နောက်ဆုံးတင်ဆက်ထားသည်မှာ 2024 ခုနှစ်၊ ဇူလိုင်လ 27 ရက်

ဆောင်းပါးများ

ဆောင်းပါးများ

ထိုင်း-မြန်မာနယ်စပ် နယ်ခြားမြစ်ကမ်းတွင် တရုတ်မြေအောက် ဒုစရိုက်လုပ်ငန်းများလွှမ်းမိုးနေ

ဒိုမီမစ်ဖော်ဒါရေးသားသည်ကို ဆီလျော်အောင် ဘာသာပြန်ဆိုထားသည်။

“ ထိုင်းနှင့် မြန်မာတို့သည် ကျဉ်းမြောင်းရှည်လျားသည့် ရေလမ်းတခုနှင့်သာ ပိုင်းခြားထားသည့် ရင်းနှီးသော အိမ်နီးချင်းများ ဖြစ်သည်” ဟု ဟောင်ကောင်အခြေစိုက် Yatai International Holding Group ၏ တရုတ်-ထိုင်း-မြန်မာ စီးပွားရေးစင်္ကြံ အကောင်အထည်ဖော်ရေးပုံရိပ်ကို မြှင့်တင်ရန် ကြော်ငြာသည့် Facebook ဗီဒီယိုတွင် ဖော်ညွှန်းထားသည်။


ယင်းရေလမ်းကြောင်းဖြစ်သည့် သောင်ရင်းမြစ်ကြောင်းတစ်လျှောက်တွင် ရွှေကုက္ကိုလ် ရတိုင်မြို့သစ်ကို ဒေါ်လာ ၁၅ ဘီလီယံတန်သော အနာဂတ်မြို့တော်အဖြစ် ဖော်ဆောင်နေသည်။ ၁၉၄၈ ခုနှစ်မှစတင်၍ ဗဟိုအစိုးရကို ဆန့်ကျင် တိုက်ခိုက်နေသော တိုင်းရင်းသားလက်နက်ကိုင် ကရင်တပ်များ ဆက်လက်တည်ရှိနေသည့် မြန်မာနိုင်ငံတွင် ငှက်ဖျားရောဂါနှင့် တိုက်ပွဲဒဏ်ခံနေရသော ကရင်ပြည်နယ် ဖွံ့ဖြိုးတိုးတက်ရေးတွင် ယင်းစီမံကိန်းက အရှိန်ရနေပြီဖြစ်သည်။

တရုတ်အစိုးရ၏ စင်္ကြန်ခါးပတ်လမ်း ရှေ့ဆောင်မှု (Belt and Road Initiative) ၏ အတုအယောင် အထောက်အထားများဖြင့်လုပ်ဆောင်နေခြင်းကို ၂၀၂၀ ခုနှစ်တွင် ဒေါ်အောင်ဆန်းစုကြည် လက်ထက် အစိုးရက မေးခွန်းထုတ်ပြီး မေးမြန်းခြင်းအပေါ် မြန်မာနိုင်ငံဆိုင်ရာ တရုတ်သံရုံးမှ လူသိရှင်ကြား ငြင်းပယ်ခဲ့သည်။

ထိုမြို့သစ်သည် ထိုင်းနိုင်ငံ မဲဆောက်မြို့၏ မြောက်ဘက်တွင် တည်ရှိသည်။ ၎င်းတွင် “ သိပ္ပံနှင့်နည်းပညာစက်မှုဥယျာဉ်များ၊ အပန်းဖြေနှင့် ခရီးသွားဒေသများ၊ တိုင်းရင်းသား ယဉ်ကျေးမှုကို ပြသသည့်နယ်မြေများ၊ စီးပွားရေးနှင့် ထောက်ပံ့ပို့ဆောင်ရေးနေရာများနှင့် ဂေဟစနစ်စိုက်ပျိုးရေးနေရာများ” ပါရှိမည်ဖြစ်ကြောင်း ကြေငြာချက်များအရ သိရသည်။ “ သေနတ်ပစ် လေ့ကျင့်ရေး” အဆောက်အအုံလည်း ပါရှိလိမ့်မည်ဟုဆိုသည်။

ဓာတ်ပုံ၊ ရှီဇီကျန်း (She Zhijiang) သို့မဟုတ် ဒိုင်လန်ရှီ (Dylan She) /Twitter


ရွှေကုက္ကိုလ်မြို့ကို “ မြန်မာနိုင်ငံ၏ဆီလီကွန်တောင်ကြား” အဖြစ် နှိုင်းထားပြီး ၎င်းနေရာသည် အိန္ဒိယသမုဒ္ဒရာနှင့် တောင်တရုတ်ပင်လယ်ကြားရှိ ကုန်းလမ်းပေါင်းကူးတံတားလည်းဖြစ်ပြီး “ ရေကြောင်းပိုးလမ်းမကြီး” တစ်လျှောက် အဓိကကျသော ရပ်နားစခန်းတစ်ခုလည်း ဖြစ်သည်။


အဖြစ်မှန်က ပိုပြီးညစ်ညမ်းမှောင်မိုက်သည်။ ရွှေကုက္ကိုလ်သည် အွန်လိုင်းလောင်းကစား၊ အင်တာနက်မှ ငွေလိမ်လည် လှည့်ဖြားမှုများနှင့် လူကုန်ကူးမှုများအတွက် အသုံးပြုနေသည့် ရာဇဝတ်မှုဆိုင်ရာ အချက်အချာ နေရာတခု ဖြစ်သည်။ ဒေါ်အောင်ဆန်းစုကြည်အစိုးရသည် ၎င်း၏ BRI ချိတ်ဆက်မှုများကို သံသယဝင်ပြီးနောက် ထိုင်းနိုင်ငံသည် ရွှေကုက္ကိုလ်မြို့တော်အတွက် လျှပ်စစ်နှင့် တယ်လီကွန်မြူနီကေးရှင်းကို ၂၀၂၀ ခုနှစ်တွင် ပိတ်ခဲ့သည်။

သို့သော် ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီ ၁ ရက်တွင် ဒေါ်အောင်ဆန်းစုကြည်အား ဖြုတ်ချခဲ့ပြီး တပ်မတော်က အာဏာသိမ်းခဲ့သည့်နောက် တပ်မတော် ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်၏ နိုင်ငံတော်အုပ်ချုပ်ရေးကောင်စီကို ဖွဲ့စည်းခဲ့သည့်နောက် လျှပ်စစ်နှင့် တယ်လီ ကွန်မြူနီကေးရှင်းကို နှစ်ပတ်အတွင်း ထိုင်းမှ ပြန်လည်ရယူနိုင်ခဲ့သည်။


မှုခင်းဇုန်များ ပိုမိုများပြားလာကာ ရေတိမ်ပြီး အကွေ့အကောက်များသော သောင်ရင်းမြစ်တစ်လျှောက် တောင်ဘက်ခြမ်းဖက်သို့ ချက်ချင်းဆိုသလိုပင် စတင်တိုးပွားပေါ်လာခဲ့ပြီး ယခုနှစ်၏ အခြောက်သွေ့ဆုံး အချိန်များတွင်မြစ်ကို ခြေလျင်ဖြတ်ကျော်နိုင်သည် အထိရေတိမ်သည်။ Priscilla A. Clapp နှင့် Jason Tower တို့မှ လွန်ခဲ့သည့်လက ထုတ်ပြန်ခဲ့သော အမေရိကန်ငြိမ်းချမ်းရေးအင်စတီကျူ့ US Institute of Peace (USIP) ၏ လေ့လာမှုကိုရေးသားထုတ် ပြန်ချက်တွင် ဤဥပဒေမဲ့ဧရိယာသည် “ ကမ္ဘာ့လုံခြုံရေးကို ကြီးထွားလာသည့် ခြိမ်းခြောက်မှု” ဟု တံဆိပ်ကပ်ထားသည်။


“ ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလမှ မတ်လ ၂၀၂၂ ခုနှစ်အတွင်း (COVID-19) ကပ်ရောဂါသည် ဒေသအနှံ့ ပျံ့နှံ့နေသောကာလတွင် သောင်ရင်းမြစ်၏ ကီလိုမီတာ ၄၀ တလျှောက်တွင် အဆောက်အအုံအသစ်များ တန်းစီထွက်ပေါ်လာခဲ့သည်” ဟု Clapp နှင့် Tower မှ သတင်းပေးပို့ခဲ့သည်။


USIP သည် ယခုအချိန်အထိ အဆိုပါဧရိယာအတွင်း ထင်ရှားသော ရာဇဝတ်မှုဇုန် ၁၅ ခုကို ဖော်ထုတ် နိုင်ခဲ့ကြောင်း ၎င်းတို့က ရေးသားထားသည်။ ၎င်းတို့၏ တည်ရှိမှုနှင့် ကာလအပိုင်းအခြားကို Google Earth နှင့် နယ်စပ်သို့ သွားရောက် လေ့လာခြင်းဖြင့် အတည်ပြုနိုင်သည်။

ကမ္ဘောဒီးယား၊ လာအိုနှင့် မြန်မာတို့နှင့် နယ်နိမိတ်ချင်း ထိစပ်နေသော ထိုင်းနိုင်ငံ၏ အပေါက်ဝတွင် သံသယရှိသော အထူးစီးပွားရေး ဇုန်များ၏ သင်္ကေတများ အားလုံးတွင် အုတ်နှင့် အင်္ဂတေဖြင့် ဆောက်လုပ်ထားသည့် ကာစီနိုများ မရှိပါ။ ဂိုဒေါင်များနှင့် စက်ရုံများအတွက် လုံလောက်သည့် နေရာမရှိခြင်းကြောင့် ထိုဖွံ့ဖြိုး တိုးတက်မှုအသစ်များသည် ယုံကြည်ရလောက်သော အထူးစီးပွားရေးဇုန်များ ဖြစ်လာနိုင်မည်မဟုတ်ဟု ဆိုလိုခြင်း ဖြစ်သည်။ USIP မှ ဇုန်ဟုသတ်မှတ်ဖော်ပြထားသော “ ဇုန်များ” သည် လူများကို ထိန်းသိမ်းထားရန်ဖြစ်ပြီး တချို့နေရာများတွင် အခန်းများထဲသို့ အခန်းတခုလျှင် လူ (၆) ဦးခန့်ကိုပြွတ်သိပ်ထည့်ထားခြင်းဖြစ်သည်။


“ မြို့နှင့်တူသော နယ်မြေများသည် ရာဇဝတ်သားများ ဖမ်းဆီးထိန်းသိမ်းထားသည့်အကျဉ်းစခန်းများနှင့် ပိုတူသည်” ဟု USIP က သုံးသပ်သည်။ ၄ မီတာ ကွန်ကရစ် နံရံများအပေါ်တွင် ဘလိတ်ဒါးတပ် သံဆူးကြိုးခွေ များဖြင့် သွယ်တန်းထားသည်ကို ရှင်းလင်းစွာ မြင်တွေ့နိုင်သည်။ အချို့သော အခြေအနေများတွင် ကင်းစောင့် မျှော်စင်များက ၎င်းနေရာသည် ချွေးတပ်စခန်းများကိုအမှတ်ရစေသည်။


ထိုင်းဘက်ခြမ်းတွင် 5G ဝန်ဆောင်မှုပေးသည့် ဆဲလ်တာဝါတိုင်အသစ်များကို မြစ်ကိုဖြတ်၍ တိုက်ရိုက်မျက်နှာမူ စိုက်ထူထားသည်။ မြစ်ကမ်းပါးများတွင် ကွန်ကရစ်ဆင်ခြေလျော ချဉ်းကပ်လမ်း အများအပြားကို တည်ဆောက်ထားပြီး ကုန်တင်ကားကြီးများသည် ဆောက်လုပ်ရေးပစ္စည်းများနှင့် အခြားထောက်ပံ့ရေး ပစ္စည်းများဖြင့် ဖြတ်သန်းသွားလာရ လွယ်ကူစေပါသည်။


မဲဆောက်သည် အမှန်တကယ်ပင် ထောက်ပံ့ပို့ဆောင်ရေးဆိုင်ရာ အရေးပါသော နယ်စပ်မြို့ဖြစ်သည်။ အာရှလမ်းမကြီး ၁ တွင်တည်ရှိပြီး ထိုင်း-မြန်မာ ချစ်ကြည်ရေးတံတားဖြင့် ဆက်သွယ်ထားကာ ယင်းတံတားသည် လက်ရှိအချိန်အထိ ပိတ်ထားဆဲ ဖြစ်သည်။


ဧပြီလက ကားဗုံးဒဏ်ကြောင့် ပျက်စီးသွားသော အဆောက်အအုံကို မြန်မာဘက်ခြမ်းတွင် ရှင်းရှင်းလင်းလင်း မြင်နေရဆဲ ဖြစ်သည်၊ အမျိုးသားရေး မတည်ငြိမ်မှုများကြောင့် သောင်းနှင့်ချီသော ပြည်သူများ အိုးအိမ်စွန့်ခွာ ထွက်ပြေးခဲ့ရသည့် အထောက်အထား ဖြစ်သည်။ မြဝတီမြို့၏ မြောက်ဘက်တွင် ကုန်စည်ပို့ဆောင်ရန် အကောက်ခွန် စစ်ဆေးရေးဂိတ်များ ပါရှိသည့် နောက်ထပ်တံတားတစ်ခုရှိသည်။ မြန်မာနိုင်ငံတွင် လက်နက်ကိုင် မငြိမ်သက်မှုများ ရှိနေသော်လည်း ကွန်တိန်နာယာဉ်များ သွားလာခွင့်ကို ဖွင့်လှစ်ထားသည်။


အနောက်ဘက်သို့သွားသောလမ်းဖြင့် ၁၇၅ ကီလိုမီတာခန့်အကွာတွင် အိန္ဒိယသမုဒ္ဒရာရှိ ကပ္ပလီပင်လယ် ဆိပ်ကမ်းမြို့တစ်ခု ဖြစ်သည့် မော်လမြိုင်မြို့ရှိသည်။ မော်လမြိုင်မြို့ကို ၁၉ ရာစုအစောပိုင်းတွင် မြန်မာနိုင်ငံအောက်ပိုင်း၌ ဗြိတိသျှတို့က ပထမဆုံးတည်ထောင်ခဲ့သည်။ Yatai ၏ အဆိုပြုထားသည့် ရေကြောင်းပိုးလမ်းမကြီးသည် မော်လမြိုင်မှ ထိုင်းနိုင်ငံ၏ အကြီးဆုံးဆိပ်ကမ်းဖြစ်သော Laem Chabang သို့ ကုန်းလမ်းဖြင့် ဆက်သွယ်ကာ ထိုနေရာမှ တရုတ်နိုင်ငံအရှေ့တောင်ဘက် ကွမ်ကျိုးဆိပ်ကမ်းသို့ ဆက်သွယ်ထားသည်။


Yatai ၏ အထင်ကရ ဖွံ့ဖြိုးတိုးတက်မှုဖြစ်သော ရွှေကုတ်ကိုသည် ၁၉၉၄ ခုနှစ်အထိ ကရင်အမျိုးသား လွတ်မြောက်ရေး တပ်မတော် တပ်ရင်း ၁၀၁ တပ်ရင်း အခြေစိုက်ရာ ကော့မူးရာ အနီးတွင် ရှိသည်။ ယနေ့တွင် ဤနယ်စပ်ကို ကရင်ခွဲထွက်အဖွဲ့ဖြစ်သည့် ကရင်နယ်ခြားစောင့်တပ် (BGF)က ထိန်းချုပ်ထားသည်။ မြန်မာ့တပ်မတော်နှင့်ငြိမ်းချမ်းရေး နှင့် စီးပွားရေးအစီအမံတွေ လုပ်ဆောင်ဖို့ဆွေးနွေးသဘောတူညီခဲ့ကြသည်။ ၊ ရွှေကုတ်ကို မှာရှိတဲ့ BGF ရဲ့ရုံးခန်းတွေဟာ Yatai ရဲ့ ရုံးခန်းတွေနဲ့ တိုက်ရိုက် ဆက်စပ်နေပါတယ်။ ထိုဆက်ဆံရေးသည် တရုတ်ဒုစရိုက်ကမ္ဘာနှင့် မြန်မာစစ်အစိုးရကြား တိုက်ရိုက်ဆက်နွှယ်မှုကို ညွှန်ပြနေသော်လည်း အမှန်တကယ် မည်မျှအထိနက်နက်ရှိုင်းရှိုင်းပါဝင်ပတ်သက်နေသည်ကို ထင်ကြေးပေးရန်မှာခန့်မှန်းရခက်ပါသည်။


Yatai သည် မှတ်ချက်ပေးရန် တောင်းဆိုချက်များကို တုံ့ပြန်ခြင်းမရှိသော်လည်း ထိုမြို့သည် သောင်ရင်းမြစ်တလျှောက် ၁၉ ကီလိုမီတာ ရှည်လျားပြီး မြို့တစ်ခုလုံးသည် စတုရန်းကီလိုမီတာ ၁၂၀ ကျယ်ဝန်းသည်ဟု ယူဆပါသည်။ လောင်းကစားတရားဝင်သလုပ်နိုင်သည့် တရုတ်နိုင်ငံ၏တစ်ခုတည်းသော ဒေသဖြစ်သည့် မကာအိုထက် အနည်းငယ် ပိုကြီးမည်ဖြစ်သော်လည်း ပီကင်းက သည်းခံမှု လျော့နည်းလာခဲ့သည်။


ကိုဗစ်ကပ်ရောဂါကြောင့် ပိတ်ဆို့ကန့်သတ်မှုများနှင့် ကာစီနိုလောင်းကစားမှုများကို တရားဝင် ကန့်သတ်မှုများကြောင့် မကာအို၏ လောင်းကစားမှ ရရှိသည့်ဝင်ငွေသည် ပြီးခဲ့သည့်နှစ်တွင် ယခုရာစုနှစ်တွင် အနိမ့်ဆုံးအဆင့်သို့ လျော့ကျခဲ့သည်။ ကာစီနိုဖြင့် ငွေကြေးရှာဖွေနေသည့် လုပ်ငန်းရှင်များသည် ၂၀၁၆ ခုနှစ်ကတည်းက ပေါ်တူဂီကိုလိုနီနယ်ဟောင်းမှ ကမ္ဘောဒီးယားရှိ ဆီဟန်နွတ်ခ်ဗီးလ် (Sihanoukville) နှင့် ပွိုင်ပက် (Poipet) ကဲ့သို့သော ထိန်းချုပ်မှုနည်းသော နယ်မြေများသို့ ပြောင်းရွှေ့ခဲ့ပြီး နောက်ပိုင်းတွင် ထိုင်း၊ လာအိုနှင့် မြန်မာနယ်စပ် တစ်လျှောက်တွင် တရားဥပဒေ စိုးမိုးမှုမရှိသော မရေမတွက်နိုင်သော လောင်းကစားဝိုင်းများစွာကို ဖန်တီးပေးခဲ့သည်။ အွန်လိုင်း လောင်းကစားနည်းပညာနှင့် အခြေခံ အဆောက်အအုံများကို လိမ်လည်လှည့်ဖြားရန်အတွက် အသုံးပြုခဲ့ပြီး “ ဒေသတွင်းလိမ်လည်လှည့်ဖြားမှုကြီး” ကို ဖြစ်စေခဲ့သည်။


ရွှေကုက္ကိုလ်မှာ ရှိနေတဲ့ အဓိက ကာစီနိုရုံကြီးကတော့ အားလုံးနီးပါးထက် ပိုကြီးမားပါတယ်။ အဲဒီမြို့တော် စီမံကိန်းကို အဓိက တွန်းအားပေး အကောင်အထည် ဖော်နေသူက ရှီဇီကျန်း တဖြစ်လဲ ဒိုင်လန်ရှီဆိုတဲ့ ပုဂ္ဂိုလ်ပါပဲ။ သူ့ကိုယ်သူတော့ Yataiရဲ့ ဥက္ကဋ္ဌအဖြစ် ကြေညာထားပါတယ်။ သူက တရုတ်ရဲ့ နိုင်ငံရပ်ခြား စွန့်ဦးတီထွင် စီးပွားရေး လုပ်ငန်းရှင်များ အဖွဲ့ချုပ်မှာ ဒုတိယ ဥက္ကဋ္ဌလည်း ဖြစ်ပါတယ်။ အဲဒီ အဖွဲ့အစည်းအပြင် နိုင်ငံရပ်ခြားက ပြန်လာတဲ့ တရုတ်နိုင်ငံသားများဆိုင်ရာ အဖွဲ့ချုပ်ကလည်း ရွှေကုက္ကိုလ် စီမံကိန်းကို အားပေး ထောက်ခံထားကြပါတယ်။


ရွှေကုက္ကိုလ်၏ အဓိက ကာစီနိုရုံသည် အားလုံးထက် ကြီးသည်။ မြို့တော်စီမံကိန်းကို ဦးဆောင်နေသူမှာ ရှီဇီကျန်း (She Zhijiang) သို့မဟုတ် ဒိုင်လန်ရှီ (Dylan She) ဖြစ်သည်။ သူသည် Yatai International Holding Group ၏ ဥက္ကဌအဖြစ် သူ့ကိုယ်သူ မကြာခဏ ရည်ညွှန်းလေ့ရှိသည်။ သူသည် တရုတ်နိုင်ငံရပ်ခြား စွန့်ဦးတီတွင် လုပ်ငန်းရှင်များအသင်းချုပ်၏ ဒုတိယ ဥက္ကဋ္ဌလည်းဖြစ်ပြီး၊ နိုင်ငံရပ်ခြားမှ ပြန်လာသော တရုတ်လူမျိုးများ ဖက်ဒရေးရှင်း၏ ဒုဥက္ကဌလည်းဖြစ်သည်။


တရုတ်ရဲ့ Caixin သတင်းဌာနက ဖော်ပြမှုအရ ရှီဟာ ၂၀၁၂ ခုနှစ် ကတည်းက တရုတ် အာဏာပိုင်တွေ လက်ကနေ ထွက်ပြေး တိမ်းရှောင်နေခဲ့တယ်လို့ သိရပါတယ်။ သူဟာ ကမ္ဘောဒီးယား၊ မြန်မာနဲ့ ဖိလစ်ပိုင်တို့မှာ လောင်းကစားလုပ်ငန်း ကွန်ရက်တွေကို ထူထောင်ခဲ့တယ်။ ဩဂုတ်လကစလို့ သူဟာ ထိုင်းနိုင်ငံက လူဝင်မှု ကြီးကြပ်ရေး ဗျူရိုရဲ့ အကျဉ်းခန်း တစ်ခုထဲ ရောက်သွားပါတော့တယ်။ အခုဆိုရင် ရှီဟာ တရုတ်နိုင်ငံကို ပြန်လည် လွှဲပြောင်းပေးမယ့် အချိန်ကို ထိုင်စောင့်နေရပါပြီ။ ဒါပေမဲ့ သူက ကမ္ဘောဒီးယား နိုင်ငံသား အဖြစ်လည်း ခံယူထားတာကြောင့် အဲဒီကိစ္စမှာ လုပ်ထုံးလုပ်နည်းဆိုင်ရာ ရှုပ်ထွေးမှုတွေ ကြုံနေရပါတယ်။ ရှီ အဖမ်းခံထားရပေမယ့်လည်း Yataiကတော့ သူတို့ရဲ့ လုပ်ငန်းတွေကို ပုံမှန်အတိုင်း ဆက်လက် လည်ပတ်နေဆဲပါ။


တရုတ်နိုင်ငံ Caixin သတင်းထုတ်ပြန်မှု၏ အဆိုအရ သူသည် တရုတ်အာဏာပိုင်များထံမှ ၂၀၁၂ ခုနှစ်ကတည်းက ထွက်ပြေးလာခဲ့သူဖြစ်ကြောင်းသိရသည်။ ကမ္ဘောဒီးယား၊ မြန်မာနှင့် ဖိလစ်ပိုင်တို့တွင် လောင်းကစားကွန်ရက်များကို သူက ဦးစီးပြီး ထူထောင်ခဲ့ကြောင်း သိရသည်။ ဩဂုတ်လကတည်းက ၎င်းအား တရုတ်နိုင်ငံသို့ လွှဲပြောင်းပေးရေးကို ထိုင်း လူဝင်မှု ကြီးကြပ်ရေးဗျူရို အကျဉ်းခန်းထဲတွင် စောင့်ဆိုင်းနေခဲ့သည်။ သို့သော်လည်း Yatai ကုမ္ပဏီကတော့ ပုံမှန်အတိုင်း စီးပွားရေးလုပ်ငန်းများ ဆက်လက် လည်ပတ်လျက်ရှိသည်။


အသက် ၄၀ အရွယ် ရှီသည် ဟူနန်တွင် မွေးဖွားခဲ့သော်လည်း တရုတ်လူဆိုးဂိုဏ်းခေါင်းဆောင်များကဲ့သို့ပင် ဒေါ်လာ ၂၀၀,၀၀၀ ဝန်းကျင်ဖြင့် တရားဝင် ဝယ်ယူနိုင်သည့် ကမ္ဘောဒီးယားနိုင်ငံကူးလက်မှတ်ကို ကိုင်ဆောင်ထားသည်။ တရုတ်ပြည်မကြီးမှ ရာဇဝတ်မှုများ သုတ်သင်ရှင်းလင်းမှုများနှင့်တူ လုပ်ဖော်ကိုင်ဖက်အချို့၏ သစ္စာဖောက်မှုများကိုပါ ကြုံတွေ့နိုင်ရသဖြင့် အချို့သည် ထွက်ပေါက်များ ရှာဖွေ၍ တရုတ်ပြည်မှ ထွက်ခွာခဲ့ကြသည်။ ပြန်လည်တည်ထွင် ဖန်တီးထားသော အထောက်အထားများဖြင့် ၎င်းတို့သည် ယခုအခါ တရားဝင် စီးပွားရေးသမားများအနေနှင့် အရှေ့တောင်အာရှတခွင်တွင် ကျင်လည်ကျက်စားနေကြသည်။


ရှီသည် မြဝတီမြို့ အရှေ့တောင်ဘက်နှင့် မနီးမဝေးတွင်ရှိသည့် KK Park နှင့်လည်း အဆက်အသွယ် ရှိကြောင်း သတင်းရရှိပါသည်။ ၎င်း KK Park သည် နယ်မြေသစ်များကြားတွင် နာမည်ဆိုးနှင့် ကျော်ကြားသည်။ မလေးရှားနိုင်ငံသားများ၊ ထိုင်ဝမ်နှင့် အိန္ဒိယနိုင်ငံသားများသည် ထိုနေရာသို့ လူကုန်ကူးခံရပြီးနောက် ယင်းတို့ထဲတွင် ပြန်ပေးဆွဲခံနေရခြင်း သို့မဟုတ် ၎င်းတို့၏ လွတ်မြောက်ခွင့်ကို ပြန်လည်ဝယ်ယူရန်အတွက် အွန်လိုင်းမှ လှည့်ဖြားသည့် အလုပ်ကို လုပ်ဆောင်ပေးနေရသည့် သူများလည်း ပါဝင်သည်။


Googleရဲ့ မြေပုံတွေထဲမှာတော့ KK Parkကို ဆိုးဝါးတဲ့နေရာတစ်ခုအဖြစ် မှတ်သားထားကြတာကို တွေ့နိုင်ပါတယ်။ KK Zone၊ ဒါမှမဟုတ် KK Garden လို့လည်း ခေါ်ဝေါ်လေ့ရှိတဲ့ နေရာကို မကောင်းတဲ့ အမှတ်အသားမျိုးတွေကို မလေးရှားနဲ့ တရုတ်နိုင်ငံသား အများစုက သတ်မှတ်ပေးထားလေ့ ရှိတယ်။ တစ်ယောက်ကဆိုရင် KK Parkရဲ့ တည်နေရာကို အင်္ဂလိပ် ဘာသာနဲ့ ထောင်လို့ ရေးမှတ်ပေးထားပါတယ်။ အဲဒီနေရာဟာ ဘေးချင်းယှဉ်ပြီး အပြင်ဖက် နံရံမှာ ပြတင်းပေါက် တပ်ဆင်မထားတဲ့ အဆောက်အအုံ နှစ်ခု ဖြစ်ပါတယ်။ အလယ်မှာတော့ အတော်လေး ခမ်းနားထည်ဝါတဲ့ ဇိမ်ခံအိမ်ကြီး နှစ်လုံးက နောက်ထပ် ကွန်ကရစ် နံရံမြင့်ကြီး ဝန်းရံလျက်သား ပုံစံမျိုးနဲ့ တည်ရှိနေပါတယ်။


Google Map တွင် KK Zone သို့မဟုတ် KK Garden ဟု ခေါ်သော KK Park ကို ဆိုးဝါးသည့် နေရာတခုအဖြစ် မလေးဘာသာနှင့် တရုတ်ဘာသာတို့ဖြင့် ဖော်ပြထားသည်ကို တွေ့မြင်နိုင်သည်။ တစုံတယောက်က ပြတင်းပေါက်မပါသော အပြင်ဘက်နံရံများဖြင့် လုံခြုံသော ဘေးချင်းကပ် အဆောက်အဦနှစ်ခုတွင် အင်္ဂလိပ်ဘာသာဖြင့် “ ထောင်” ဟု အမှတ်အသားပြု ရေးသားထားသည်။ အလယ်ဗဟိုတွင် ဇိမ်ခံအိမ်ကြီးနှစ်လုံးကို မြင့်မားသော ကွန်ကရစ်နံရံများဖြင့် ဝန်းရံထားသည်။


“ထိထိရောက်ရောက်ပြောရရင် သောင်ရင်းမြစ်တစ်ခုလုံးဟာ ရာဇဝတ်မှုဖြစ်ပေါ်ရာ မြစ်ကြီးဖြစ်သွားပါပြီ” ဟု တာဝါက Nikkei Asia သို့ ပြောသည်။ “မြစ်တစ်ဖက်ကမ်းကို လိမ်လည်လှည့်ဖြားခံရသူ အရေအတွက် တိုးများလာနေတာကို တွေ့နေရပြီး အဲဒီ့ရောက်တာနဲ့ ဖမ်းဆီးချုပ်နှောင်ခံရပြီး ငွေတောင်းခံရတယ်” ဟု ၎င်းက ဆက်လက်ပြောသည်။ “ဒါပေမယ့် ငွေပေးတိုင်း အဖမ်းခံရသူက ပြန်လွတ်မယ်ဆိုတဲ့ အာမခံချက် မရှိဘူး” ဟုလည်း ၎င်းက ပြောသည်။


ကိုဗစ်ကပ်ရောဂါကူးစက်မှုကြောင့် လော့ဒေါင်းကြေညာသည့်အချိန်မတိုင်ခင် ၂၀၂၀ ပြည့်နှစ်၊ နှစ်ဆန်းပိုင်းခန့်က ထိုင်းသတင်းထောက်တစ်ဦး မြဝတီရှိ ကာစီနိုရုံများသို့ သွားရောက်လည်ပတ် ကြည့်ရှုခဲ့သည်။ ၎င်းနေရာတွင် ကမ္ဘောဒီးယား ပတ်စ်ပို့ အရောင်းအဝယ်လုပ်သူများနှင့် လောင်းကစားဒိုင်များကို တွေ့မြင်ခဲ့ရသည်ဟု ဆိုသည်။ ၂၀၁၉ ခုနှစ်မှာ တရုတ်နိုင်ငံ၏ တောင်းဆိုမှုကြောင့် ကမ္ဘောဒီးယားအစိုးရက အွန်လိုင်းလောင်းကစားမှုများကို ဖိဖိစီးစီး ဖြိုခွင်းလာပြီးနောက် ကာစီနိုရုံ ဝန်ထမ်းများသည် ဆီဟန်နွတ်ခ်ဗီးလ်မှ ပြောင်းရွှေ့လာကြသည်။ ယင်းနေရာတွင် အွန်လိုင်းလောင်းကစားလုပ်ငန်းများကို လည်ပတ်နေသည်ကိုလည်း ထိုင်းသတင်းထောက်က တွေ့မြင်ခဲ့ရသည်။


လူမှောင်ခိုကူးရာတွင် မလေးရှားနိုင်ငံသားများကို ပစ်မှတ်ထားလေ့ရှိသည်။ အဘယ်ကြောင့်ဆိုသော် မလေးရှား-တရုတ်များသည် တရုတ်စကားကို ကျွမ်းကျွမ်းကျင်ကျင် ပြောဆိုနိုင်ခြင်းကြောင့်ဖြစ်သည်။ တရုတ်ပြည်မကြီးနှင့် လော့ဒေါင်းကြောင့် အခြားနိုင်ငံများတွင် ပိတ်မိနေသည့် တရုတ်နိုင်ငံသားများကို ဆက်သွယ်ပြီး လိမ်လည်ရာတွင် ပိုမို အထောက်အကူ ဖြစ်စေခြင်းကြောင့်ဖြစ်သည်။ အင်္ဂလိပ်စကားပြောတတ်သည့် အခြားမလေးရှားနိုင်ငံသားများကိုလည်း အခြားနိုင်ငံများအတွက် လိမ်လည်မှုများတွင် အသုံးပြုသည်။ ဖိလစ်ပိုင်၊ အိန္ဒိယနှင့် အာဖရိကဒေသတွင်း နိုင်ငံများမှာ သူများလည်း လူကန်ကူးခံရသည်။ မက်မောလောက်စရာ လခများပေးသည့် အလုပ်ခေါ်စာ အတုအယောင်များနှင့် မက်လုံးပေး သိမ်းသွင်းခံခဲ့ကြရခြင်းဖြစ်သည်။


USIP က မြန်မာနိုင်ငံထဲမှာ၊ အထူးသဖြင့် သောင်ရင်းမြစ်ကမ်းတလျှောက်မှာ နိုင်ငံခြားသား တစ်သိန်းကျော်ခန့် ပိတ်မိနေနိုင်သည်ဟု ခန့်မှန်းထားသည်။ ဘန်ကောက်တွင် နေထိုင်ပြီး သေချာစွာ စောင့်ကြည့် လေ့လာနေသည့် အရှေ့တောင်အာရှမှ သံအရာရှိတစ်ဦးက “လက်တွေ့မှာ ကိန်းဂဏန်းတွေက အဲဒီထက်တောင် ပိုများနိုင်တယ်လို့” ပြောသည်။ ယခုအချိန်ထိ မလေးရှား နိုင်ငံသားများ မြန်မာနိုင်ငံသို့ လူကုန်ကူးခံခဲ့ရသဖြင့် နေရပ်ပြန်ခွင့်ရဖို့ တောင်းခံသည်များ ထွက်ပေါ်လာနေဆဲဖြစ်သည်။


တတိယထပ်၏ပြတင်းပေါက်မှ စွန့်စားခုန်ချခဲ့ပြီး မဲဆောက်မှတဆင့် လွတ်မြောက်လာသည့် မလေးရှားနိုင်ငံသား တစ်ယောက်က အဆောက်အအုံ အသီးသီးတွင် ထိန်းသိမ်းခံထားရသူများကို ထောင်နဲ့ချီ တွေ့မြင်ခဲ့ရသည်ဟု အခိုင်အမာ ပြောဆိုခဲ့သည်။ မဲဆောက်ရှိ အဓိကရဲစခန်းနှင့် ဆက်သွယ်ပြီး အလုပ်လုပ်နေသည့် ထိုင်းရှေ့နေတစ်ဦးကတော့ ထိုင်းလူဝင်မှုကြီးကြပ်ရေးဌာနမှ နေရပ်သို့ ပြန်ပို့လိုက်သည့် အသက် (၁၅) နှစ်အရွယ် မလေးရှားလူငယ် (၂) ဦးကို ကူညီ ဆောင်ရွက်ပေးဖူးကြောင်း Nikkei Asia ကို ပြောပြခဲ့သည်။


Survive ဟု ခေါ်ဆိုသည့် လွတ်လပ်သည့်ကွန်ရက်တစ်ခုကို ထူထောင်ပြီး လူကုန်ကူးမှု သားကောင်များကို ကူညီ ဆောင်ရွက်ပေးနေသည့် ထိုင်းနိုင်ငံသား အက္ကပေါ့လူယန်ပရာဆက်က မမှတ်မိလောက်အောင် ရုပ်ဖျက်ထားသည့် အသက် (၂၅) နှစ်အရွယ် အမျိုးသမီးတယောက်ကို ဧပြီလက မီဒီယာများနှင့် တွေ့ဆုံပေးခဲ့သည်။ ယင်းအမျိုးသမီးသည်လည်း အလုပ်ခေါ်စာအတုများနှင့် မက်လုံးပေးစည်းရုံးခံရခြင်းကြောင့် မြဝတီမှတဆင့် နယ်စပ်သို့ ဖြတ်ဝင်ခဲ့ရာက ပြည့်တန်ဆာ အဖြစ် အဓမ္မခိုင်းစေခြင်း ခံခဲ့ရသည်ဟု ပြောခဲ့သည်။ သူမသည် ထွက်ပြေး လွတ်မြောက်လာသော်လည်း ထိုင်းအမျိုးသမီး ၃၀၀ ခန့် အဖမ်းခံနေရဆဲ ဖြစ်သည်ဟု သူမက ဆိုသည်။


“ပိတ်မိနေသူတွေကို ကူညီပေးဖို့ ဆိုတာက မဖြစ်နိုင်သလောက်ပဲ” ဟု ဘန်ကောက် အခြေစိုက် ကုလသမဂ္ဂ မူးယစ်ဆေးဝါးနှင့် ရာဇဝတ်မှု တိုက်ဖျက်ရေး အဖွဲ့၏ ဌာနေကိုယ်စားလှယ် ဂျရမီဒေါက်ဂလက်စ်က Nikkei ကို ပြောသည်။
“ပြောရရင်တော့ သောင်ရင်းမြစ်တစ်ဖက်ကမ်းက တခြားဂြိုဟ်ကမ္ဘာတခုပဲ။ အချုပ်အခြာအာဏာ ကြီးစိုးမှုဆိုတာ ဘာမှ မရှိဘူး။ ထိန်းမနိုင်ဖြစ်နေပြီ” ဟု သူက ဆိုသည်။


ဒေါက်ဂလက်စ်က ပို၍တင်းကျပ်သည့် စည်းမျဉ်းများကို ပြဋ္ဌာန်းဖို့ တောင်းဆိုခဲ့သည်။ “နယ်စပ်တလျှောက် ပျံ့နှံ့နေတဲ့ ရာဇဝတ်သားတွေ၊ ကာစီနိုတွေနဲ့ လူလိမ်အဖွဲ့အစည်းတွေကို အင်တာနက်ကွန်ရက်တွေ၊ လျှပ်စစ်ဓာတ်အားတွေ အားလုံး ဖြတ်တောက်သင့်တယ်။ ဒါမှ သူတို့က လုပ်ငန်း မလည်ပတ်နိုင်မှာ” ဟု သူက ပြောသည်။ “အဲဒီနေရာကို ဝင်ရောက်မှုနဲ့ ပတ်သက်လို့ ဘယ်လို စီမံဆောင်ရွက်နေသလဲ ဆိုတာကို ပထမဦးဆုံး စုံစမ်းဖို့ အကြံပြုလိုပါတယ်” ဟု ဒေါက်ဂလက်စ်က ပြောခဲ့သည်။

Source: Nikkei Asia

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.eraseye.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

ဆက်စပ်သတင်းများ

ဆောင်းပါးများ

မဇ္ဈိမမှသည် ချင်းတောင်တန်းနှင့် ပုံတောင်ပုံညာဆီသို့ ခရီးသွားဆောင်းပါး (အပိုင်း ၂)

  • 2024 ခုနှစ်၊ ဇန်နဝါရီလ 22 ရက်
  • 198 Views
ခရီးစထွက်ပြီဒီဇင်ဘာလ (၁၅) ရက်နေ့မနက်မှာ စမ်းစမ်းတို့ချက်ကျွေးတဲ့ ထမင်းနဲ့ဟင်းကို စားကြတယ်။ ငြိမ်းချမ်းက သက်သတ်လွတ်ဆိုတော့ သူ့အတွက် ပဲပုတ်ဟင်းချက်ပေးတော့ သူက အများကြီးစားတယ်။
ဆောင်းပါးများ

မဇ္ဈိမမှသည် ချင်းတောင်တန်းနှင့် ပုံတောင်ပုံညာဆီသို့ ရုပ်သံဆောင်းပါး (အပိုင်း ၂)

  • 2024 ခုနှစ်၊ ဇန်နဝါရီလ 22 ရက်
  • 136 Views
ဒီခရီးစဉ် အပိုင်း (၂) မှာတော့ မင်းတပ်မြို့နယ်၊ ဝမ္မတူရွာမှာရှိတဲ့ စစ်လော်ဘီတွေက တော်လှန်ရေး သမားတွေကို ဆေးကုပေးနေတယ်ဆိုပြီး ဗုံးကြဲဖို့ အကြိမ်များစွာ
ဆောင်းပါးများ

မဇ္ဈိမမှသည် ချင်းတောင်တန်းနှင့် ပုံတောင်ပုံညာဆီသို့ ခရီးသွားဆောင်းပါး (အပိုင်း ၁)

  • 2024 ခုနှစ်၊ ဇန်နဝါရီလ 18 ရက်
  • 180 Views
၁၉၈၈ ခုနှစ်ကစပြီး မြန်မာ့အရေးကို မှတ်တမ်းတင်နေသူ ကျနော့်မိတ်ဆွေ ဂျပန်ဗီဒီယိုသတင်းသမား အာဆာဘီနဲ့ မဲဆောက်မြို့ကိုလာရောက်ပြီး တော်လှန်ရေးအဖွဲ့အစည်းတွေနဲ့ တွေ့ဆုံနေစဉ် ဂျပန်ဝါရင့်သတင်းသမား အူဆာဂီတို့အဖွဲ့နဲ့ ၂၀၂၂ ခုနှစ်မှာ မဲဆောက်မြို့မှာ တွေ့ရှိခင်မင်ခဲ့ကြပြီး ဘန်ကောက်ရောက်တဲ့အခါ ပြည်တွင်းက ထွက်ပြေးလာတဲ့ ကျောင်းဆရာ
ဆောင်းပါးများ အတွေးအမြင်ကဏ္ဍ အယ်ဒီတာ့အာဘော်

ယခင်တပ်မတော်နဲ့ ယနေ့တပ်မတော် ဘာတွေ ကွာခြားလဲ

  • 2023 ခုနှစ်၊ နိုဝင်ဘာလ 23 ရက်
  • 117 Views
ခေတ်မျက်လုံးရဲ့ ပင်တိုင်ဆောင်းပါးရှင် ဦးထွန်းအောင်ကျော်မှ ရေးသားသည့်ဆောင်းပါး ဖြစ်ပါသည်။ တပ်မတော်သားတွေရဲ့ လူနေမှု အဆင့်အတန်းကို လေ့လာရင် ဦးနုလက်ထက်ကနေ ဗိုလ်နေဝင်း အာဏာသိမ်းခါစအထိ ပြည်သူက တော်လှန်ရေးနေ့ (အခုတပ်မတော်နေ့) ရောက်တိုင်း စစ်ရေးပြချီတက်လာတဲ့ တပ်မတော်သားတွေကို ပန်းကုံးစွပ် ကြိုဆိုကြတယ်။
ဆောင်းပါးများ မြန်မာသတင်း

ဖက်ဒရယ်နိုင်ငံတည်ဆောက်ခြင်း(နောက်ဆုံးပိုင်း)

  • 2023 ခုနှစ်၊ အောက်တိုဘာလ 29 ရက်
  • 100 Views
ခေတ်မျတ်လုံးရဲ့ ရုပ်သံဆောင်းပါး အစီအစဉ်ကနေ ကြိုဆိုပါတယ်။ ဒီကနေ့မှာဆိုရင် ဖက်ဒရယ်နိုင်ငံတည်ဆောက်ခြင်းဆိုတဲ့ ဆောင်းပါးရဲ့ နောက်ဆုံးအပိုင်းကို တင်ဆက်ပေးမှာပါ။ ဆောင်းပါးရဲ့ ပထမပိုင်းနဲ့ ဒုတိယပိုင်းတွေမှာ ဖက်ဒရယ်နောက်ခံသမိုင်းအကြောင်း၊ ဖက်ဒရယ်ကို အတားအဆီးဖြစ်နေတဲ့ အချက် ၃ ချက်ဖြစ်တဲ့ ဗမာမုန်းတီးရေး၊ လူမျိုးစုတစ်ခု
ဆောင်းပါးများ မြန်မာသတင်း

ဖက်ဒရယ် နိုင်ငံတည်ဆောက်ခြင်း အပိုင်း (၂)

  • 2023 ခုနှစ်၊ အောက်တိုဘာလ 28 ရက်
  • 99 Views
ခေတ်မျတ်လုံးရဲ့ ရုပ်သံဆောင်းပါး အစီအစဉ်ကနေ ကြိုဆိုပါတယ်။ ဒီအစီအစဉ်ကနေ ဦးထွန်းအောင်ကျော် ရေးသားထားတဲ့ “ ဖက်ဒရယ်နိုင်ငံတည်ဆောက်ခြင်း” ဆိုတဲ့ ဆောင်းပါးကို စာရေးသူကိုယ်တိုင်က တင်ဆက်ပေးသွားမှာပါ။ ဒီရုပ်သံဆောင်းပါးမှာဆိုရင် ပင်လုံကနေစလို့ ဖက်ဒရယ်နောက်ခံသမိုင်း‌ကြောင်းတွေ၊ ဖက်ဒရယ်ကို တားဆီးနေတဲ့အချက်တွေနဲ့ ဖက်ဒရယ်အတွက် ကြိုတင်ပြင်ဆင်ထားသင့်တာတွေကို
ဆောင်းပါးများ မြန်မာသတင်း

ဖက်ဒရယ် နိုင်ငံတည်ဆောက်ခြင်း အပိုင်း(၁) – ရုပ်သံဆောင်းပါး။

  • 2023 ခုနှစ်၊ အောက်တိုဘာလ 27 ရက်
  • 143 Views
၂၀၂၃ ခုနှစ်၊ အောက်တိုဘာလ (၂၇) ရက်၊ ခေတ်မျက်လုံး။ ခေတ်မျတ်လုံးရဲ့ ရုပ်သံဆောင်းပါး အစီအစဉ်ကနေ ကြိုဆိုပါတယ်။ ဒီကနေ့မှာဆိုရင် ဖက်ဒရယ် နိုင်ငံတည်ဆောက်ခြင်းဆိုတဲ့ ဆောင်းပါးကို တင်ဆက်ပေးမှာပါ။ ဒီရုပ်သံဆောင်းပါးမှာဆိုရင် ပင်လုံကနေစလို့ ဖက်ဒရယ်နောက်ခံသမိုင်း‌ကြောင်းတွေ၊ ဖက်ဒရယ်ကို တားဆီးနေတဲ့အချက်တွေနဲ့
ဆောင်းပါးများ အတွေးအမြင်ကဏ္ဍ

ရွှေ့ပြောင်းအလုပ်သမားချင်းအတူတူ အစ္စရေးက ထိုင်းရွှေ့ပြောင်းအလုပ်သမားနဲ့ ထိုင်းနိုင်ငံမှာရှိတဲ့ မြန်မာရွှေ့ပြောင်းအလုပ်သမားတွေ ဘယ်လိုကွာခြားသလဲ။

  • 2023 ခုနှစ်၊ အောက်တိုဘာလ 18 ရက်
  • 106 Views
သောကြာနေ့တွင် ဘွန်းချိုင်း ဆေရန် (Boonchai Saeyang) သည် ထိုင်းနိုင်ငံသို့ ပြန်ရောက်သောအခါ ဂါဇာကမ်းမြောင်အနီးရှိ လယ်ကွင်းတစ်ခုတွင် အလုပ်လုပ်ရန် အစ္စရေးတွင် နောက်ချန်ကျန်နေရစ်ခဲ့သော သူ့လုပ်ဖော်ကိုင်ဖက် ထိုင်းလူမျိုးများအကြောင်း တွေးနေမှု ရှိလာခဲ့သည်။ သူတို့နေခဲ့သည့် အစ္စရေးရွာတွင် အရပ်သားတွေကို