နောက်ဆုံးတင်ဆက်ထားသည်မှာ 2025 ခုနှစ်၊ နိုဝင်ဘာလ 13 ရက်

အရှေ့အလယ်ပိုင်း

အရှေ့အလယ်ပိုင်း

နည်းပြဒက်ချမ့်စ်ကို စာချုပ်သစ်ချုပ်ဆိုစေချင်ဟု ပြင်သစ်သမ္မတမက်ခရွန်းပြော

ပြင်သစ်အသင်းကို ကမ္ဘာ့ဖလားဗိုလ်လုပွဲရောက်အောင် ၂ ကြိမ်ဆက်တိုက်စွမ်းဆောင်ပေးနိုင်ခဲ့တဲ့ နည်းပြဒက်ချမ့်စ်ကို စာချုပ်သစ်ချုပ်ဆိုစေချင်တယ်လို့ ပြင်သစ်သမ္မတ အီမန်နူရယ် မက်ခရွန်းက ထုတ်ဖော်ပြောဆိုလိုက်ပါတယ်။


၂၀၁၈ ကမ္ဘာ့ဖလားချန်ပီယံ ပြင်သစ်အသင်းဟာ ၂၀၂၂ ကာတာကမ္ဘာ့ဖလားပြိုင်ပွဲ ဆီမီးဖိုင်နယ်ပွဲစဉ်မှာ မော်ရိုကိုအသင်းကို ၂ ဂိုးပြတ်အနိုင်ရခဲ့တာကြောင့် ဗိုလ်လုပွဲအဆင့်ကို ထပ်မံတက်ရောက်နိုင်ခဲ့တာပါ။

ပြင်သစ်အသင်းရဲ့ အောင်ပွဲအတွက် သမ္မတမက်ခရွန်းကိုယ်တိုင် အဝတ်လဲခန်းအထိ လာရောက်ဂုဏ်ပြု သွားခဲ့ပြီး နည်းပြဒက်စ်ချမ့်စ်ကို စာချုပ်သစ် ဆက်လက်ချုပ်ဆိုစေချင်တယ်လို့ ပြောသွားခဲ့တာဖြစ်ပါတယ်။

ပြင်သစ်သမ္မတမက်ခရွန်းက “ပြင်သစ်အသင်းက မျိုးဆက်ပေါင်းများစွာနဲ့ စုစည်း တည်ဆောက်ထားပေမယ့် အကောင်းဆုံးလုပ်ပြနိုင်ခဲ့တဲ့အတွက် ကျတော့်အနေနဲ့ နည်းပြကြီး ဒက်ချမ့်စ်ကို ကျေးဇူးတင်ပါတယ်။ ဒက်ချမ့်စ်ကြောင့် ပြင်သစ်အသင်းဟာ အဓိကပြိုင်ပွဲကြီးတွေမှာ ဗိုလ်လုပွဲကို ၃ ကြိမ် တက်ရောက်နိုင်ခဲ့သလို အနိုင်ရဗိုလ်စွဲအောင်လည်း စွမ်းဆောင်ပေးနိုင်ခဲ့တယ်။ ပြင်သစ်ဘောလုံးအသင်းဟာ ကျတော်တို့တဲ့ အမြဲတမ်းဂုဏ်ယူရတဲ့အသင်းဖြစ်သလို နည်းပြကြီးဒက်ချမ့်စ်လည်း ဆက်ရှိနေဖို့ လိုအပ်ပါတယ်” လို့ ထုတ်ဖော်ပြောသွားခဲ့တာဖြစ်ပါတယ်။

ပြင်သစ်နည်းပြဒက်ချမ့်စ်ဟာ ၁၉၉၈ ကမ္ဘာ့ဖလားပြိုင်ပွဲမှာ ကစားသမားအဖြစ် ပြင်သစ်အသင်းကို ကမ္ဘာ့ဖလားရယူပေးနိုင်ခဲ့သလို နည်းပြဘ၀မှာလည်း ပြင်သစ်အသင်းကို ကမ္ဘာ့ဖလားဗိုလ်လုပွဲ ၂ ကြိမ်နဲ့ ယူရို ၂၀၁၆ ဗိုလ်လုပွဲအထိရောက်အောင် စွမ်းဆောင်ပေးနိုင်ခဲ့တာဖြစ်ပါတယ်။

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.eraseye.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

ဆက်စပ်သတင်းများ

နိုင်ငံတကာသတင်း ပါလက်စတိုင်း အစ္စရေး အရှေ့အလယ်ပိုင်း

အစ္စရေးအခြေချနေထိုင်သူ ဒါဇင်များစွာက အနောက်ဘက်ကမ်းတွင် မီးရှို့တိုက်ခိုက်မှု စတင်ပြုလုပ်၊ ပါလက်စတိုင်းများအား တိုက်ခိုက်မှုများ မြင့်တက်လာ

  • 2025 ခုနှစ်၊ နိုဝင်ဘာလ 12 ရက်
  • 23 Views
CNN- ၂၀၂၅ ခုနှစ်၊ နိုဝင်ဘာလ ၁၃ရက် သိမ်းပိုက်ထားသော အနောက်ဘက်ကမ်း (West Bank) ရှိ စိုက်ပျိုးရေးနယ်မြေတစ်ခု၌ အစ္စရေးအခြေချနေထိုင်သူ
နိုင်ငံတကာသတင်း ပါလက်စတိုင်း အစ္စရေး အရှေ့အလယ်ပိုင်း

ဂါဇာမှ မိုတက်ဇ်အာဇိုင်ဇာ (Motaz Azaiza) ၏ ဓာတ်ပုံများသည် စစ်ပွဲ၏ ကြေကွဲဖွယ်ရာများကို ပြသခဲ့သည်။ ယခု အမေရိကန်တွင် ရှေ့သို့သွားမည့်လမ်းကို ရှာဖွေနေသည်

  • 2025 ခုနှစ်၊ နိုဝင်ဘာလ 10 ရက်
  • 56 Views
၂၀၂၅ ခုနှစ်၊ နိုဝင်လာလ (၁၀) ရက် မိုတက်ဇ်အာဇိုင်ဇာသည် စစ်ပွဲ၏ ထိတ်လန့်ဖွယ်ရာများကို မျက်မြင်တွေ့ရှိခဲ့ရသူဖြစ်သည်။ ယခုအခါ သူသည် လူသားမျိုးနွယ်အပေါ်
ဆီရီးယား နိုင်ငံတကာသတင်း အရှေ့အလယ်ပိုင်း

ဂျီဟတ်ဝါဒီအကြမ်းဖက်သမားဘဝမှ သမ္မတဖြစ်လာသူ ဆီးရီးယားခေါင်းဆောင်၏ အိမ်ဖြူတော်ခရီးစဉ်တွင် ထူးခြားသောအသွင်ကူးပြောင်းမှုဖြင့်အထွတ်အထိပ်သို့ ရောက်ရှိ

  • 2025 ခုနှစ်၊ နိုဝင်ဘာလ 10 ရက်
  • 62 Views
CNN- ၂၀၂၅ခုနှစ်၊ နိုဝင်ဘာလ ၁၀ရက် လျင်မြန်သော အာဏာသိမ်းယူမှု ပြုလုပ်ပြီး တစ်နှစ်မပြည့်မီ ကာလအတွင်း၊ ဆီးရီးယား သမ္မတသည် ဂျီဟတ်ဝါဒီဘဝမှ ကမ္ဘာလုံးဆိုင်ရာ နိုင်ငံ့ခေါင်းဆောင်တစ်ဦး ဖြစ်လာသည့် ၎င်း၏ အသွင်ကူးပြောင်းမှုကို အိမ်ဖြူတော်သို့ သမိုင်းဝင်ခရီးစဉ်ဖြင့် အဆုံးသတ်လိုက်သည်။
တူရကီ နိုင်ငံတကာသတင်း အစ္စရေး အရှေ့အလယ်ပိုင်း

တူရကီနိုင်ငံက နေတင်ယာဟုနှင့် အခြားအစ္စရေးအရာရှိများကို ‘လူမျိုးတုံးသတ်ဖြတ်မှု’ ဖြင့် ဖမ်းဝရမ်းထုတ်

  • 2025 ခုနှစ်၊ နိုဝင်ဘာလ 9 ရက်
  • 63 Views
CNN- ၂၀၂၅ခုနှစ်၊ နိုဝင်ဘာလ (၈)ရက် တူရကီနိုင်ငံသည် သောကြာနေ့တွင် အစ္စရေးဝန်ကြီးချုပ် ဘင်ဂျမင် နေတင်ယာဟု (Benjamin Netanyahu) နှင့် အခြားသော အစ္စရေးအရာရှိ ဒါဇင်ပေါင်းများစွာကို “လူမျိုးတုံးသတ်ဖြတ်မှု” စွဲချက်ဖြင့် ဖမ်းဝရမ်းများ ထုတ်ပြန်ခဲ့သည်။ အစ္စတန်ဘူလ်
ပါလက်စတိုင်း အစ္စရေး အရှေ့အလယ်ပိုင်း

ရက်စက်ရိုင်းစိုင်းစွာရိုက်နှက်မှုများနှင့် သေဆုံးနေသောသစ်ပင်များ

  • 2025 ခုနှစ်၊ နိုဝင်ဘာလ 8 ရက်
  • 66 Views
အနောက်ဘက်ကမ်းခြေ (West Bank) တွင် အခြေချနေထိုင်သူများ၏ အကြမ်းဖက်မှုသည် ပါလက်စတိုင်းတို့၏ သံလွင်သီးဆွတ်ခူးမှုကို မည်သို့သက်ရောက်မှုရှိသနည်း။ CNN- ၂၀၂၅ ခုနှစ်၊ နိုဝင်ဘာလ (၈) ရက် အနောက်ဘက်ကမ်းခြေ၊ ဟမ်ရာမြို့။ အမ်ရှူကရီ (Umm Shukry)
နိုင်ငံတကာသတင်း အစ္စရေး အရှေ့အလယ်ပိုင်း

အစ္စရေးစစ်တပ်က ဟစ်ဇ်ဘိုလာပစ်မှတ်များ ဟုဆိုကာ လက်ဘနွန်တောင်ပိုင်း ဒေသအနှံ့ တိုက်ခိုက်မှုများ စတင်

  • 2025 ခုနှစ်၊ နိုဝင်ဘာလ 7 ရက်
  • 41 Views
CNN-၂၀၂၅ခုနှစ်၊ နိုဝင်ဘာ(၇) ရက် အစ္စရေးစစ်တပ်သည် ကြာသပတေးနေ့က လက်ဘနွန်တောင်ပိုင်း ဒေသအနှံ့ တိုက်ခိုက်မှုများ ဆက်တိုက်ပြုလုပ်ခဲ့ပြီး၊ ယင်းသည် စစ်သွေးကြွအဖွဲ့က ဒေသတွင်း စစ်ဆင်ရေးများ ပြန်လည်တည်ဆောက်ရန် ကြိုးပမ်းနေခြင်းကို တုံ့ပြန်ခြင်းဖြစ်ကြောင်း ပြောကြားခဲ့သည်။ အစ္စရေးကာကွယ်ရေးတပ်ဖွဲ့ (IDF) က
နိုင်ငံတကာသတင်း ပါလက်စတိုင်း အစ္စရေး အရှေ့အလယ်ပိုင်း

အစ္စရေးစစ်တပ်၏ ထိပ်တန်းရှေ့နေဖြစ်သူ အမျိုးသမီးစစ်ဗိုလ်ချုပ် အီဖက်တိုမီယူဆလာမီ (Maj Gen Yifat Tomer-Yerushalmi) အရေးယူခံရ

  • 2025 ခုနှစ်၊ နိုဝင်ဘာလ 4 ရက်
  • 67 Views
၂၀၂၅ခုနှစ်၊ နိုဝင်ဘာလ ၄ရက်။ ပါလက်စတိုင်းအကျဥ်းသားများကိုလိင်မှုဆိုင်ရာအစ္စရေးစစ်တပ်မှကျူးလွန်မှုကိုဖွင့်ချလိုက်ခြင်းကြောင့် ဟုဆို။ CNN နှင့် အခြားသတင်းဌာနများမှ ကျယ်ကျယ်ပြန့်ပြန့် ဖော်ပြခဲ့သည့် သတင်းအချက် အလက်များကို အောက်ပါအတိုင်း အကျဉ်းချုပ် ဖော်ပြထားပါသည်။ ၁။ စွပ်စွဲချက်များနှင့် CNN ၏ ဖော်ပြချက်
နိုင်ငံတကာသတင်း ပါလက်စတိုင်း ဟားမတ်စ်-အစ္စရေးစစ်ပွဲ အစ္စရေး အရှေ့အလယ်ပိုင်း

အစ္စရေးလ်ကအပစ်အခတ်ရပ်စဲရေးကို ချိုးဖောက်သည်ဟုဟားမတ်စ်ကို စွပ်စွဲပြီးနောက် ဂါဇာပေါ်သို့ တနင်္ဂနွေနေ့က လေကြောင်းတိုက်ခိုက်မှုပြုလုပ်

  • 2025 ခုနှစ်၊ အောက်တိုဘာလ 19 ရက်
  • 89 Views
CNN- ၂၀၂၅ခုနှစ်၊ အောက်တိုဘာလ ၁၉ရက် အစ္စရေးလ်နှင့် ဟားမတ်စ်တို့အကြား အမေရိကန်၏ ကြားဝင်စေ့စပ်မှုဖြင့် ရရှိထားသည့် အပစ်အခတ်ရပ်စဲရေးကို ချိုးဖောက်သည်ဟု အစ္စရေးလ်က စွပ်စွဲပြီးနောက် ဂါဇာပေါ်သို့ တနင်္ဂနွေနေ့က လေကြောင်းတိုက်ခိုက်မှုများစွာ ပြုလုပ်ခဲ့ရာ၊ ယင်းအခြေအနေသည် အပစ်အခတ်ရပ်စဲရေးအတွက် ပထမဆုံးသော