နောက်ဆုံးတင်ဆက်ထားသည်မှာ 2026 ခုနှစ်၊ ဇူလိုင်လ 5 ရက်

သဘာ၀ပတ်ဝန်းကျင်

သဘာ၀ပတ်ဝန်းကျင် အချက်အလက်များ အတွေးအမြင်ကဏ္ဍ အရှေ့အလယ်ပိုင်း ဥရောပ

အစ္စရေးလေကြောင်းတိုက်ခိုက်မှုအကြားက ပြေးစရာမြေမရှိတဲ့ ပါလက်စတိုင်းပြည်သူများ

ဂါဇာကမ်းမြောင်ဒေသ၊ ပါလက်စတိုင်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ဂါဇာကမ်းမြောင်ဒေသကို ထိန်းချုပ်ထားသည့် ဟားမတ်စ်အဖွဲ့က အစ္စရေးကို အောက်တိုဘာလ (၇) ရက်နေ့ မနက်အစောပိုင်းမှာ အလစ်အငိုက် တိုက်ခိုက်ခဲ့ရာ ဂါဇာရှိ ပါလက်စတိုင်းပြည်သူတွေရဲ့ လေးစားမှုနဲ့ စိုးရိမ်မှုများ ရောပြွမ်းလာနေကြပါတယ်။


ဂါဇာကမ်းမြောင်ဒေသခံများက ဟားမတ်စ်တိုက်ခိုက်မှုကို ကြိုဆိုကြပြီး အစ္စရေးကို အောင်ပွဲအဖြစ် ရှုမြင်နေကြပေမယ့် အစ္စရေးရဲ့ အကြမ်းဖက်လက်တုံ့ပြန်မှုကို ဆက်လက်ကြောက်ရွံ့နေကြဆဲ ဖြစ်ပါတယ်။

အစ္စရေး မဟာဗျူဟာရေးရာ ဝန်ကြီး Ron Dermer က အစ္စရေးမှာ လူပေါင်း ၆၀၀ ကျော် သေဆုံးခဲ့ပြီး သေဆုံးသူ အရေအတွက် တိုးလာဖွယ်ရှိကြောင်း တနင်္ဂနွေနေ့က CNN ကို ပြောကြားခဲ့ပါတယ်။

ဟားမတ်စ်အသုံးပြုတဲ့ လောင်ချာများအပါအဝင် ဂါဇာကမ်းမြောင်ဒေသရှိ ပစ်မှတ် ၈၀၀ ကို အစ္စရေးတပ်ဖွဲ့တွေက ဖျက်ဆီးခဲ့ကြောင်း အစ္စရေးကာကွယ်ရေးတပ်ဖွဲ့ ပြောရေးဆိုခွင့်ရှိသူက အဲ့ဒီနေ့မှာပဲ ပြောကြားခဲ့ပါတယ်။

ကလေး ၇၈ ဦး အပါအဝင် ပါလက်စတိုင်း အနည်းဆုံး ၄၁၃ ဦး သေဆုံးခဲ့တယ်လို့ ဂါဇာရှိ ပါလက်စတိုင်း ကျန်းမာရေး အာဏာပိုင်များက ပြောကြားခဲ့ပါတယ်။

အခုအချိန်အထိ အစ္စရေးနဲ့ ထိပ်တိုက်မှုများစွာ ကြုံတွေ့နေရတဲ့ ဂါဇာဒေသခံအများစုဟာ လေကြောင်းရန် ခိုလှုံတဲ့နေရာတွေကို အသုံးမပြုနိုင်ဘဲ သူတို့ရဲ့နေအိမ်တွေမှာသာ ပုန်းအောင်းနေကြရပါတယ်။ ဂါဇာဟာ ကမ္ဘာပေါ်မှာ လူဦးရေ အထူထပ်ဆုံး ဒေသတွေထဲက တစ်ခုဖြစ်ပြီး ခန့်မှန်းခြေအားဖြင့် ဧရိယာ စတုရန်းကီလိုမီတာ ၃၆၀ ခန့်မှာ လူ ၂ သန်းခန့် နေထိုင်နေကြပါတယ်။

ဂါဇာမှာ အပြင်မှာ ထွက်နေသူများဟာ မလုပ်မဖြစ် အလုပ်လုပ်ရန် လိုအပ်နေသူတွေ ဒါမှမဟုတ် အစ္စရေးရဲ့ တိုက်ခိုက်မှုအောက်မှာ ပျောက်ဆုံးနေသူတွေကို ရှာဖွေနေသူတွေသာ ဖြစ်ပါတယ်။ လမ်းတွေ ပျက်စီးနေပြီး အပျက်အစီးများ ဖုံးလွှမ်းနေကာ ဖုန်မှုန့်တွေနဲ့ ယမ်းနံ့တွေ လေထဲတွင် ပျံ့နေပါတယ်။

ဆာလင်ဟူစိန် (၅၅) နှစ်ဟာ အစ္စရေးရဲ့ လေကြောင်းတိုက်ခိုက်မှုကြောင့် သူနေထိုင်တဲ့အဆောက်အအုံကို ပစ်မှတ်ထားခံရပြီးနောက် နေအိမ်ကို ဆုံးရှုံးခဲ့ရပါတယ်။ အဆောက်အအုံကို မတိုက်ခိုက်ခင်လေးမှာ အစ္စရေးဘက်က သတိပေးချက်ရခဲ့တယ်လို့ ဆိုပါတယ်။

“အဆောက်အအုံကို ဘာကြောင့် တိုက်ခိုက်ရတယ်ဆိုတာကို မသိဘူး” လို့ ဟူစိန် က ပြောပါတယ်။ လွန်ခဲ့တဲ့ ငါးလလောက်က သူ့မိသားစုနဲ့ ပြောင်းရွှေ့လာခဲ့ပြီး “ငါတို့ယူသွားနိုင်တာဆိုလို့ ငါတို့ရဲ့အဝတ်အစားပဲရှိပါတယ်” လို့ ပြောပြီး ငါတို့မိသားစုဟာ အားလုံးဆုံးရှုံးသွားပြီး ဘယ်မှသွားစရာမရှိဘူးလို့ ပြောခဲ့ပါတယ်။

ဟားမတ်စ်တို့ ကျူးကျော်ပြီးနောက် ပါလက်စတိုင်းများတွေဟာ Erez စစ်ဆေးရေးဂိတ်ကနေ ဂါဇာကမ်းမြောင်ဘက်ကို ထွက်ပြေးဖို့ဆိုတာ မဖြစ်နိုင်ကြတော့ပါ။ Erez ဂိတ်ဟာ ဟားမတ်စ်နဲ့ အစ္စရေးတပ်များကြား စစ်မြေပြင်ဖြစ်လာနေလို့ပါ။
ဂါဇာကမ်းမြောင်ဒေသကို လျှပ်စစ်ဓာတ်အား၊ လောင်စာဆီနဲ့ ကုန်ပစ္စည်းတွေ ထောက်ပံ့မှုကို ဖြတ်တောက်မှာဖြစ်တယ်လို့ အစ္စရေးဝန်ကြီးချုပ် နေတန်ယာဟုက အောက်တိုဘာ ၇ ရက်နေ့မှာ ကြေညာခဲ့ပါတယ်။ ဒါပေမဲ့ လျှပ်စစ်မီးတခုသာ ဖြတ်တောက်ခဲ့ကြောင်း အစ္စရေးစစ်တပ် ပြောရေးဆိုခွင့်ရှိသူက အောက်တိုဘာ ၈ ရက်နေ့က ရှင်းပြခဲ့ပါတယ်။ တစ်နေ့ကို ရှစ်နာရီ ပုံမှန်ရရှိသော လျှပ်စစ်ဓာတ်အားကို တစ်နေ့ ပျမ်းမျှ လေးနာရီအထိ လျှော့ချခဲ့တယ်လို့ ဆိုပါတယ်။ ဂါဇာကမ်းမြောင်ရဲ့ လျှပ်စစ်ဓာတ်အား အများစုကို အစ္စရေးက ထောက်ပံ့ပေးထားပါတယ်။ အင်တာနက်ချိတ်ဆက်မှုလည်း ပြတ်တောက်လာနေတယ်လို့ ဆိုပါတယ်။။

တကယ်တော့ ဂါဇာဟာ အခြားကမ္ဘာနဲ့ ၁၇ နှစ်နီးပါး လုံးဝနီးပါး ပြတ်လုနီးပါးဖြစ်ခဲ့ရတာပါ။

၂၀၀၇ ခုနှစ်ကစပြီး ဂါဇာဟာ ဟားမတ်စ်တို့ရဲ့ ထိန်းချုပ်မှုအောက်မှာ ရှိခဲ့ပြီး အီဂျစ်နဲ့ အစ္စရေးတို့က ဝိုင်းရံထားကာ လေကြောင်းနဲ့ ပင်လယ်ရေကြောင်းတို့ကိုလည်း ပိတ်ဆို့ထားပါတယ်။ Human Rights Watch က ဂါဇာကို “ကမ္ဘာ့အကြီးဆုံး အမိုးအကာမရှိတဲ့ အကျဉ်းထောင်” အဖြစ် ဖော်ပြခဲ့ပါတယ်။

အစ္စရေးစစ်တပ်က ၂၀၀၅ ခုနှစ်မှာ ဂါဇာကမ်းမြောင်ဒေသကနေ ထွက်ပြီးကတည်းက အစ္စရေးတို့က ဂါဇာကမ်းမြောင်ဒေသကို အကြိမ်ပေါင်းများစွာ တိုက်ခိုက်ခဲ့ပြီး အစ္စရေးနဲ့ ပါလက်စတိုင်းအဖွဲ့များဖြစ်ကြတဲ့ ဟားမတ်စ်နဲ့ အစ္စလမ္မစ်ဂျီဟတ်အဖွဲ့တို့ကြား မကြာခဏ တိုက်ပွဲများ ဖြစ်နေကြတာပါ။

ဂါဇာကမ်းမြောင်ဒေသမှာ ဟားမတ်စ်တို့ အသုံးပြုတယ်လို့ ယူဆရတဲ့ အထပ်မြင့်အဆောက်အအုံ ၁၀ လုံး ဖျက်ဆီးခံခဲ့ရပြီး အစ္စရေးစစ်သား ထောင်ပေါင်းများစွာလည်း ဂါဇာမှာ လှုပ်ရှားနေကြောင်း အစ္စရေးစစ်တပ်ပြောရေးဆိုခွင့်ရှိသူက အောက်တိုဘာ ၈ ရက်နေ့မှာ ပြောကြားခဲ့ပါတယ်။

ဂါဇာကမ်းမြောင်ဒေသကို အလုံးစုံ သိမ်းပိုက်နိုင်ရေး ဆောင်ရွက်သွားမယ်လို့ အစ္စရေးစစ်တပ်က အောက်တိုဘာ ၈ ရက်နေ့မှာ ကြေညာခဲ့ပြီး အရပ်သားများနဲ့ အစ္စရေးနယ်စပ်အနီးရှိ လူနေရပ်ကွက်တွေကို ချက်ချင်း ဘေးကင်းရာကို ရွှေ့ပြောင်းဖို့ တိုက်တွန်းခဲ့ပါတယ်။

ဒါပေမဲ့လည်း ဂါဇာကမ်းမြောင်ဒေသခံတွေ လွတ်မြောက်ဖို့ နည်းလမ်း မရှိသလောက် ဖြစ်နေပါတယ်။ အီဂျစ်နိုင်ငံကို သွားနိုင်တဲ့ လုံခြုံရေး မြင့်မားတဲ့ Rafah စစ်ဆေးရေးဂိတ်ကလွဲပြီး ကျန်စစ်ဆေးရေးဂိတ်တွေအားလုံးကို ပိတ်ထားလို့ပါပဲ။

ဂါဇာမှာ နေထိုင်တဲ့ အသက် ၇၅ နှစ်ရှိ ဟာနီက သူတို့ မိသားစုလေးဦး လေကြောင်းတိုက်ခိုက်မှုကို ကြောက်ရွံ့တဲ့အတွက် တစ်ညလုံး အိပ်မပျော်ကြောင်း ပြောခဲ့ပါတယ်။ ညဘက်မှာ အစ္စရေးရဲ့ လေကြောင်းတိုက်ခိုက်မှုကြောင့် ကပ်လျက်အထပ်မြင့် အဆောက်အအုံတစ်ခု ပြိုကျခဲ့ပြီး ဟာနီတို့ရဲ့ အဆောက်အအုံပေါ်ကို ပြိုကျလို့ ဟာနီတို့ မိသားစု အိုးမဲ့အိမ်မဲ့ဖြစ်ခဲ့ရပါတယ်။

“ကျွန်တော်တို့ ဘာလုပ်ရမှန်း မသိတော့ဘူး” လို့ ဟာနီက ဆိုပါတယ်။ သူက အခု လမ်းပေါ်မှာ နေထိုင်နေပြီး သူ့ဇနီးကတော့ သူငယ်ချင်းအိမ်မှာ ခိုလှုံနေပါတယ်။

ဂါဇာရှိ ပါလက်စတိုင်းတွေဟာ သူတို့ရဲ့ နေအိမ်တွေကို အချိန်မရွေး ဗုံးကြဲခံရနိုင်တဲ့ အခြေအနေကို ထိတ်လန့်ကြောက်ရွံ့နေကြရတယ်လို့ ဟာနီက ပြောကြားခဲ့ပါတယ်။ “ကျုပ်ကလေးတွေနဲ့ အတူတူနေဖို့ အိမ်လေးပဲ လိုချင်တယ်။ ခိုကိုးရာပဲ လိုချင်တယ်။” လို့ သူကပြောပါတယ်။

ဒါပေမဲ့ အစ္စရေးကို တိုက်ခိုက်နေတဲ့ ဟားမတ်စ်တွေအတွက် နောင်တရစရာမရှိဘူးလို့ သူက ပြောကြားခဲ့ပါတယ်။ “သူတို့ (အစ္စရေး) က ငါတို့ကို အမြဲတမ်း တိုက်ခိုက်နေတာပဲ” လို့ သူက ပြောခဲ့ပါတယ်။

Source: CNN /Photo: Ibrahim Dahman/CNN

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.eraseye.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

ဆက်စပ်သတင်းများ

နိုင်ငံတကာသတင်း ပါလက်စတိုင်း အစ္စရေး အရှေ့အလယ်ပိုင်း

အစ္စရေးတပ်ဖွဲ့များ သိမ်းပိုက်ခံ အနောက်ဘက်ကမ်း (West Bank) တစ်ခွင် စီးနင်းမှုများ ဆက်လက်လုပ်ဆောင်

  • 2026 ခုနှစ်၊ ဇွန်လ 29 ရက်
  • 40 Views
အလ်ဂျာဇီးရား သတင်း – ၂၀၂၆ ခုနှစ်၊ ဇွန်လ ၂၉ ရက် Wafa သတင်းအေဂျင်စီ၏ ဖော်ပြချက်အရ နောက်ဆုံးရရှိထားသော
နိုင်ငံတကာသတင်း အစ္စရေး အမေရိကန် အရှေ့အလယ်ပိုင်း အီရန်

လတ်တလောရရှိထားသော အပစ်အခတ်ရပ်စဲရေး သဘောတူညီချက်အပေါ် ထိခိုက်မှု ရှိစေသည့် တိုက်ခိုက်မှုများ ဖြစ်ပွားလာပြီးနောက် အီရန်က ဘာရိန်းနှင့် ကူဝိတ်ရှိ အမေရိကန်စစ်ဘက်ဆိုင်ရာ အခြေစိုက်စခန်းများကို တိုက်ခိုက်

  • 2026 ခုနှစ်၊ ဇွန်လ 28 ရက်
  • 39 Views
CNN – ၂၀၂၆ ခုနှစ်၊ ဇွန်လ ၂၈ ရက် တိုက်ခိုက်မှုများ ဆက်လက်ဖြစ်ပွားနေပါက အီရန်နိုင်ငံသည် “နောက်ထပ် တည်ရှိတော့မည် မဟုတ်ကြောင်း” အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်က သတိပေးလိုက်ပြီး၊ တဟီရန် (အီရန်အစိုးရ) ကမူ ဆွေးနွေးညှိနှိုင်းမှုများကို
နိုင်ငံတကာသတင်း အမေရိကန် အရှေ့အလယ်ပိုင်း အီရန်

အီရန်က ရေယာဉ်တစ်စီးကို တိုက်ခိုက်မှုကြောင့် ဟော်မုဇ်ရေလက်ကြားရှိ သင်္ဘောများကို ဘေးလွတ်ရာရွှေ့ပြောင်းပေးမည့် ကုလသမဂ္ဂ၏ ကြိုးပမ်းမှုများ ယာယီရပ်ဆိုင်းသွား

  • 2026 ခုနှစ်၊ ဇွန်လ 26 ရက်
  • 47 Views
CNN- ၂၀၂၆ ခုနှစ်၊ ဇွန်လ ၂၆ ရက် ဟော်မုဇ်ရေလက်ကြား (Strait of Hormuz) တွင် ကြာသပတေးနေ့က ကုန်တင်သင်္ဘော တစ်စီးကို အီရန်ဒရုန်းဖြင့် တိုက်ခိုက်ခဲ့ကြောင်း အမေရိကန်အရာရှိတစ်ဦးက စီအန်အန်သို့ ပြောကြားခဲ့ရာ၊ စစ်ပွဲစတင်ကတည်းက
နိုင်ငံတကာသတင်း အမေရိကန် အရှေ့အလယ်ပိုင်း အီရန်

သီးသန့်သတင်း- ပစ်ချခံရသည့် အမေရိကန် လေသူရဲက အီရန်ဒရုန်းများ ‘ဂျယ်လီငါး’ ပုံသဏ္ဌာန်ဖြင့် အုပ်စုဖွဲ့ပျံသန်းလာသည်ကို မြင်တွေ့ခဲ့ရကြောင်း ပြောကြား

  • 2026 ခုနှစ်၊ ဇွန်လ 25 ရက်
  • 44 Views
CNN – ၂၀၂၆ ခုနှစ်၊ ဇွန်လ ၂၃ ရက် ပြီးခဲ့သည့် ဧပြီလအတွင်းက အီရန်ကောင်းကင်ယံ၌ ပစ်ချခံရပြီးနောက် အထူးတပ်ဖွဲ့များ၏ ကယ်ဆယ်ခြင်းကို ခံခဲ့ရသည့် အမေရိကန် တိုက်လေယာဉ်မှူးတစ်ဦးသည် လေယာဉ်ပေါ်မှ ခုန်ထွက်ခြင်းမပြုမီ ထိတ်လန့်ဖွယ်ရာ မြင်ကွင်းတစ်ခုကို
နိုင်ငံတကာသတင်း အမေရိကန် အရှေ့အလယ်ပိုင်း အီရန်

ထရမ့်၏ အီရန်သဘောတူညီချက်အပေါ် သြဇာကြီးမားသည့် ရီပတ်ဘလစ်ကန်များထံမှ တော်ရုံတွေ့ရခဲသော ပြစ်တင်ဝေဖန်မှုများ ထွက်ပေါ်လာ

  • 2026 ခုနှစ်၊ ဇွန်လ 23 ရက်
  • 63 Views
CNN – ၂၀၂၆ ခုနှစ်၊ ဇွန်လ ၂၃ ရက် ပါတီတွင်း ကန့်ကွက်မှုများ ထွက်ပေါ်လာခြင်း။ သမ္မတ ဒေါ်နယ်ထရမ့်၏ အီရန်နိုင်ငံနှင့် ရရှိခဲ့သော အပစ်အခတ်ရပ်စဲရေး သဘောတူညီချက် (နားလည်မှုစာချွန်လွှာ) အသေးစိတ် ထွက်ပေါ်လာပြီးနောက်၊ ဝါရင့်နှင့်
နိုင်ငံတကာသတင်း အမေရိကန် အရှေ့အလယ်ပိုင်း အီရန်

သီးသန့်သတင်း- ပစ်ချခံရသည့် အမေရိကန် လေသူရဲက အီရန်ဒရုန်းများ ‘ဂျယ်လီငါး’ ပုံသဏ္ဌာန်ဖြင့် အုပ်စုဖွဲ့ပျံသန်းလာသည်ကို မြင်တွေ့ခဲ့ရကြောင်း ပြောကြား

  • 2026 ခုနှစ်၊ ဇွန်လ 23 ရက်
  • 52 Views
CNN – ၂၀၂၆ ခုနှစ်၊ ဇွန်လ ၂၃ ရက် ပြီးခဲ့သည့် ဧပြီလအတွင်းက အီရန်ကောင်းကင်ယံ၌ ပစ်ချခံရပြီးနောက် အထူးတပ်ဖွဲ့များ၏ ကယ်ဆယ်ခြင်းကို ခံခဲ့ရသည့် အမေရိကန် တိုက်လေယာဉ်မှူးတစ်ဦးသည် လေယာဉ်ပေါ်မှ ခုန်ထွက်ခြင်းမပြုမီ ထိတ်လန့်ဖွယ်ရာ မြင်ကွင်းတစ်ခုကို
နိုင်ငံတကာသတင်း ပါလက်စတိုင်း အစ္စရေး အရှေ့အလယ်ပိုင်း

သိမ်းပိုက်ခံ အနောက်ဘက်ကမ်းတွင် သတ်ဖြတ်ခံရသည့် ဆယ်ကျော် သက်များ၏ ရုပ်အလောင်းများကို အစ္စရေးက ထိန်းသိမ်းထားကြောင်း ပါလက်စတိုင်းတို့ ပြောကြား

  • 2026 ခုနှစ်၊ ဇွန်လ 22 ရက်
  • 45 Views
Al Jazeera- ၂၀၂၆ခုနှစ်၊ ဂျွန်လ ၂၂ရက် သိမ်းပိုက်ခံ အနောက်ဘက်ကမ်း (West Bank) ရှိ တရားမဝင်အခြေစိုက်စခန်းတစ်ခုအနီးတွင် သေနတ်ဖြင့် ပစ်သတ်ခံခဲ့ရသည့် ပါလက်စတိုင်းဆယ်ကျော်သက် နှစ်ဦး၏ ရုပ်အလောင်းများ ကို အစ္စရေးတပ်ဖွဲ့များက ထိန်းသိမ်းထားသည်။ ပါလက်စတိုင်းအာဏာပိုင်အဖွဲ့နှင့်