နောက်ဆုံးတင်ဆက်ထားသည်မှာ 2026 ခုနှစ်၊ ဧပြီလ 18 ရက်

နိုင်ငံတကာသတင်း

နိုင်ငံတကာသတင်း လက်တင်အမေရိက

အာဏာသိမ်းမှုမအောင်မြင်တာ ပြည်သူတွေရဲ့ ထောက်ခံမှုကြောင့်လို့ဆို

အာဏာသိမ်းမှုမအောင်မြင်တာ ပြည်သူတွေရဲ့ ထောက်ခံမှုကြောင့်လို့ဆို +++++++++++++++++++++ မအောင်မြင်တဲ့ စစ်အာဏာသိမ်းမှုအပြီး လမ်းမတွေပေါ်က ထောက်ခံမှုတွေဟာ အစိုးရအတွက် အင်အားတစ်ရပ်ဖြစ်လာခဲ့တယ်လို့ ဘိုလီးဗီးယား သမ္မတ လူးဝစ်အာခီက ထုတ်ဖော်ပြောဆိုသွားခဲ့ပြီး သူ့တာဝန်ကို နောက်ဆုံးနေ့အထိ ထမ်းဆောင်သွားမယ်လို့ ပြောသွားခဲ့ပါတယ်။ ပြီးခဲ့တဲ့ဗုဒ္ဓဟူးနေ့က အာဏာသိမ်းဖို့ ကြံစည်ခဲ့တဲ့ ဘိုလီဗီးယားစစ်တပ်ဟာ လာပက်ဇ်မြို့ဗဟိုရင်ပြင်မှာနေရာယူပြီး သမ္မတနန်းတော်ထဲကို သံချပ်ကာကားတွေနဲ့ ဝင်ရောက်ဖို့ ကြိုးစားခဲ့ရာကနေ ဘိုလီးဗီးယားသမ္မတ လူးဝစ်အာခီဟာ တကမ္ဘာလုံးရဲ့ အာရုံစိုက်ခြင်းခံလာရသူဖြစ်ပါတယ်။ အာဏာသိမ်းဖို့ ကြံစည်သူ စစ်ဗိုလ်ချုပ်ကြီး ဟွမ်ဟိုဆေးဇူနီဂါဟာ တည်ဆဲအစိုးရကိုဖြုတ်ချဖို့ ကြံစည်ခဲ့တာဖြစ်ပါတယ်။ အာဏာသိမ်းဖို့ ကြိုးစားနေချိန်မှာပဲ သမ္မတ လူးဝစ်အာခီက လူဦးရေ 12 သန်းသာရှိတဲ့ ဘိုလီးဗီးယားနိုင်ငံဟာ အာဏာသိမ်းမှုနဲ့ရင်ဆိုင်နေရကြောင်း တိုင်းပြည်ကို ချက်ချင်းကြေညာခဲ့ပြီး ထောက်ခံသူတွေအနေနဲ့ စည်းလုံးမှုရှိကြဖို့ သတိပေးတိုက်တွန်းခဲ့ပါတယ်။ အဲဒီနောက်မှာ သမ္မတ လူဝစ်အာခီဟာ အာဏာသိမ်းဖို့ ကြံစည်သူ ဟွမ်ဟိုဆေးဇူနီဂါကို မျက်နာချင်းဆိုင်အနေအထားနဲ့ လက်နက်ချဖို့ ပြောဆိုခဲ့ပြီး နောက်တစ်နာရီအကြာမှာ စစ်တပ်ဟာ ပြန်လည်ဆုတ်ခွါသွားခဲ့တာဖြစ်ပါတယ်။ အာဏာသိမ်းမှုမအောင်မြင်ခဲ့တဲ့နောက်မှာ ဇူနီဂါနဲ့ အခြားစစ်တပ်အရာရှိ ဒါဇင်ပေါင်းများစွာ ဖမ်းဆီးထိမ်းသိမ်းခံခဲ့ရပါတယ်။ ဘိုလီဗီးယားနိုင်ငံမှာ စစ်အာဏာသိမ်းဖို့ ကြံစည်မှုဟာ ဆယ်စုနှစ် နှစ်ခုအတွင်း အကြိမ်ပေါင်းမြောက်များစွား အခုဖြစ်စဉ်ကတော့ သမိုင်းတလျှောက်အထင်ရှားဆုံးဖြစ်လာခဲ့ပါတယ်။ “ လမ်းမတွေပေါ်က ပြည်သူလူထုရဲ့ထောက်ခံမှုနဲ့ နိုင်ငံတကာရဲ့ ထောက်ခံမှုတွေက ကျတော်တို့ ကိုယ့်အလုပ်ကို ဆက်လုပ်ဖို့ ခွန်အားတစ်ရပ်ဖြစ်စေခဲ့ပါတယ်။ အခုဖြစ်ရပ်ကြောင့် ကျတော်တို့ရဲ့ စိတ်တွေ ဘာမှပြောင်းလဲမသွားပါဘူး။ တာဝန်ကို နောက်ဆုံးနေ့အထိ ထမ်းဆောင်သွားမှာဖြစ်ပါတယ်” လို့ သမ္မတလူးဝစ်အာခီက ရိုက်တာသတင်းဌာနနဲ့ အင်တာဗျူးမှာ ပြောသွားခဲ့တာပါ။ အသက် 60 အရွယ် အာခီဟာ ဓါတ်ငွေ့ထုတ်လုပ်တဲ့ ဘိုလီးဗီးယား စီးပွါးရေးကဏ္ဍမှာ ဘဏ္ဍာရေးအခက်အခဲများနဲ့ ရင်ဆိုင်နေရကြောင်းကိုလည်း ထုတ်ဖော်ပြောဆိုခဲ့ပြီး ဒေါ်လာရှားပါးမှုပြဿနာ၊ လောင်စာဆီပြဿနာတွေကြောင့် ဘိုလီဗီးယားပြည်သူတွေကြားမှာ မကျေနပ်မှုတွေရှိနေတယ်လို့ဆိုပါတယ်။ ဒေါ်လာငွေရှားပါးမှုပြဿနာကို အာခီရဲ့ အုပ်ချုပ်ရေးအစိုးရအဖွဲ့က ဘယ်သူ့ကိုမှ အသိမပေးဘဲ ပြဿနာတွေကို ဖြေရှင်နိုင်မယ့် အစီအမံတွေလုပ်ဆောင်နေခဲ့ရတယ်လို့လည်း ပြောပါတယ်။ တိုင်းပြည်ရဲ့ စီးပွါးရေးအကျပ်အတည်းကို ဖိအားတွေတိုးစေတဲ့ ပြည်တွင်းနဲ့ ပြည်ပရင်းနှီးမြုပ်နှံသူတွေကိုလည်း သမ္မတ အာခီက အပြစ်တင်ခဲ့ပါတယ်။ ———————————— ပြည်သူတို့အတွက် ခေတ်မျက်လုံး ချန်နယ် မြန်မာ့နိုင်ငံရေးဖြစ်စဉ်များ၊ ပြည်သူလူထုတို့၏ သိရှိလိုမှု၊ သိသင့်သည့် အမှန်တရားများကို ဖော်ထုတ်သွားမည့် ခေတ်မျက်လုံး Era’s Eyes ချန်နယ်သည် ပြည်သူတို့နှင့်အတူ ရပ်တည်ကာ ဘက်မလိုက်ဘဲ အမှန်တရားတို့ကို ဖော်ထုတ်တင်ဆက်သွားပါမည်။ Subscribes ပြုလုပ်ထားခြင်းဖြင့် အားပေးကြည့်ရှုနိုင်ပါပြီ။

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.eraseye.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

ဆက်စပ်သတင်းများ

နိုင်ငံတကာသတင်း အမေရိကန် အီရန်

အီရန်၏ ရေလက်ကြားပိတ်ဆို့ရန် နောက်ဆုံးဆုံးဖြတ်ချက်က မကြာမီ သဘောတူညီချက်ရတော့မည်ဟူသော ထရန့်၏ ပြောဆိုချက်အပေါ် သံသယဖြစ်စေ

  • 2026 ခုနှစ်၊ ဧပြီလ 18 ရက်
  • 6 Views
BBC- ၂၀၂၆ခုနှစ်၊ ဧပြီလ ၁၈ရက် နစ်ဘိခ် (Nick Beake) ဂျေရုဆလင်မြို့မှ သတင်းပေးပို့ချက် ဟော်မုဇ်ရေလက်ကြားတွင် အမှန်တကယ် ဘာတွေဖြစ်ပျက်နေသလဲဆိုသည်ကို
နိုင်ငံတကာသတင်း ပြင်သစ် လက်ဘနွမ် အရှေ့အလယ်ပိုင်း

လက်ဘနွန်တွင် ပြင်သစ်စစ်သည်တစ်ဦး သေဆုံးကြောင်း မက်ခရွန် ပြောကြား

  • 2026 ခုနှစ်၊ ဧပြီလ 18 ရက်
  • 10 Views
BBC- ၂၀၂၆ခုနှစ်၊ ဧပြီလ ၁၈ရက် လက်ဘနွန်နိုင်ငံတွင် နိုင်ငံတကာ ငြိမ်းချမ်းရေးထိန်းသိမ်းမှု မစ်ရှင်၌ ပါဝင်ဆောင်ရွက်နေသော ပြင်သစ်စစ်သည်တစ်ဦးသည် ယနေ့နံနက်ပိုင်းက နိုင်ငံတောင်ပိုင်းတွင်
နိုင်ငံတကာသတင်း ရုရှား ရုရှား-ယူကရိန်းစစ်ပွဲ

နာမည်ကြီး ရုရှားလူမှုရေးအလှအပဘလော့ဂါများ ပူတင်၏မူဝါဒများအပေါ် ဒေါသတကြီးဖြင့် ရှားရှားပါးပါး လူသိရှင်ကြား ဝေဖန်တိုက်ခိုက်

  • 2026 ခုနှစ်၊ ဧပြီလ 18 ရက်
  • 12 Views
CNN – ၂၀၂၆ ခုနှစ်၊ ဧပြီလ ၁၈ ရက် “ဗလာဒီမာ ဗလာဒီမာရိုဗစ်ချ်၊ လူတွေက ရှင့်ကို ကြောက်နေကြတယ်” — ဤစကားများသည် မိတ်ကပ်လိမ်းခြယ်နည်းနှင့် လူမှုဘဝပုံစံ (lifestyle) အကြောင်းအရာများကြောင့် လူသိများသည့် ရုရှားအလှမယ်ဘလော့ဂါ
တောင်ကိုးရီးယား တောင်ကိုရီးယား နိုင်ငံတကာသတင်း အစ္စရေး အရှေ့အလယ်ပိုင်း

လူသားတို့၏ ဆင်းရဲဒုက္ခနှင့်ပတ်သက်ပြီး သဘောထားဖော်ပြရာတွင် ဗီဒီယိုအဟောင်းအား အသုံးပြုခဲ့ခြင်းကြောင့် တောင်ကိုရီးယားသမ္မတ အစ္စရေး၏ ဒေါသထွက်မှုကို ခံရ

  • 2026 ခုနှစ်၊ ဧပြီလ 18 ရက်
  • 17 Views
CNN- တောင်ကိုရီးယား – ၂၀၂၆ ခုနှစ်၊ ဧပြီလ ၁၃ ရက် ဆိုးလ်မြို့ — သိမ်းပိုက်ခံထားရသော အနောက်ဘက်ကမ်းခြေ (West Bank) ရှိ အဆောက်အအုံတစ်ခုပေါ်မှ လူသေအလောင်းတစ်ခုအား အစ္စရေးစစ်သားများ တွန်းချနေသည့် ၂၀၂၄
နိုင်ငံတကာသတင်း အမေရိကန် အရှေ့အလယ်ပိုင်း အီရန်

အီရန်က အမေရိကန်၏ ‘ယုံကြည်မှုကိုချိုးဖောက်ခြင်း’ များကြောင့် ဟော်မုဇ်ရေလက်ကြား ကန့်သတ်ချက်များ ပြန်လည်သတ်မှတ်လိုက်ကြောင်း ပြောကြား

  • 2026 ခုနှစ်၊ ဧပြီလ 18 ရက်
  • 18 Views
CNN – ၂၀၂၆ ခုနှစ်၊ ဧပြီလ ၁၈ ရက် အီရန်ဆိပ်ကမ်းများကို အမေရိကန်က ရေတပ်ဖြင့် ပိတ်ဆို့ထားမှုအား ငြိမ်းချမ်းရေး သဘောတူညီချက် မရမချင်း ဆက်လက်ထားရှိမည်ဟု အမေရိကန်သမ္မတ ဒေါ်နယ်ထရန့်က အခိုင်အမာပြောကြားနေချိန်တွင်၊ အီရန်၏ ကြေညာချက်ကြောင့်
နိုင်ငံတကာသတင်း ဟန်ဂေရီ အမေရိကန် ဥရောပ

ဟန်ဂေရီသမ္မတနှင့် တွေ့ဆုံဆွေးနွေးရာတွင် အာဏာကို အမြန်ဆုံးလွှဲပြောင်းပေးရန်မာဂျာ တောင်းဆို

  • 2026 ခုနှစ်၊ ဧပြီလ 18 ရက်
  • 17 Views
BBC- ၂၀၂၆ခုနှစ်၊ ဧပြီလ ၁၇ရက် ဗစ်တာ အော်ဘန် (Viktor Orbán) ၏ ၁၆ နှစ်ကြာ အုပ်ချုပ်မှုကို အဆုံးသတ်လိုက်သည့် ပီတာ မာဂျာ(Péter Magyar)နှင့် ၎င်း၏ပါတီသည် ရွေးကောက်ပွဲတွင် အပြတ်အသတ် အနိုင်ရရှိပြီး
နိုင်ငံတကာသတင်း အမေရိကန်

ထရန့်နှင့် အငြင်းပွားပြီးနောက် စစ်ပွဲများအတွက် ဘီလီယံနှင့်ချီ သုံးစွဲနေသည့် ‘အာဏာရှင်များ’ ကို ပုပ်ရဟန်းမင်းကြီးကထပ်မံဝေဖန်လိုက်ခြင်း

  • 2026 ခုနှစ်၊ ဧပြီလ 16 ရက်
  • 25 Views
ဘီဘီစီ – ၂၀၂၆ ခုနှစ်၊ ဧပြီလ ၁၆ ရက် ပုပ်ရဟန်းမင်းကြီး လီယို (Pope Leo) သည် ကင်မရွန်းနိုင်ငံသို့ သွားရောက်သည့် ခရီးစဉ် အတွင်း ပုံမှန်ထက် ပိုမိုပြင်းထန်သော မှတ်ချက်များဖြင့် စစ်ပွဲများအတွက်
နိုင်ငံတကာသတင်း ယူကရိန်း ရုရှား ရုရှား-ယူကရိန်းစစ်ပွဲ

ရုရှား၏ ဒရုန်းနှင့် ဒုံးကျည်ဖြင့် တိုက်ခိုက်မှုလှိုင်းလုံးများကြောင့် ယူကရိန်းတွင် ၁၅ ဦး သေဆုံး

  • 2026 ခုနှစ်၊ ဧပြီလ 16 ရက်
  • 20 Views
ဘီဘီစီ – ၂၀၂၆ ခုနှစ်၊ ဧပြီလ ၁၆ ရက် ဗုဒ္ဓဟူးနေ့ညပိုင်းက ယူကရိန်းတစ်ဝှမ်းသို့ ရုရှားက ဒရုန်းနှင့် ဒုံးကျည်များဖြင့် အတန်းလိုက် အတန်းလိုက် တိုက်ခိုက်ခဲ့ရာ အနည်းဆုံး လူ ၁၅ ဦး သေဆုံးပြီး