နောက်ဆုံးတင်ဆက်ထားသည်မှာ 2025 ခုနှစ်၊ ဇွန်လ 13 ရက်

သဘာ၀ပတ်ဝန်းကျင်

သဘာ၀ပတ်ဝန်းကျင်

မန္တလေးတွင် အင်အား ၅ ဒသမ၂ အဆင့်ရှိ ငလျင်လှုတ်ခတ် ၊ စစ်ကိုင်း ၊ မင်းကွန်း ဘက်ရှိ ရှေးဟောင်း စေတီ ပုထိုးတော်များ ထိခိုက်ပျက်စီး

မန္တလေးမြို့တွင် ဒီဇင်ဘာ (၁၅) ရက် နံနက် ၃ နာရီ ခွဲခန့်က အင်အားအသင့်အတင့်ရှိ ငလျင် လှုတ်ခတ်မှုဖြစ်ပွားခဲ့သည်။ မိုးဇလ၏ ထုတ်ပြန်ချက်အရ အင်အား ရစ်(ချ)တာစကေး ၅ ဒသမ၂ အဆင့်ရှိ အင်အားအသင့်တင့်ရှိ မြေငလျင်လှုပ်ခတ်ခဲ့ကြောင်းသိရသည်။ အဆိုပါ ငလျင်ကြောင့် သမိုင်းဝင်ရှေးဟောင်းစေတီပုထိုးများ ထိခိုက်ပျက်စီးမှုများ ဖြစ်ပေါ်ခဲ့ရသည်။

စစ်ကိုင်းတိုင်း မင်းကွန်း ပုထိုးတော်ကြီး၏ ခြင်္သေ့ကြီး အပါအဝင် ရှေးဟောင်း အဆောက်အဦး အချို့ နှင့်အင်း၀မြို့က ရှေးဟောင်းစေတီအချို့လည်း ထီးတော်များ မြေခခဲ့ရပြီး ရှေးဟောင်း နန်းမတော်မယ်နု အုတ်ကျောင်းသည်လည်း ငလျင်ဒဏ်ကြောင့် အက်ကြောင်းများ ဖြစ်ပေါ်ခဲ့ကြောင်း သိရသည်။

ငလျင်ဒဏ်ကြောင့် လူနေအိမ် မှန်ပြတင်းများကွဲကာပွင့်ထွက်သွားတာတွေရှိပြီး အိမ်ရှိပစ္စည်းများထိခိုက်ပျက်စီးခဲ့ရပြီး လူထိခိုက်မှု ကိုတော့ မသိရှိရသေးပေ။

စက္ကန့်ပိုင်းမျှလှုပ်ခဲ့ပြီး အင်အားအတန်သင့်ရှိတဲ့ အဆိုပါ ငလျင်သည် မန္တလေး-စစ်ကိုင်း ငလျင် ပြတ်ရွေ့ကြောကြီးနှင့် ဆက်နွယ်နေနိုင်သဖြင့် လူထုကစိုးရိမ်ပူပန်နေကြသည်။ ငလျင်ဒဏ် အရှိန်ပြင်းထန်သဖြင့် လူတိုင်းနီးပါး သိသိသာသာ ခံစားခဲ့ကြရကြောင်း မန္တလေး ၊ စစ်ကိုင်း ဒေသခံများက ပြောဆိုကြသည်။ငလျင်ဒဏ်ကို မန္တလေး ၊စစ်ကိုင်း ၊ အင်း၀ နှင့် တံတားဦး မြို့များတွင် သိသာစွာခံစားကြရကြောင်း သိရသည်။

စစ်ကိုင်းတိုင်း မင်းကွန်းဒေသ၏ နာမည်ကျော် ကြီးလေးကြီး ထဲတွင်ပါဝင်သည့် ခြင်္သေ့ကြီး ရုပ်တုမှာ မူလအက်ကြောင်းရာရှိနေသည့် လက်မောင်းရင်းဘက်က ပဲ့ကျသွား ကြောင်းသိရသည်။

ထို့အပြင် မင်းကွန်းကျေးရွာမှာ တည်ရှိသည့် မြသိန်းတန်စေတီတော်မှာလည်း ငလျင်ဒဏ်ကြောင့် စိန်ဖူးတော် နှင့် ငှက်မြတ်နားတော် တို့ မြေခခဲ့ရပြီး အက်ကွဲကြောင်းများ ဖြစ်ပေါ်ခဲ့ရကြောင်း သိရသည်။

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.eraseye.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

ဆက်စပ်သတင်းများ

ဆောင်းပါးများ တရုတ် နိုင်ငံတကာသတင်း သဘာ၀ပတ်ဝန်းကျင် အမေရိကန်

မြေရှားသတ္ထုတွင်းထွက်သတ္တုများဆိုသည်မှာ ဘယ်အရာကို ဆိုလိုသနည်း၊ ၎င်းတို့သည် ထရန့်၏ ကုန်သွယ်ရေးစစ်ပွဲတွင် အဘယ်ကြောင့် အဓိကကျသနည်း။

  • 2025 ခုနှစ်၊ ဇွန်လ 4 ရက်
  • 46 Views
၂၀၂၅ ခုနှစ်၊ ဇွန်လ ၃ရက် တရုတ်နှင့် အမေရိကန် ကုန်သွယ်ရေးစစ်ပွဲတွင် အဓိကအတားအဆီးတစ်ခု ရှိသည်။ ထိုအရာမှာ မြေရှားသတ္တုများ ဖြစ်သည်။
ဆောင်းပါးများ နည်းပညာ ဘာသာပြန်ဆောင်းပါး မြန်မာသတင်း သဘာ၀ပတ်ဝန်းကျင်

မြေရှားသတ္တု ကျိန်စာသင့်နေသော မြန်မာနိုင်ငံ

  • 2024 ခုနှစ်၊ ဩဂုတ်လ 11 ရက်
  • 880 Views
‘အနစ်နာခံရပ်ဝန်း’ မြန်မာနိုင်ငံသည် ပြည့်ဖြိုးမြဲစွမ်းအင်၏ ဘေးဒဏ်ကို ခံစားနေရသည်။ အေပီ သတင်းထောက်များဖြစ်သော DAKE KANG၊ VICTORIA MILKO နှင့်
လက်တင်အမေရိက သဘာ၀ပတ်ဝန်းကျင် အမေရိကန်

အစ္စရေးကို ဦးတည်နေတဲ့ ဒုံးကျည်တွေကို အမေရိကန်စစ်သင်္ဘောပစ်ချ

  • 2023 ခုနှစ်၊ အောက်တိုဘာလ 20 ရက်
  • 604 Views
ပြည်သူတို့အတွက် ခေတ်မျက်လုံး ချန်နယ် မြန်မာ့နိုင်ငံရေးဖြစ်စဉ်များ၊ ပြည်သူလူထုတို့၏ သိရှိလိုမှု၊ သိသင့်သည့် အမှန်တရားများကို ဖော်ထုတ်သွားမည့် ခေတ်မျက်လုံး Era’sEyes ချန်နယ်သည် ပြည်သူတို့ နှင့်အတူရပ်တည်ကာ ဘက်မလိုက်ဘဲ အမှန်တရားတို့ကို ဖော်ထုတ်တင်ဆက်သွားမှာ ဖြစ်ပါတယ်။ Subscribes ပြုလုပ်ထားခြင်းဖြင့်
Exclusive Interview Myanmar Politics မြန်မာသတင်း ရာသီဥတု သဘာ၀ပတ်ဝန်းကျင်

နှစ်ပေါင်း ၆၀ အတွင်းရေကြီးမှုစံချိန်တင်ခဲ့တဲ့ ပဲခူး

  • 2023 ခုနှစ်၊ အောက်တိုဘာလ 13 ရက်
  • 368 Views
ပြီးခဲ့တဲ့ အောက်တိုဘာလ ၈ ရက်နေ့က စတင်ခဲ့တဲ့ ပဲခူးရေကြီးမှုဟာ နှစ်ပေါင်း ၆၀ အတွင်း စံချိန်တင်ခဲ့ပါတယ်။ လူ ၂ သောင်းလောက် ကယ်ဆယ်ရေးစခန်းတွေမှာ ခိုလှုံခဲ့ရသလို အိမ်တွေထဲမှာ ပိတ်မိနေတဲ့ ဒေသခံတွေ အများအပြားလည်း ရှိခဲ့ပါတယ်။
သဘာ၀ပတ်ဝန်းကျင် အချက်အလက်များ အတွေးအမြင်ကဏ္ဍ အရှေ့အလယ်ပိုင်း ဥရောပ

အစ္စရေးလေကြောင်းတိုက်ခိုက်မှုအကြားက ပြေးစရာမြေမရှိတဲ့ ပါလက်စတိုင်းပြည်သူများ

  • 2023 ခုနှစ်၊ အောက်တိုဘာလ 12 ရက်
  • 356 Views
ဂါဇာကမ်းမြောင်ဒေသ၊ ပါလက်စတိုင်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ဂါဇာကမ်းမြောင်ဒေသကို ထိန်းချုပ်ထားသည့် ဟားမတ်စ်အဖွဲ့က အစ္စရေးကို အောက်တိုဘာလ (၇) ရက်နေ့ မနက်အစောပိုင်းမှာ အလစ်အငိုက် တိုက်ခိုက်ခဲ့ရာ ဂါဇာရှိ ပါလက်စတိုင်းပြည်သူတွေရဲ့ လေးစားမှုနဲ့ စိုးရိမ်မှုများ ရောပြွမ်းလာနေကြပါတယ်။ ဂါဇာကမ်းမြောင်ဒေသခံများက ဟားမတ်စ်တိုက်ခိုက်မှုကို ကြိုဆိုကြပြီး
လက်တင်အမေရိက သဘာ၀ပတ်ဝန်းကျင် အမေရိကန် အရှေ့အလယ်ပိုင်း ဥရောပ

အမေရိကန်နဲ့ ပါလက်စတိုင်း အရပ်သားတွေကို ဂါဇာကမ်းမြောင်ဒေသကနေ အီဂျစ်ကို ထွက်ခွာခွင့်ပေးဖို့ ဆွေးနွေးပွဲများ စတင်

  • 2023 ခုနှစ်၊ အောက်တိုဘာလ 12 ရက်
  • 381 Views
ဂါဇာကမ်းမြောင်ဒေသကို အစ္စရေးစစ်တပ်က မြေပြင်ကနေ ဝင်ရောက်တိုက်ခိုက်မှု မပြုလုပ်ခင် အမေရိကန်နဲ့ ပါလက်စတိုင်း အရပ်သားတွေကို ဂါဇာကမ်းမြောင်ဒေသကနေ အီဂျစ်ကို ထွက်ခွာခွင့်ပေးဖို့ ဆွေးနွေးပွဲများ စတင်ပြုလုပ်နေပြီ ဖြစ်တယ်လို့ အစ္စရေးအကြီးတန်းအရာရှိတစ်ဦးက ထုတ်ဖော်ပြောဆိုခဲ့ပါတယ်။ လက်ရှိ ဆွေးနွေးနေတဲ့ အဆိုပြုချက်ဟာ အမေရိကန်
လက်တင်အမေရိက သဘာ၀ပတ်ဝန်းကျင်

အာဖဂန်နစ္စတန်နိုင်ငံအနောက်ခြမ်းမှာ ငလျင်လှုပ်ခတ်လို့ လူ ၂၀၀၀ ကျော်သေဆုံး

  • 2023 ခုနှစ်၊ အောက်တိုဘာလ 8 ရက်
  • 348 Views
အာဖဂန်နစ္စတန်နိုင်ငံအနောက်ခြမ်းမှာ ငလျင်လှုပ်ခတ်မှုကြောင့် လူပေါင်း ၂၀၀၀ ကျော် သေဆုံးခဲ့တယ်လို့ အာဖဂန်ကြားဖြတ် တာလီဘန်အစိုးရက မနေ့က အောက်တိုဘာလ (၈) ရက်နေ့က ကြေညာလိုက်ပါတယ်။ အောက်တိုဘာလ (၇) ရက်နေ့ မနက် ၁၁ နာရီက ပြင်းအား
သဘာ၀ပတ်ဝန်းကျင် အချက်အလက်များ ဥရောပ

လူဦးရေ ၆၀၀၀ ကျော်သာ ရှိသော ကျွန်းတစ်ကျွန်းသို့ ရွှေ့ပြောင်းအခြေချသူ ၇၀၀၀ ခန့် ဝင်ရောက်လာမှုကြောင့် အီတလီ အခက်တွေ့။

  • 2023 ခုနှစ်၊ စက်တင်ဘာလ 17 ရက်
  • 822 Views
မြေထဲပင်လယ်အတွင်း နှစ်ရက်အတွင်း အီတလီနိုင်ငံ လမ်ပီဒူဆာ (Lampedusa) ကျွန်းသို့ တတိယနိုင်ငံများသို့ ရွှေ့ပြောင်းအခြေချသူ ၇၀၀၀ ခန့် ဝင်ရောက်လာမှုကြောင့် ဒေသဆိုင်ရာ ခေါင်းဆောင်များနှင့် ကုလသမဂ္ဂတို့က ၎င်းတို့၏ တုံ့ပြန်နိုင်စွမ်း ကန့်သတ်ချက်အပေါ် သတိပေးသံများ ထွက်ပေါ်လာခဲ့သည်။ လမ်ပီဒူဆာသည်