နောက်ဆုံးတင်ဆက်ထားသည်မှာ 2026 ခုနှစ်၊ မတ်လ 27 ရက်

မြန်မာသတင်း

မြန်မာသတင်း

မန္တလေး မြို့တော်ဝန် ဒေါက်တာရဲလွင် ကို စစ်ကောင်စီ အမှုထပ်တိုး

အမျိုးသားဒီမိုကရေစီ အစိုးရအဖွဲ့ မန္တလေး စည်ပင်ဝန်ကြီး ဒေါက်တာရဲလွင် နှင့် ကော်မတီဝင် ဦးကျော်ဇေယျတို့ကို လွတ်ရက်စေ့ပေမယ့် ပြန်မလွှတ်ဘဲ အမှုထပ်မံတိုးပြီး တရားစွဲဆိုထားကြောင်းသိရသည်။

ထပ်တိုးစွဲထားတဲ့ အမှုတွေအတွက် အိုးဘိုထောင်တွင်း တရားရုံးမှာ စစ်ဆေးမှုတွေပြုလုပ်သွားမှာဖြစ်ကြောင်းသိရသည်။

ဆူပူအောင်လှုံဆော်မှု နှင့် စစ်တပ်ကအာဏာသိမ်းပြီးနောက် ဖမ်းဆီးကာ ထောင် ၂ နှစ်စီချထားတဲ့ မြို့တော်ဝန် ဒေါက်တာရဲလွင် နှင့် စည်ပင်ကော်မတီဝင် ဦးကျော်ဇေယျတို့ဟာ ပြီးခဲ့တဲ့ နိုဝင်ဘာလအတွင်းက လွတ်ရက်စေ့ခဲ့ပေမယ့် စစ်ကောင်စီက ပြန်မလွှတ်ပေးခဲ့ခြင်းဖြစ်သည်။

ယခုအခါပြန်မလွှတ်ပေးသည့်အမြပင် နိုင်ငံပိုင်ပစ္စည်း အလွဲသုံးစားအမှု ရာဇသတ်ကြီးပုဒ်မှ ၄၀၉ နှင့် ထပ်တိုး တရားစွဲဆိုခြင်းပြုလုပ်ခဲ့တာဖြစ်ပါတယ်။ အဆိုပါပုဒ်မဟာ ထောင်ဒဏ် ၁၀ နှစ်ကနေ ထောင်ဒဏ် တစ်သက်တကျွန်းအထိ ချနိုင်တဲ့ပုဒ်မ ဖြစ်ကြောင်းသိရသည်။

နိုင်ငံရေးလေ့လာသုံးသပ်သူများကတော့ ယခုလုပ်ရပ်သည် စစ်ကောင်စီ အနေဖြင့် NLD အဖွဲ့ဝင်များ ၎င်းနှင့် ပတ်သက်သူများကို အညှိုးတေးထားလုပ်ဆောင်နေခြင်းဖြစ်နိုင်ကြောင်း သုံးသပ်ပြောဆိုနေကြသည်။

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.eraseye.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

ဆက်စပ်သတင်းများ

မြန်မာသတင်း

စစ်တပ် ခေါင်းဆောင်ပိုင်း အပြောင်းအလဲရှိမယ်ဆိုပြီး ဒုစစ်ခေါင်းဆောင် စိုးဝင်းပြော

  • 2026 ခုနှစ်၊ မတ်လ 27 ရက်
  • 4 Views
မတ်လ (၂၇)ရက်။ ဒီကနေ့ တပ်မတော်နေ့နောက်ပိုင်းမှာ စစ်တပ်ရဲ့ ခေါင်းဆောင်ပိုင်း အပြောင်းအလဲရှိမယ်ဆိုပြီး ဒုစစ်ခေါင်းဆောင် စိုးဝင်းက ‌ပြည်တွင်းသတင်းဌာနအချို့မှာ ပြောဆိုခဲ့တယ်လို့ သိရပါတယ်။
မြန်မာသတင်း

မကွေးလေတပ်စခန်း ရှော့တိုက်ဒုံးတွေနဲ့ ပစ်ခတ်ခံရ

  • 2026 ခုနှစ်၊ မတ်လ 27 ရက်
  • 5 Views
မတ်လ (၂၇)ရက်။ မတ်လ (၂၅)ရက်နေ့ ည (၁၁)နာရီ (၂၀)မိနစ်အချိန်က စစ်ကော်မရှင်ရဲ့ မကွေးလေတပ်စခန်းကို ရှော့တိုက်ဒုံးတွေနဲ့ ပစ်ခတ်ခဲ့တယ်လို့ BWM
မြန်မာသတင်း

ဒီကနေ့ဆင်နွှဲနေတဲ့ ဒီမိုကရေစီတိုက်ပွဲဟာ ဒုတိယဖက်ဆစ်တော်လှန်ရေးလို့ CRPH ထုတ်ပြန်

  • 2026 ခုနှစ်၊ မတ်လ 27 ရက်
  • 5 Views
မတ်လ (၂၇)ရက်။ ဒီကနေ့ ဆင်နွှဲနေတဲ့ ဒီမိုကရေစီတိုက်ပွဲဟာ ဒုတိယဖက်ဆစ်တော်လှန်ရေးလို့ CRPH ရဲ့ (၈၁)နှစ်မြောက် ဖက်ဆစ်တော်လှန်ရေးနေ့သဝဏ်လွှာမှာ ပြောဆိုထားတယ်လို့ သိရပါတယ်။ အခုအခါမှာ မြန်မာပြည်သူလူထုအနေနဲ့ တစ်ကျော့ပြန် ပေါ်ပေါက်လာတဲ့ ပြည်တွင်းဖက်ဆစ်စနစ်ဆိုးကို ရင်ဆိုင်နေကြရပြီး အကြမ်းဖက်စစ်အုပ်စုရဲ့ လုပ်ရပ်တွေဟာ
မြန်မာသတင်း

စလင်းနယ်မှာ စစ်တပ်စစ်ကြောင်းကြောင့် ရွာပေါင်း (၆)ရွာ ထွက်ပြေးတိမ်းရှောင်နေရ

  • 2026 ခုနှစ်၊ မတ်လ 26 ရက်
  • 33 Views
မတ်လ (၂၆)ရက်။ မနေ့က စလင်းနယ်မှာ အင်အား (၆၀)ခန့်ပါတဲ့ စစ်တပ်စစ်ကြောင်းဟာ ကျေးရွာတွေကို စစ်ကြောင်းထိုး ဝင်ရောက်တာတွေ ပြုလုပ်ခဲ့တယ်လို ပြည်သူ့ညီနောင်-စလင်းရဲ့ ဒီကနေ့မှာ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ “ ဇီးအုပ်ဘုန်းကြီးကျောင်းကို စစ်တပ်က ဒရုန်းနဲ့ ဗုံးသီးကြဲချပြီးတော့
မြန်မာသတင်း

စလင်းနယ်မှာ စစ်တပ်စစ်ကြောင်းကြောင့် ရွာပေါင်း (၆)ရွာ ထွက်ပြေးတိမ်းရှောင်နေရ

  • 2026 ခုနှစ်၊ မတ်လ 26 ရက်
  • 23 Views
မတ်လ (၂၆)ရက်။ မနေ့က စလင်းနယ်မှာ အင်အား (၆၀)ခန့်ပါတဲ့ စစ်တပ်စစ်ကြောင်းဟာ ကျေးရွာတွေကို စစ်ကြောင်းထိုး ဝင်ရောက်တာတွေ ပြုလုပ်ခဲ့တယ်လို ပြည်သူ့ညီနောင်-စလင်းရဲ့ ဒီကနေ့မှာ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ “ ဇီးအုပ်ဘုန်းကြီးကျောင်းကို စစ်တပ်က ဒရုန်းနဲ့ ဗုံးသီးကြဲချပြီးတော့
မြန်မာသတင်း

ရေးမြိုမြောက်ပိုင်းမှာ စစ်ကြောင်းထိုးနေတဲ့ စစ်ကောင်စီတပ် ဒရုန်းနဲ့ ဗုံးကြဲတိုက်ခိုက်ခံရ

  • 2026 ခုနှစ်၊ မတ်လ 26 ရက်
  • 33 Views
မတ်လ (၂၆)ရက်။ အခုလ ဒုတိယပတ်ကစပြီး ရေးမြိုမြောက်ပိုင်းထဲ စစ်ကြောင်းထိုးနေတဲ့ စစ်ကောင်စီတပ်ကို တော်လှန်ရေးတပ်တွေက ဒရုန်းနဲ့ ဆက်တိုက် ဗုံးကြဲခဲ့တယ်လို MSFC ရဲ့ ဒီကနေ့မှာ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ မတ်လ (၉)ရက်နေ့ နေ့လယ် (၂)နာရီအချိန်က
မြန်မာသတင်း

တမူးအခြေစိုက် NLA က MOD နဲ့ ပူးပေါင်း

  • 2026 ခုနှစ်၊ မတ်လ 26 ရက်
  • 25 Views
မတ်လ (၂၆)ရက်။ မတ်လ (၂၀)ရက်နေ့က တမူးဒေသခြေစိုက် အမျိုးသားလွတ်မြောက်ရေးတပ်တော်(NLA)က MOD နဲ့ ပူးပေါင်းခဲ့တယ်လို ဒီကနေ့မှာ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ NLA ဟာ ၂၀၂၁ခုနှစ် ဩဂုတ်လ (၂၃)ရက်နေ့မှာ Myanmar Federal Army(MFA)နာမည်နဲ့
မြန်မာသတင်း

ပြန်လွတ်လာတဲ့ နိုင်/ကျဉ်းသူတွေ ပြည်ပထွက်ခွင့် စစ်ကောင်စီ ကန့်သတ်ထား

  • 2026 ခုနှစ်၊ မတ်လ 26 ရက်
  • 24 Views
မတ်လ (၂၆)ရက်။ ထောင်တွေကနေ မတရားဖမ်းဆီးခံရပြီး ပြန်လွတ်လာတဲ့ နိုင်ငံရေးအကျဉ်းသူတွေကို စစ်ကောင်စီက ပြည်ပထွက်ခွာခွင့် ကန့်သတ်ထားတယ်လို့ နိုင်ငံရေးအကျဉ်းသူများအဖွဲ့ရဲ့ ဒီကနေ့မှာ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ နိုင်ငံရေးအကျဉ်းသူတွေဟာ ဖမ်းဆီးခံထားရချိန် မှတ်ပုံတင်ကဒ်တွေ သိမ်းဆည်းခံရသလို ပြန်လွတ်လာတဲ့အချိန်မှာ ပြန်မပေးသလို အသစ်လျှောက်ရာမှာလဲ