နောက်ဆုံးတင်ဆက်ထားသည်မှာ 2025 ခုနှစ်၊ ဖေ‌ဖော်ဝါရီလ 8 ရက်

အရှေ့အလယ်ပိုင်း

အရှေ့အလယ်ပိုင်း

ကမ္ဘာ့ဖလားဗိုလ်လုပွဲကို ပြင်သစ်အသင်း ၂ ကြိမ်ဆက်တက်ရောက်

ဒီဇင်ဘာလ ၁၅ ရက်နေ့က ရင်ကစားခဲ့တဲ့ ၂၀၂၂ ကာတာကမ္ဘာ့ဖလားပြိုင်ပွဲ ဆီမီးဖိုင်နယ်ပွဲစဉ်မှာ လက်ရှိချန်ပီယံပြင်သစ်အသင်းက မော်ရိုကိုအသင်းကို ၂ ဂိုး၊ ဂိုးမရှိရလဒ်နဲ့ အနိုင်ယူပြီး ဗိုလ်လုပွဲကို တက်ရောက်သွားနိုင်ခဲ့ပါတယ်။


ပြင်သစ်အသင်းဟာ ကမ္ဘာ့ဖလားဗိုလ်လုပွဲကို ၂ ကြိမ်ဆက်တိုက် တက်ရောက်နိုင်ခဲ့တာဖြစ်ပြီး ဒီဇင်ဘာလ ၁၈ ရက်နေ့မှာ ယှဉ်ပြိုင်ကစားရမယ့် ဗိုလ်လုပွဲမှာတော့ အာဂျင်တီးနားအသင်း နဲ့ရင်ဆိုင်ရတော့မှာဖြစ်ပါတယ်။ ပြင်သစ်အသင်းဟာ တိုက်စစ်မှူးဂီရော့ဒ်၊ အမ်ဘာပေ၊ ဒမ်ဘီလီ၊ ဂရစ်ဇ်မန်းစတဲ့ အဓိက ကစားသမားအများစုနဲ့ ပွဲထွက်ရင်ဆိုင်ကစားခဲ့တာ ဖြစ်ပြီး ပွဲချိန် ၅ မိနစ်မှာပဲ ဦးဆောင်ဂိုးရရှိခဲ့တာပါ။ အဲဒီဂိုးကို ပြင်သစ်အသင်းနောက်ခံလူ ဟာနန်ဒက်ဇ်က ပိတ်သွင်းယူခဲ့တာပါ။

ဂိုးပေးလိုက်ရပြီးနောက်မှာ မော်ရိုကိုအသင်းက ဘောလုံးထိန်းချုပ်မှုကို အသာစီးရယူပြီး ချေပဂိုးရဖို့ ကြိုးစားခဲ့ပေမယ့် ပြင်သစ်အသင်းခံစစ်တန်းကို မကျော်လွှားနိုင်ခဲ့ပါဘူး။ ပြင်သစ်အသင်းဘက်က နောက်ထပ်ဂိုးရမယ့် အခွင့်အရေးတွေ ဖန်တီးနိုင်ခဲ့ပေမယ့် တိုက်စစ်မှူး ဂီရော့ဒ်ရဲ့ အမှတ်မထင်ကန်ချက် ဂိုးတိုင်ဘေးထွက်သွားခဲ့လို့ ဒုတိယဂိုးထပ်ရမယ့် အခွင့်အရေးကို လက်လွှတ်ခဲ့ရပါတယ်။

မော်ရိုကိုအသင်းဟာ ပြင်သစ်အသင်းကို ဘောလုံးအသာစီးရယူကစားနိုင်ခဲ့ပေမယ့် တောင်ပံတိုက်စစ်တွေက ထိရောက်တဲ့ခြိမ်းခြောက်မှုမပြုလုပ်နိုင်ခဲ့သလို တိုက်စစ်မှူးတွေရဲ့ အဆုံးသတ်အားနည်းမှုကြောင့်လည်း ဒုတိယပိုင်းမှာ ချေပဂိုးရဖို့ ခက်ခဲနေခဲ့ပါတယ်။ ပွဲချိန် ၇၉ မိနစ်မှာ အမ်ဘာပေရဲ့ ကန်ချက် မော်ရိုကိုနောက်ခံလူတွေနဲ့ ထိပြီးလည်ထွက်လာတာကို ဒုတိယပိုင်းမှ ဒမ်ဘီလီအစား လူစားဝင်လာတဲ့ ကိုလိုမူအာနီက ပိတ်သွင်းယူခဲ့လို့ ပြင်သစ်အသင်း ၂ ဂိုးပြတ်အနိုင်ရပြီး ဗိုလ်လုပွဲကို တက်လှမ်းနိုင်ခဲ့တာဖြစ်ပါတယ်။


အဲဒီနိုင်ပွဲကြောင့် ပြင်သစ်အသင်းဟာ ၁၉၉၈ ခုနှစ်နောက်ပိုင်း ကမ္ဘာ့ဖလားဗိုလ်လုပွဲကို တက်ရောက်နိုင်တဲ့ ပထမဆုံး လက်ရှိချန်ပီယံအသင်းလည်းဖြစ်လာခဲ့ပါတယ်။

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.eraseye.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

ဆက်စပ်သတင်းများ

နိုင်ငံတကာသတင်း ဟားမတ်စ်-အစ္စရေးစစ်ပွဲ အမေရိကန် အရှေ့အလယ်ပိုင်း

ဂါဇာကမ်းမြောင်ကို အမေရိကန်က သိမ်းပိုက်မယ်လို့ ထရန့် ပြော

  • 2025 ခုနှစ်၊ ဖေ‌ဖော်ဝါရီလ 5 ရက်
  • 12 Views
ဖေဖော်ဝါရီလ (၅) ရက်။ အမေရိကန်သမ္မတ ဒေါ်နယ်ထရန့်က ပါလက်စတိုင်းတွေကို ဂါဇာကမ်းမြောင်ကနေ ထွက်ခွာစေချင်တယ်လို့ ဗုဒ္ဓဟူးနေ့မှာ ပြောကြားလိုက်ပါတယ်။ အရင်ကလည်း အဲ့ဒီလိုမှတ်ချက်ပေးခဲ့ဖူးပါတယ်။
နိုင်ငံတကာသတင်း အရှေ့အလယ်ပိုင်း

အနောက်ဘက်ကမ်း အစ္စရေးစစ်ဆင်ရေးမှာ အနည်းဆုံး ပါလက်စတိုင်း အနည်းဆုံး ၅၀ သေဆုံး

  • 2025 ခုနှစ်၊ ဖေ‌ဖော်ဝါရီလ 4 ရက်
  • 17 Views
ဖေဖော်ဝါရီလ (၃) ရက်။ ဇန်နဝါရီကတည်းက အစ္စရေးတို့ သိမ်းပိုက်ထားတဲ့ အနောက်ဘက်ကမ်းရှိ ပါလက်စတိုင်း လက်နက်ကိုင်တပ်ဖွဲ့တွေကို ပစ်မှတ်ထားရှင်းလင်းသည့် စစ်ဆင်ရေးကြီးမှာ အနည်းဆုံး
နိုင်ငံတကာသတင်း ဟားမတ်စ်-အစ္စရေးစစ်ပွဲ အရှေ့အလယ်ပိုင်း

အာရပ်နိုင်ငံများသည် ဂါဇာကမ်းမြောင်ဒေသတွင် ပါလက်စတိုင်းများ ဆက်လက်နေထိုင်ခွင့်ကို အလေးပေးလက်ခံထားပြီး ပြည်နယ်နှစ်ခု အဖြေရှာမှု ဆောက်ရွက်ရန် တောင်းဆို

  • 2025 ခုနှစ်၊ ဖေ‌ဖော်ဝါရီလ 3 ရက်
  • 19 Views
ဖေဖော်ဝါရီလ (၃) ရက်။ ဆော်ဒီအာရေးဗီးယား၊ အီဂျစ်၊ ကာတာ၊ ဂျော်ဒန်နဲ့ အာရပ်စော်ဘွားများပြည်ထောင်စုတို့က ပါလက်စတိုင်းအာဏာပိုင်တွေနဲ့ အာရပ်အဖွဲ့ချုပ်က ကိုယ်စားလှယ်တွေနဲ့အတူ ဂါဇာကမ်းမြောင်ဒေသမှာ “အရေးကြီးတဲ့ အပစ်အခတ်ရပ်စဲရေးကို ကြိုဆိုကြောင်း ဒီကနေ့ ဆွေးနွေးပွဲအပြီး ပူးတွဲကြေညာချက်ကို ထုတ်ပြန်လိုက်ပါတယ်။ ဒီသဘောတူညီချက်ကို
နိုင်ငံတကာသတင်း အရှေ့အလယ်ပိုင်း

အယ်လ်ကိုက်ဒါအဖွဲ့ဝင်ဟောင်း ရှာရာရာ ဆီးရီးယား အသွင်ကူးပြောင်းရေးအစိုးရ၏ သမ္မတ ဖြစ်လာ

  • 2025 ခုနှစ်၊ ဇန်နဝါရီလ 31 ရက်
  • 18 Views
ဇန်နဝါရီလ (၃၁) ရက်။ နိုင်ငံတကာ အကြမ်းဖက်အဖွဲ့ အယ်လ်ကိုက်ဒါအဖွဲ့ဝင်ဟောင်း “အာဘူမိုဟာမက်ဂျိုလာနီ” လို့ လူသိများတဲ့ အာမက်ရှာရာရာ (Ahmed Sharaa) ကို ဆီးရီးယားယာယီအစိုးရရဲ့သမ္မတ အဖြစ် ခန့်အပ်လိုက်ပါတယ်။ ဆီးရီးယား စစ်ဘက်ဆိုင်ရာစစ်ဆင်ရေးကွပ်ကဲမှုဌာနက ၂၉ ရက်နေ့မှာ
နိုင်ငံတကာသတင်း ဟားမတ်စ်-အစ္စရေးစစ်ပွဲ အရှေ့အလယ်ပိုင်း

ဂါဇာကမ်းမြှောင်မှ ‘အရာအားလုံးကို ရှင်းပစ်ရန်’ ထရန့် အကြံပြုခဲ့

  • 2025 ခုနှစ်၊ ဇန်နဝါရီလ 27 ရက်
  • 27 Views
ဇန်နဝါရီ (၂၆) ရက်။ ဂါဇာကမ်းမြောင်မှ ပါလက်စတိုင်း ၁ သန်းကျော်ကို အိမ်နီးချင်းနိုင်ငံများသို့ ရွှေ့ပြောင်းရန် ဖြစ်နိုင်ချေရှိသော အိမ်ရာများ ဆောက်လုပ်ခြင်းနှင့် ပတ်သက်၍ ဂျော်ဒန်ဘုရင်နှင့် စကားပြောခဲ့ကြောင်း စနေနေ့တွင် သမ္မတဒေါ်နယ်ထရန့်က ပြောကြားခဲ့သည်။ စနေနေ့က ထရန့်၏ဒေသတွင်း
နိုင်ငံတကာသတင်း ဟားမတ်စ်-အစ္စရေးစစ်ပွဲ အရှေ့အလယ်ပိုင်း

အစ္စရေး စစ်သမီးလေးဦးလွတ်လာတော့မည်

  • 2025 ခုနှစ်၊ ဇန်နဝါရီလ 25 ရက်
  • 36 Views
++++++++++++++++++++++++++ ဂါဇာကမ်းမြောင်ဒေသ အပစ်အခတ်ရပ်စဲရေးသဘောတူညီချက်အရ ဒုတိယအကြိမ် ဓားစာခံများ လွတ်မြောက်ရေးတွင် အစ္စရေးစစ်သမီးလေးဦးကို ယနေ့ စနေနေ့တွင် လွှတ်ပေးမည်ဖြစ်သည်။ လီရီအယ်ဘတ် (Liri Albag)၊ ကာရီနာ အာရီအက်ဖ် (Karina Ariev)၊ ဒယ်နီရယ်လာ ဂီလ်ဘိုဝါ (Daniella
နိုင်ငံတကာသတင်း ဟားမတ်စ်-အစ္စရေးစစ်ပွဲ အရှေ့အလယ်ပိုင်း

အပျက်အစီးများအောက်တွင် ပိမိနေခဲ့သော ချစ်ရသူတို့၏ ရုပ်အလောင်းများကို မိသားစုများက ပြန်လည်တူးဖော် ရရှိချိန်တွင် ဂါဇာတွင် ဝမ်းနည်းပူဆွေးမှုများ ပြန့်နှံ့လာခဲ့သည်။

  • 2025 ခုနှစ်၊ ဇန်နဝါရီလ 24 ရက်
  • 33 Views
ဇန်နဝါရီ (၂၄) ရက်။ တနင်္ဂနွေနေ့က အပစ်အခတ်ရပ်စဲရေး စတင်အသက်ဝင်ကတည်းက လူ ၁၆၂ ဦး၏ ရုပ်အလောင်းများကို နယ်မြေအသီးသီးတွင် ရှာဖွေတွေ့ရှိထားပြီးဖြစ်ကြောင်း ဂါဇာရှိ အရပ်ဘက်ကာကွယ်ရေးအေဂျင်စီက ပြောကြားခဲ့သည်။ ဂါဇာ၏တောင်ပိုင်း ခန်းယူနစ်စ် (Khan Younis) ရှိ
နိုင်ငံတကာသတင်း ဟားမတ်စ်-အစ္စရေးစစ်ပွဲ အရှေ့အလယ်ပိုင်း

ဂါဇာမှာ အပစ်ရပ်ထားပြီးနောက် အစ္စရေးသည် အနောက်ဖက်ကမ်းသို့ ခြေဦးလှည့်လာ

  • 2025 ခုနှစ်၊ ဇန်နဝါရီလ 24 ရက်
  • 35 Views
ဇန်နဝါရီလ (၂၄) ရက်။ ဇန်နဝါရီလ (၂၂) ရက်နေ့တွင် အစ္စရေးတို့ သိန်းပိုက်ထားတဲ့ အနောက်ဘက်ကမ်းမှာ ကလေးတစ်ဦး အပါအဝင် ပါလက်စတိုင်း ၁၀ ဦးထက်မနည်းကို အစ္စရေးတပ်ဖွဲ့ဝင်များက သတ်ဖြတ်ခဲ့တယ်လို့ သိရပါတယ်။ ဂါဇာကမ်းမြှောင်မှာ အပစ်အခတ်ရပ်စဲပြီး နှစ်ရက်အကြာမှာ