နောက်ဆုံးတင်ဆက်ထားသည်မှာ 2024 ခုနှစ်၊ ဇူလိုင်လ 16 ရက်

လက်တင်အမေရိက

လက်တင်အမေရိက

ကုလသမဂ္ဂ လူ့အခွင့်အရေးကောင်စီ အနေနဲ့ IIMM က ရရှိထားတဲ့ သက်သေအထောက်အထားတွေကို အသုံးပြုပြီး အကြမ်းဖက် စစ်တပ်ကို အရေးယူဖို့ သံအမတ်ကြီး ဦးကျော်မိုးထွန်းပြောကြား

ကုလသမဂ္ဂ လူ့အခွင့်အရေးကောင်စီအနေနဲ့ မြန်မာနိုင်ငံဆိုင်ရာလွတ်လပ်သော စုံစမ်းစစ်ဆေးမှု ယန္တရား (IIMM) က ရရှိထားတဲ့ သက်သေအထောက်အထားတွေကို ထိရောက်ဆောလျင်စွာ အသုံးပြုပြီး အကြမ်းဖက်စစ်တပ်ကို အရေးယူဖို့အတွက် ကုလသမဂ္ဂ ဆိုင်ရာ မြန်မာအမြဲတမ်းကိုယ်စားလှယ် သံအမတ်ကြီး ဦးကျော်မိုးထွန်းက ပြောကြားလိုက်ပါတယ်။


(၇၇) ကြိမ်မြောက် ကုလသမဂ္ဂ အထွေထွေညီလာခံ၊ တတိယကော်မတီမှာ လူ့အခွင့်အရေး မြှင့်တင်ကာကွယ်ရေး ဘာသာရပ် အောက်မှာ လူ့အခွင့်အရေးကောင်စီ (Human Rights Council) မှ ထုတ်ပြန်တဲ့ အစီရင်ခံစာအပေါ်ဆွေးနွေးရာမှာ အခုလိုထည့် သွင်းဆွေးနွေးခဲ့တာပါ။


သံအမတ်ကြီး ဦးကျော်မိုးထွန်းက

ယခုအချိန်က လူ့အခွင့်အရေးကောင်စီအနေနဲ့ ၎င်းရဲ့ လုပ်ပိုင်ခွင့်အတွင်းမှ IIMM မှ လက်ခံရရှိထားတဲ့ သက်သေအထောက်အထားတွေကို ထိရောက်ဆောလျင်စွာ အသုံးပြုရန် အချိန်ကျနေပြီဖြစ်ကြောင်း၊ အဆိုပါ သက်သေအထောက်အထားတွေကို အသုံးပြုရန် သက်ဆိုင်တဲ့ ကုလသမဂ္ဂယန္တယားတွေနဲ့ အခြားယန္တယားတွေကို တိုက်တွန်းရန် လိုအပ်ကြောင်း၊ အဆိုပါ သက်သေအထောက်အထားများကို လုံခြုံရေးကောင်စီကို ပေးပို့နိုင်ရေးအတွက် လူ့အခွင့်အရေးကောင်စီ အနေနဲ့ နည်းလမ်းရှာသင့်ကြောင်း၊ လုံခြုံရေးကောင်စီက ယင်းအထောက်အထားများကို အသုံးပြုပြီး မြန်မာနိုင်ငံ အရေးကိစ္စအား နိုင်ငံတကာရာဇဝတ်ခုံရုံးသို့ လွှဲပြောင်းပေးနိုင်မှာဖြစ်ကြောင်း၊ သို့မှသာ စစ်တပ်ရဲ့ ရက်စက်ကြမ်းကြုတ်သောရန်စွယ်မှ ပြည်သူများရဲ့ အသက်အိုးအိမ်တွေကို ကယ်တင်ပေးနိုင်မှာဖြစ်ကြောင်း

ပြောကြားခဲ့တာပါ။


ဒါအပြင် သံအမတ်ကြီးက သူ့အနေနဲ့ လုံခြုံရေးကောင်စီကို IIMM သက်သေအထောက်အထားတွေကို အသုံးပြုပြီးတော့ နိုင်ငံတကာရာဇဝတ်ခုံရုံးကို လွှဲပြောင်းပေးဖို့ ကြိမ်ဖန်များစွာ တောင်းဆိုခဲ့တယ်ဆိုပြီးတော့လည်း ထည့်သွင်းပြောကြားခဲ့ပါ တယ်။


အကြမ်းဖက်စစ်တပ်ရဲ့ သတ်ဖြတ်ခြင်းခံရတဲ့ ပြည်သူတွေ နေ့စဉ်နဲ့အမျှ မြင့်တက်လျက်ရှိနေပြီး အပြစ်မဲ့ပြည်သူတွေရဲ့ အသက် အိုးအိမ်စည်းစိမ်တွေကို ကယ်တင်ပေးဖို့အတွက် အချိန်က အရေးကြီးတယ်ဆိုတာနဲ့ ပြစ်မှုကျူးလွန်သူတွေကို တရားစီရင်နိုင်ရေး နဲ့ ဒဏ်ခတ်ခြင်း မခံရတဲ့ အစဉ်အလာကို အပြီးတိုင် ရပ်တန့်နိုင်မှာ ဖြစ်တယ်ဆိုပြီးတော့လည်း ပြောကြားထားတာ တွေ့ရပါ တယ်။


ဒါအပြင် မြန်မာနိုင်ငံဆိုင်ရာလွတ်လပ်သော စုံစမ်းစစ်ဆေးမှု ယန္တရား (IIMM) က အကြမ်းဖက်စစ်တပ်ရဲ့ ပြည်သူတွေကို သတ်ဖြတ်တာ၊ ညှဉ်းပန်းနှိပ်စက်တာ၊ ပြည်နှင်ဒဏ်ပေးတာနဲ့ အဓမ္မလွှဲပြောင်းတာ၊ ဖမ်းဆီးချုပ်နှောင်တာ၊ အကျဉ်းချတာနဲ့ ပြည်သူတွေကို ပစ်မှတ်ထားတာ အပါအဝင် ၎င်းတို့ကျူးလွန်လျက်ရှိတဲ့ လူသားမျိုးနွယ်အပေါ် ကျူးလွန်တဲ့ ရာဇဝတ်မှုတွေနဲ့ စစ်ရာဇဝတ်မှုတွေလည်း မြင့်တက်လာလျက်ရှိတယ်လို့ ထုတ်ပြန်ထားပါတယ်။

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.eraseye.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

ဆက်စပ်သတင်းများ

နိုင်ငံတကာသတင်း လက်တင်အမေရိက

အာဏာသိမ်းမှုမအောင်မြင်တာ ပြည်သူတွေရဲ့ ထောက်ခံမှုကြောင့်လို့ဆို

  • 2024 ခုနှစ်၊ ဇူလိုင်လ 1 ရက်
  • 34 Views
အာဏာသိမ်းမှုမအောင်မြင်တာ ပြည်သူတွေရဲ့ ထောက်ခံမှုကြောင့်လို့ဆို +++++++++++++++++++++ မအောင်မြင်တဲ့ စစ်အာဏာသိမ်းမှုအပြီး လမ်းမတွေပေါ်က ထောက်ခံမှုတွေဟာ အစိုးရအတွက် အင်အားတစ်ရပ်ဖြစ်လာခဲ့တယ်လို့ ဘိုလီးဗီးယား သမ္မတ
နိုင်ငံတကာသတင်း ရုရှား-ယူကရိန်းစစ်ပွဲ လက်တင်အမေရိက အမေရိကန်

ရုရှားစစ်သင်္ဘောများ အတ္တလန္တိတ်စစ်ရေး လေ့ကျင့်မှု ပြုလုပ်ပြီးနောက် ကျူးဘားသို့ ဦးတည်နေ

  • 2024 ခုနှစ်၊ ဇွန်လ 13 ရက်
  • 45 Views
++++++++++++++++++++++++++++++++++++++++ ဇွန်လ (၁၃) ရက်။ အသံထက်မြန်သည့် ဒုံးကျည်အသစ်များ ပါဝင်သည့် ရုရှားစစ်သင်္ဘောများသည် အတ္တလန္တိတ်စစ်ရေး လေ့ကျင့်မှု ပြုလုပ်ပြီး ကျူးဘားသို့သွားနေပါသည်။
နိုင်ငံတကာသတင်း လက်တင်အမေရိက

မက္ကဆီကိုနိုင်ငံ၏ ပထမဆုံးသော အမျိုးသမီးသမ္မတ

  • 2024 ခုနှစ်၊ ဇွန်လ 4 ရက်
  • 83 Views
ဇွန်လ (၃) ရက်။ သမ္မတ လိုပက်စ်အိုဘရာဒို (Lopez Obrador) သက်တမ်းကုန်ဆုံးချိန် မက္ကဆီကိုနိုင်ငံတွင် ဒုတိယအကြိမ် သမ္မတရွေးကောက်ပွဲကို ကျင်းပခဲ့ပြီး အာဏာရ Movement National Renewal (Morena) ပါတီမှ မက္ကဆီကို မြို့တော်ဝန်ဟောင်း
နိုင်ငံတကာသတင်း လက်တင်အမေရိက

အမေရိကန်နိုင်ငံခြားရေးမူဝါဒဗိသုကာ ကစ်ဆင်းဂျား

  • 2023 ခုနှစ်၊ ဒီဇင်ဘာလ 3 ရက်
  • 174 Views
တရုတ်-အမေရိကန်ဆက်ဆံရေးကို လမ်းဖွင့်ပေးနိုင်ခဲ့သူ၊ ဗီယက်နမ်ကနေ အမေရိကန်တပ်တွေ ထွက်ခွါဖို့ စေ့စပ်ညှိနှိုင်းပေးနိုင်ခဲ့သူ၊ စစ်အေးကာလအတွင်း ဆိုဗီယက်ယူနီယံနဲ့ ပါဝါချိန်ခွင့်လျှာတည်ဆောက်မှုကို ချိန်ညှိပေးနိုင်ခဲ့သူ၊ နိုင်ငံတကာဆက်ဆံရေးမှာ ပါးနပ်လိမ္မာမှု၊ ဉာဏ်အမျှော်အမြင်ရှိမှု လိုအပ်ရင် ဒီမိုကရေစီစံချိန်စံနှုန်းတွေကို ချနင်းဖို့ ဝန်မလေးတဲ့ အမေရိကန်နိုင်ငံခြားရေးဝန်ကြီးဟောင်း ဟင်နရီ ကစ်ဆင်းဂျားဟာ
လက်တင်အမေရိက သဘာ၀ပတ်ဝန်းကျင် အမေရိကန်

အစ္စရေးကို ဦးတည်နေတဲ့ ဒုံးကျည်တွေကို အမေရိကန်စစ်သင်္ဘောပစ်ချ

  • 2023 ခုနှစ်၊ အောက်တိုဘာလ 20 ရက်
  • 166 Views
ပြည်သူတို့အတွက် ခေတ်မျက်လုံး ချန်နယ် မြန်မာ့နိုင်ငံရေးဖြစ်စဉ်များ၊ ပြည်သူလူထုတို့၏ သိရှိလိုမှု၊ သိသင့်သည့် အမှန်တရားများကို ဖော်ထုတ်သွားမည့် ခေတ်မျက်လုံး Era’sEyes ချန်နယ်သည် ပြည်သူတို့ နှင့်အတူရပ်တည်ကာ ဘက်မလိုက်ဘဲ အမှန်တရားတို့ကို ဖော်ထုတ်တင်ဆက်သွားမှာ ဖြစ်ပါတယ်။ Subscribes ပြုလုပ်ထားခြင်းဖြင့်
လက်တင်အမေရိက အချက်အလက်များ အရှေ့အလယ်ပိုင်း

ဂါဇာတောင်ပိုင်း အပစ်အခတ်ရပ်စဲဖို့ ၃ နိူင်ငံ သဘောတူခဲ့တယ်လို့ အီဂျစ်ရဲ့ ပြောဆိုချက်ကို အစ္စရေးနဲ့ အစ္စလာမ္မစ်အဖွဲ့ ဟားမတ်စ်တို့က ငြင်းဆို။

  • 2023 ခုနှစ်၊ အောက်တိုဘာလ 17 ရက်
  • 135 Views
ဂါဇာကမ်းမြောင်ဒေသတောင်ပိုင်းမှာ အပစ်အခတ်ရပ်စဲဖို့ အီဂျစ်၊ အစ္စရေးနဲ့ အမေရိကန်တို့ သဘောတူညီခဲ့တယ်ဆိုတာနဲ့ပတ်သက်ပြီး အီဂျစ်ရဲ့ ပြောဆိုချက်ကို အစ္စရေးနဲ့ အစ္စလာမ္မစ်အဖွဲ့ ဟားမတ်စ်တို့က အောက်တိုဘာလ (၁၆) ရက်နေ့က ငြင်းဆိုလိုက်ပါတယ်။ ဂါဇာကမ်းမြောင်တောင်ပိုင်း ရာဖာမှာရှိတဲ့ အီဂျစ်နဲ့ နယ်နိမိတ်ဖြတ်ကျော်တဲ့ စစ်ဆေးရေးဂိတ်ကနေ
Exclusive Interview လက်တင်အမေရိက အရှေ့အလယ်ပိုင်း ဥရောပ

ရေခဲမုန့်ကားတွေထဲထည့်ထားရတဲ့ ဂါဇာကရုပ်အလောင်းများ

  • 2023 ခုနှစ်၊ အောက်တိုဘာလ 16 ရက်
  • 122 Views
ဂါဇာမှာ အစ္စရေးရဲ့ တိုက်ခိုက်မှုအောက်မှာ ပါလက်စတိုင်းအရပ်သားပြည်သူတွေ နေ့စဉ်နဲ့အမျှ သေဆုံးမှုတိုးပွားလာနေပါတယ်။ ရုပ်အလောင်းတွေ ထားစရာနေရာမရှိလို့ ဘယ်လိုတွေ စီစဉ်နေရသလဲဆိုတာ ဒီဗီယိုမှာ တွေ့မြင်နိုင်ပါတယ် Subscribes ပြုလုပ်ထားခြင်းဖြင့် အားပေးကြည့်ရှုနိုင်ပါပြီ။
လက်တင်အမေရိက အတွေးအမြင်ကဏ္ဍ ဥရောပ

အစ္စရေး-ပါလက်စတိုင်း စစ်ပွဲနဲ့ပတ်သက်ပြီး ပူတင်က ဘာတွေပြောပါသလဲ။

  • 2023 ခုနှစ်၊ အောက်တိုဘာလ 12 ရက်
  • 142 Views
ပူတင်က ပဋိပက္ခတွေ ချဲ့ထွင်ရာမှာ အရပ်သား အသေအပျောက် နည်းပါးအောင် ဒါမှမဟုတ် သုညအထိ လျှော့ချဖို့ တောင်းဆိုထားပါတယ်။ ရုရှသမ္မတ ဗလာဒီမာပူတင်က အစ္စရေးနဲ့ ဟားမတ်စ်တို့ကြား တိုက်ပွဲတွေမှာ နှစ်ဖက်စလုံးမှ အရပ်သားများ ထိခိုက်သေဆုံးမှု အနည်းဆုံးဖြစ်အောင် ဒါမှမဟုတ်