အလင်းတန်းဖြာထွက်လျက်ရှိနေပြီး မြင်တွေ့ရသည့် အမည်မသိ အရာ၀တ္တုတခုသည် မြန်မာနိုင်ငံ ကောင်းကင်ယံတွင် ပျံသွားနေသည့်မြင်ကွင်းများသည် ယခုအခါတွင် လူမှုကွန်ရက်စာမျက်နှာများတွင် ကျယ်ကျယ်ပြန့်ပြန့်ထွက်ပေါ်လာနေပြီဖြစ်သည်။
အဆိုပါ အမည် မသိ အရာ၀တ္တုသည် ရခိုင်ပြည်နယ်စစ်တွေမြို့ ကောင်းကင်ယံတွင် ယနေ့ ည ၆ နာရီ ၄၅ မိနစ်အချိန်က ပျံသန်းသွားသည်ကို ဒေသခံများက ရိုက်ကူးမှတ်တမ်းတင်ထားသည့်ကို ရုပ်သံတွင် မြင်တွေ့ရမည်ဖြစ်သည်။
အဆိုပါ အမည်မသိယာဉ်ပျံနှင့်ပတ်သက်ပြီး စစ်ကောင်စီဘက်က မည်သည့်သတင်းမှ ထုတ်ပြန်ချင်းမရှိသေးပေ။






စစ်ကိုင်းတိုင်း၊ ချင်းပြည်နယ်၊ ရခိုင်ပြည်နယ်၊ မန္တလေးတိုင်း၊ အပါ အဝင်အခြား ပြည်နယ်/တိုင်းတချို့မှ ပြည်သူများက ကောင်း ကင် ယံမှ အလင်းတန်းနှင့် အငွေ့တန်းတစ်ခု ရွေ့လျား သွားမှုတစ်ခုကို တွေ့ မြင် ရကြောင်း လူမှုကွန်ရက်များတွင်ရေးသားထားကြသည်ကိုလည်းတွေ့ရသည်။ ပြည်သူလူထုများကြားတွင် ယင်းနှင့်ပတ်သက်ပြီးကောလဟလ များစွာ ထွက်ပေါ်နေခြင်းလည်းဖြစ်သည်။