နောက်ဆုံးတင်ဆက်ထားသည်မှာ 2026 ခုနှစ်၊ ဇွန်လ 5 ရက်

မြန်မာသတင်း

မြန်မာသတင်း ဥရောပ

WFP ကို ဥရောပသမဂ္ဂ ယူရိုငွေ ၆ သန်းခွဲပံ့ပိုး စာနပ်ရိက္ခာထောက်ပံ့နိုင်ရန် အတွက်ဟုဆို

ချင်း ၊ကယား ၊မကွေးနဲ့ စစ်ကိုင်းတိုင်း တို့မှ တကယ်အကူညီလိုအပ်နေသူများထံရောက်ရန် ခက်ခဲနေဆဲ

မြန်မာနိုင်ငံမှာ စားနပ်ရိက္ခာ ထောက်ပံ့တာအပြင် ပံ့ပိုးကူညီတာတွေလုပ်ဖို့ ကမ္ဘာ့စားနပ်ရိက္ခာအဖွဲ့ (WFP)ကို ဥရောပသမဂ္ဂက ယူရိုငွေ ၆ သန်းခွဲ လှူဒါန်းလိုက်ကြောင်းသိရသည်။


ဥရောပ သမဂ္ဂ က လှူဒါန်းတဲ့ အဆိုပါ ရန်ပုံငွေဖြင့် မြန်မာနိုင်ငံ အရှေ့တောင်ပိုင်းဒေသတွေ ၊ အနောက်မြောက်ပိုင်းဒေသတွေ ၊ နယ်စပ်ဒေသတွေအပြင် ရန်ကုန်မြို့မှာရှိတဲ့ ဆင်းရဲနွမ်းပါးတဲ့ မြို့နယ်တွေက လူဦးရေ ၈ သိန်းကျော်ကို ထောက်ပံ့ပေးသွားမှာ ဖြစ်ကြောင်း WFP က ဆိုသည်။

WFP ဟာ ပြည်တွင်းက ပဋိပက္ခဒဏ်ခံစားနေရသည့် ဒေသများတွင် ရှိသည့် မိသားစုများကို စားနပ်ရိက္ခာ၊ ငွေသားနဲ့ အာဟာရ အထောက်အပံတွေ ပံ့ပိုးပေးသွားမယ်လို့ ထုတ်ပြန်ထားခြင်းဖြစ်သည်။

ဒီလို ပံ့ပိုးပေးရာမှာ ချင်း ၊ကယား ၊မကွေးနဲ့ စစ်ကိုင်းတိုင်း တို့က တကယ် အကူအညီလိုအပ်နေတဲ့ ပြည်သူတွေဆီ သွားရောက်ကူညီဖို့ ကန့်သတ်ချက်တွေ ရှိနေဆဲ ဖြစ်ကြောင်း WFP က ဝန်ခံ ပြောကြားထားသည်။

စစ်တပ်အာဏာသိမ်းထားတဲ့ မြန်မာနိုင်ငံမှာ လူဦးရေ ၁၅ သန်းဟာ ဝမ်းရေးအခက်အခဲကို အပြင်းအထန်ကြုံတွေ့နေရပြီး အခြေခံစားသောက်ကုန်ဈေးနှုန်းတွေဟာ တစ်နှစ်အတွင်းမှာတင် ၆၂ ရာခိုင်နှုန်းမြင့်တက်လာတယ်လို့ WFP ရဲ့အချက်အလက်တွေအရသိရသည်

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.eraseye.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

ဆက်စပ်သတင်းများ

မြန်မာသတင်း

အုတ်ဖိုတိုက်ပွဲ စစ်တပ်ဘက်က စစ်ကြောင်းမှူးအပြင် (၁၂)ဦးသေဆုံးခဲ့

  • 2026 ခုနှစ်၊ ဇွန်လ 3 ရက်
  • 25 Views
အုတ်ဖိုတိုက်ပွဲ စစ်တပ်ဘက်က စစ်ကြောင်းမှူးအပြင် (၁၂)ဦးသေဆုံးခဲ့ ‌ဇွန်လ (၃)ရက်။ မေလ (၂၂)ရက်နေ့ ညနေ (၅)နာရီအချိန်က အုတ်ဖိုမြို့ ကျီးပြတ်ရွာမှာ
မြန်မာသတင်း

မင်းတပ်မြို့အနီး စစ်တပ်နဲ့ ချင်းပူးပေါင်းတပ်တို့ တိုက်ပွဲပြင်းထန်နေ

  • 2026 ခုနှစ်၊ ဇွန်လ 3 ရက်
  • 28 Views
‌ဇွန်လ (၃)ရက်။ မေလ (၃၀)ရက်နေ့ကစပြီး မင်းတပ်မြို့နဲ့ (၁၀)မိုင်ခန့်အကွာမှာ စစ်တပ်နဲ့ ချင်းပူးပေါင်းတပ်တို့ တိုက်ပွဲပြင်းထန်နေတယ်လို့ မြို့နယ်စစ်ဘေးရှောင်စခန်း စီမံခန့်ခွဲမှုကော်မတီထံက သိရပါတယ်။
မြန်မာသတင်း

ဧရာဝတီတိုင်းထဲ တိုက်ပွဲတွေမှာ စစ်ကောင်စီရဲ့ စစ်မှုထမ်းတပ်သားသစ်တွေ အများအပြားသေဆုံးနေ

  • 2026 ခုနှစ်၊ ဇွန်လ 3 ရက်
  • 23 Views
‌ဇွန်လ (၃)ရက်။ ဧရာဝတီတိုင်းရှိ သာပေါင်း၊ ရေကြည်နဲ့ လေးမျက်နှာမြို့တို့မှာ စစ်ကောင်စီနဲ့ တော်လှန်ရေးတပ်တို့အကြား တိုက်ပွဲတွေ ပြင်းထန်နေတယ်လို့ ဒေသထဲစစ်ရေးသတင်းတွေထံက သိရပါတယ်။ အဲ့ဒီတိုက်ပွဲတွေမှာ စစ်ကောင်စီက အတင်းအဓမ္မစုဆောင်းထားတဲ့ စစ်မှုထမ်းတပ်သားသစ်တွေ အများအပြား သေဆုံးနေပြီး ရုပ်အလောင်းတွေကို ပြန်သယ်နိုင်တာမရှိဘူးလို့
မြန်မာသတင်း

လယ်ဒိုမှာ စစ်တပ်ရဲ့ လက်နက်ကြီးကြောင့် အရပ်သား (၃)ဦး သေဆုံးခဲ့

  • 2026 ခုနှစ်၊ ဇွန်လ 3 ရက်
  • 29 Views
ဇွန်လ (၃)ရက်။ မေလ (၃၀)ရက်နေ့က လယ်ဒိုမြို့ အင်တိုင်းကုန်းရွာကို စစ်တပ်က လက်နက်ကြီးနဲ့ ပစ်ခတ်ခဲ့တယ်လို့ KNU ရဲ့ မနေ့က ထုတ်ပြန်ထားချက်အရ သိရပါတယ်။ “ ခမရ(၂၆၄)ကနေ ၁၅၅မမ ဟောင်ဝှစ်ဇာလက်နက်ကြီးနဲ့ ပစ်ခတ်ခဲ့တာ။ အင်တိုင်းကုန်းရွာထဲကျပြီး
နိုင်ငံတကာသတင်း ယူကရိန်း ရုရှား ရုရှား-ယူကရိန်းစစ်ပွဲ ဥရောပ

လပေါင်းများစွာအတွင်း အပြင်းထန်ဆုံး စစ်ဆင်ရေးတစ်ခုအဖြင့် ယူကရိန်း၏ အဓိကမြို့ကြီးများကို ရုရှား အပြင်းအထန် ဗုံးကြဲတိုက်ခိုက်

  • 2026 ခုနှစ်၊ ဇွန်လ 3 ရက်
  • 20 Views
CNN – ၂၀၂၆ ခုနှစ်၊ ဇွန်လ ၃ ရက် ကီးဗ်၊ ယူကရိန်း — မော်စကိုသည် အင်္ဂါနေ့အစောပိုင်းက ယူကရိန်းနိုင်ငံအပေါ် သေကြေ ပျက်စီးမှုများပြားသည့် လေကြောင်းတိုက်ခိုက်မှုတစ်ခုကို ဆင်နွှဲခဲ့ပြီး၊ မြို့တော်ကီးဗ် (Kyiv) နှင့်
မြန်မာသတင်း

ထားဝယ်တိုက်ပွဲ စစ်ကောင်စီတပ်သား (၂)ဦးသေဆုံးခဲ့တယ်လို့ ဒူကရစစ်ကြောင်း ထုတ်ပြန်

  • 2026 ခုနှစ်၊ ဇွန်လ 2 ရက်
  • 32 Views
ဇွန်လ (၂)ရက်။ မေလ (၂၀)ရက်နေ့က ထားဝယ်မြို့ ပခပ်အင်းရွာမှာ စစ်ကောင်စီတပ်နဲ့ ထိတွေ့တိုက်ပွဲဖြစ်ပွားခဲ့တယ်လို့ ဒူကရစစ်ကြောင်းရဲ့ ဒီကနေ့မှာ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ “ ပကာရီရွာဘက်ကနေ ရေဝိုင်းရွာဘက်ကို အင်အား(၂၀၀)လောက်နဲ့ စစ်ကြောင်းထိုးလာတဲ့ စကစတပ်နဲ့ ပခပ်အင်းရွာမှာ တိုက်ပွဲဖြစ်ပွားတာ။
နိုင်ငံတကာသတင်း မြန်မာသတင်း အာရှ အိန္ဒိယ

မင်းအောင်လှိုင်ရဲ့ သမ္မတအနေနဲ့ ပထမဆုံး ပြည်ပခရီးစဉ် လာရောက်တာကို ဂုဏ်ယူတယ်ဆိုပြီး မိုဒီပြော

  • 2026 ခုနှစ်၊ ဇွန်လ 2 ရက်
  • 29 Views
‌ဇွန်လ (၂)ရက်။ မင်းအောင်လှိုင်ဟာ သမ္မတ ရွေးချယ်ခံရပြီးနောက် ပထမဆုံး ပြည်ပခရီးစဉ်အနေနဲ့ အိန္ဒိယကို လာရောက်တဲ့အပေါ် ဂုဏ်ယူတယ်ဆိုပြီး ဝန်ကြီးချုပ် မိုဒီက မနေ့က တွေ့ဆုံပွဲမှာ ပြောဆိုခဲ့တယ်လို့ သိရပါတယ်။ နိုင်ငံရဲ့အာဏာကို လက်နက်အားကိုးနဲ့ အတင်းအဓမ္မလုယူပြီး အတုအယောင်ရွေးကောက်ပွဲ