ယင်းမာပင် – ဆားလင်းကြီး ရွာပေါင်းစုံသပိတ်သည် ရက်ပေါင်း (၆၁၀) မြောက်အဖြစ် အကြမ်းဖက် စစ်တပ်ကျရှုံးရေး ယနေ့ နိုဝင်ဘာ (၁၁) ရက် က ဆန္ဒပြချီတက်ခဲ့ကြသည်။
ဆန္ဒပြ ဒေသခံ ပြည်သူများက “Stop Holding useless Asean 5points consensus!“၊ “အလုပ်မဖြစ်တဲ့ အာဆီယံမူငါးချက် စွဲကိုင်နေတာ ချက်ချင်းရပ်။” ဆိုသည့် စာသားပါ ဘန်နာများ ကိုင်ဆောင်ကာ အကြမ်းဖက်စစ်အာဏာရှင် အမြစ်ပြတ်ချေမှုန်းရေး ချီတက်ဆန္ဒပြခဲ့ကြခြင်းဖြစ်သည်။












ဒေသခံတော်လှန်ပြည်သူများသည် နယ်မြေမငြိမ်သက်မှုများ ရှိနေသည့် အနေထားများက အကြမ်းဖက်စစ်တပ်ကျရှုံးရေး ဆန္ဒပြသပိတ်ကို နေ့စဉ်ချီတက် ဆန္ဒထုတ်ဖော်နေကြခြင်းဖြစ်သည်။