော သတင်း နိုင်ငံခြားရေးဝန်ကြီး မာကို ရူဘီယို (Marco Rubio) က ဗင်နီဇွဲလားသမ္မတ နီကိုလက်စ်
နိုင်ငံတကာသတင်း ဗင်နီဇွဲလား လက်တင်အမေရိက အမေရိကန်

အမေရိကန်နှင့် ဗင်နီဇွဲလား ပဋိပက္ခနှင့် ထရမ့်၏ စီမံကိန်းများ

  • 2025 ခုနှစ်၊ နိုဝင်ဘာလ 15 ရက်
  • 310 Views
၂၀၂၅ခုနှစ်၊ နိုဝင်ဘာလ ၁၆ ရက် လက်ရှိ အမေရိကန်ပြည်ထောင်စုနှင့် ဗင်နီဇွဲလားနိုင်ငံတို့အကြား တင်းမာမှုများ မြင့်တက် နေပြီး အဓိကအားဖြင့် မူးယစ်ဆေးဝါး တိုက်ဖျက်ရေး နှင့် ဗင်နီဇွဲလားအစိုးရ အပြောင်းအလဲ တို့နှင့် ဆက်နွှယ်နေပါသည်။ အမေရိကန်နှင့် ဗင်နီဇွဲလားအကြား
နိုင်ငံတကာသတင်း ဗင်နီဇွဲလား လက်တင်အမေရိက အမေရိကန်

ဗင်နီဇွဲလားက အမေရိကန်၏ အကြီးဆုံး စစ်သင်္ဘော ရောက်ရှိလာချိန်တွင် စစ်တပ်၏ ‘လှုပ်ရှားမှုကိုကြီးမားသည့်အတိုင်းအတာဖြင့်တပ်လှန့်’ ထားကြောင်းကို ကြေညာခဲ့

  • 2025 ခုနှစ်၊ နိုဝင်ဘာလ 12 ရက်
  • 292 Views
CNN- ၂၀၂၅ခုနှစ်၊  နိုဝင်ဘာလ ၁၃ရက် ဗင်နီဇွဲလားနိုင်ငံက ကာရစ်ဘီယန်ပင်လယ်အတွင်း အမေရိကန် စစ်သင်္ဘောများနှင့် တပ်ဖွဲ့ဝင်များ တိုးချဲ့ချထားမှုအပေါ် တုံ့ပြန်သည့်အနေဖြင့် စစ်ဘက်ဆိုင်ရာ အင်အား၊ လက်နက်များနှင့် စစ်ပစ္စည်းများကို “ အစုလိုက်အပြုံလိုက်ရွေ့ရှား စုရုံးလှုပ်ရှားမှုများ” ကို စတင်နေပြီဖြစ်ကြောင်း
နိုင်ငံတကာသတင်း လက်တင်အမေရိက

ဟာရီကိန်းမဲလီဆာ (Hurricane Melissa)

  • 2025 ခုနှစ်၊ အောက်တိုဘာလ 29 ရက်
  • 316 Views
၂၀၂၅ခုနှစ်၊ အောက်တိုဘာလ ၂၉ရက် ဟာရီကိန်းမဲလီဆာသည် ကာရစ်ဘီယံဒေသတွင် အလွန်ထင်ရှားပြီး ဆိုးရွားလှသည့် သဘာဝဘေးအန္တရာယ်တစ်ခု ဖြစ်ခဲ့သည်။ အဓိကအချက်အလက်နှင့် ထိခိုက်မှုများ အဆင့်နှင့် အင်အား: ဟာရီကိန်းမဲလီဆာသည် ဂျမေကာနိုင်ငံသို့ ကုန်းတွင်းဝင်ရောက်စဉ်တွင် အဆင့် ၅ (Category 5)
နိုင်ငံတကာသတင်း လက်တင်အမေရိက

အာဏာသိမ်းမှုမအောင်မြင်တာ ပြည်သူတွေရဲ့ ထောက်ခံမှုကြောင့်လို့ဆို

  • 2024 ခုနှစ်၊ ဇူလိုင်လ 1 ရက်
  • 1.63K Views
အာဏာသိမ်းမှုမအောင်မြင်တာ ပြည်သူတွေရဲ့ ထောက်ခံမှုကြောင့်လို့ဆို +++++++++++++++++++++ မအောင်မြင်တဲ့ စစ်အာဏာသိမ်းမှုအပြီး လမ်းမတွေပေါ်က ထောက်ခံမှုတွေဟာ အစိုးရအတွက် အင်အားတစ်ရပ်ဖြစ်လာခဲ့တယ်လို့ ဘိုလီးဗီးယား သမ္မတ လူးဝစ်အာခီက ထုတ်ဖော်ပြောဆိုသွားခဲ့ပြီး သူ့တာဝန်ကို နောက်ဆုံးနေ့အထိ ထမ်းဆောင်သွားမယ်လို့ ပြောသွားခဲ့ပါတယ်။ ပြီးခဲ့တဲ့ဗုဒ္ဓဟူးနေ့က အာဏာသိမ်းဖို့
နိုင်ငံတကာသတင်း ရုရှား-ယူကရိန်းစစ်ပွဲ လက်တင်အမေရိက အမေရိကန်

ရုရှားစစ်သင်္ဘောများ အတ္တလန္တိတ်စစ်ရေး လေ့ကျင့်မှု ပြုလုပ်ပြီးနောက် ကျူးဘားသို့ ဦးတည်နေ

  • 2024 ခုနှစ်၊ ဇွန်လ 13 ရက်
  • 1.71K Views
++++++++++++++++++++++++++++++++++++++++ ဇွန်လ (၁၃) ရက်။ အသံထက်မြန်သည့် ဒုံးကျည်အသစ်များ ပါဝင်သည့် ရုရှားစစ်သင်္ဘောများသည် အတ္တလန္တိတ်စစ်ရေး လေ့ကျင့်မှု ပြုလုပ်ပြီး ကျူးဘားသို့သွားနေပါသည်။ ရုရှားစစ်သင်္ဘောများသည် အတ္တလန္တိတ်သမုဒ္ဒရာအတွင်း စစ်ရေးလေ့ကျင့်မှု ပြုလုပ်ခဲ့ကြောင်းနှင့် ယူကရိန်းနိုင်ငံနှင့်ပတ်သက်ပြီး အနောက်အုပ်စုတို့နှင့် ရုရှားတို့ အကြား