နောက်ဆုံးတင်ဆက်ထားသည်မှာ 2024 ခုနှစ်၊ စက်တင်ဘာလ 12 ရက်

နည်းပညာ

နည်းပညာ

အမည်မသိ အရာ၀တ္တုအလင်းတန်းဖြာထွက်ကာ မြန်မာနိုင်ငံ ကောင်းကင်တွင်ပျံသန်းနေ

အလင်းတန်းဖြာထွက်လျက်ရှိနေပြီး မြင်တွေ့ရသည့် အမည်မသိ အရာ၀တ္တုတခုသည် မြန်မာနိုင်ငံ ကောင်းကင်ယံတွင် ပျံသွားနေသည့်မြင်ကွင်းများသည် ယခုအခါတွင် လူမှုကွန်ရက်စာမျက်နှာများတွင် ကျယ်ကျယ်ပြန့်ပြန့်ထွက်ပေါ်လာနေပြီဖြစ်သည်။


အဆိုပါ အမည် မသိ အရာ၀တ္တုသည် ရခိုင်ပြည်နယ်စစ်တွေမြို့ ကောင်းကင်ယံတွင် ယနေ့ ည ၆ နာရီ ၄၅ မိနစ်အချိန်က ပျံသန်းသွားသည်ကို ဒေသခံများက ရိုက်ကူးမှတ်တမ်းတင်ထားသည့်ကို ရုပ်သံတွင် မြင်တွေ့ရမည်ဖြစ်သည်။

အဆိုပါ အမည်မသိယာဉ်ပျံနှင့်ပတ်သက်ပြီး စစ်ကောင်စီဘက်က မည်သည့်သတင်းမှ ထုတ်ပြန်ချင်းမရှိသေးပေ။


စစ်ကိုင်းတိုင်း၊ ချင်းပြည်နယ်၊ ရခိုင်ပြည်နယ်၊ မန္တလေးတိုင်း၊ အပါ အဝင်အခြား ပြည်နယ်/တိုင်းတချို့မှ ပြည်သူများက ကောင်း ကင် ယံမှ အလင်းတန်းနှင့် အငွေ့တန်းတစ်ခု ရွေ့လျား သွားမှုတစ်ခုကို တွေ့ မြင် ရကြောင်း လူမှုကွန်ရက်များတွင်ရေးသားထားကြသည်ကိုလည်းတွေ့ရသည်။ ပြည်သူလူထုများကြားတွင် ယင်းနှင့်ပတ်သက်ပြီးကောလဟလ များစွာ ထွက်ပေါ်နေခြင်းလည်းဖြစ်သည်။

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.eraseye.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

ဆက်စပ်သတင်းများ

ဆောင်းပါးများ နည်းပညာ ဘာသာပြန်ဆောင်းပါး မြန်မာသတင်း သဘာ၀ပတ်ဝန်းကျင်

မြေရှားသတ္တု ကျိန်စာသင့်နေသော မြန်မာနိုင်ငံ

  • 2024 ခုနှစ်၊ ဩဂုတ်လ 11 ရက်
  • 253 Views
‘အနစ်နာခံရပ်ဝန်း’ မြန်မာနိုင်ငံသည် ပြည့်ဖြိုးမြဲစွမ်းအင်၏ ဘေးဒဏ်ကို ခံစားနေရသည်။ အေပီ သတင်းထောက်များဖြစ်သော DAKE KANG၊ VICTORIA MILKO နှင့်
နည်းပညာ

တိုယိုတာ EV လျှပ်စစ်ကားတွေ အမေရိကန်ပြိုင်ဘက် TESLA ကို ကျော်နိုင်တော့မလား။

  • 2023 ခုနှစ်၊ စက်တင်ဘာလ 26 ရက်
  • 152 Views
တိုယိုတာ gigacasting ရှေ့ပြေးပုံစံသည် ထုတ်လုပ်မှုကို နာရီမှ မိနစ်အထိ လျှော့ချနိုင်သည်။ တိုယိုတာမော်တာသည် သုံးမိနစ်အတွင်း ကားကိုယ်ထည်၏ သုံးပုံတစ်ပုံကို ဖန်တီးပေးနိုင်သည့် ၎င်း၏ ကိုယ်ပိုင်ကိရိယာများကို ထုတ်ဖော်ပြသခဲ့ပြီး အမေရိကန်ပြိုင်ဘက် TESLA က အသုံးပြုထားသည့် လုပ်ငန်းစဉ်နှင့်
နည်းပညာ နိုင်ငံတကာ အနုပညာ နိုင်ငံတကာစီးပွားရေး လက်တင်အမေရိက အမေရိကန် အရှေ့အလယ်ပိုင်း ဥရောပ

ရုရှား အရှေ့ဖျားရှိ တိုက်လေယာဉ်စက်ရုံသို့ သွားရောက်လည်ပတ်စဉ် တိုက်လေယာဉ်အတွင်းပိုင်းကို ကင်ဂျုံအွန်အား ရုရှားက ထုတ်ဖော်ပြသ။

  • 2023 ခုနှစ်၊ စက်တင်ဘာလ 16 ရက်
  • 211 Views
မြောက်ကိုးရီးယားခေါင်းဆောင် ကင်ဂျုံအွန်သည် ရုရှားတိုက်လေယာဉ်စက်ရုံသို့ သွားရောက်လည်ပတ်ခွင့်ရပြီး တိုက်လေယာဉ်မျးကို အနီးကပ်ကြည့်ရသည့်အတွက် “ နှလုံးသားက ပြင်းပြင်းထန်ထန် လှုပ်ရှားသွားရလောက်အောင် အလွန်အမှတ်ရဖွယ်” ဖြစ်ခဲ့ကြောင်း မြောက်ကိုရီးယားနိုင်ငံပိုင် မီဒီယာက ဖော်ပြခဲ့သည်။ ရုရှားနိုင်ငံသို့ သွားရောက်လည်ပတ်မှု စတုတ္ထမြောက်နေ့ဖြစ်သော ၁၅ ရက်နေ့တွင်
ဆောင်းပါးများ နည်းပညာ ဥရောပ

iPhone 15 စီးရီးအသစ်ကို Apple ကြေညာ။

  • 2023 ခုနှစ်၊ စက်တင်ဘာလ 13 ရက်
  • 203 Views
၂၀၂၃ ခုနှစ်၊ စက်တင်ဘာလ (၁၃) ရက်၊ ကူပါတီနို၊ ကယ်လီဖိုးနီးယား။ စက်တင်ဘာလ (၁၂) ရက်နေ့တွင် Apple ဟာ ကယ်လီဖိုးနီးယားပြည်နယ်၊ ကူပါတီနိုရှိ Apple ရုံးချုပ်မှာ ကျင်းပတဲ့ မိတ်ဆက်ပွဲမှာ `iPhone 15´
ဆောင်းပါးများ နည်းပညာ သိပ္ပံ အချက်အလက်များ အတွေးအမြင်ကဏ္ဍ အာရှ

ဆီမီးကွန်ဒတ်တာများ

  • 2023 ခုနှစ်၊ စက်တင်ဘာလ 8 ရက်
  • 179 Views
ပိုမိုအားကောင်းသည့် ChatGPT ကို ပြုလုပ်ရန် TSMC သည် ဆီလီကွန် ဖိုတိုနစ်စ် (silicon photonics) များနှင့် လောင်းကြေးထပ်လိုက်သည်။ ထွန်းသစ်စနယ်ပယ်သည် နည်းပညာသမားများအတွက် တိုက်ပွဲသစ်ဖြစ်လာသည်။ တိုင်ဝမ် Semiconductor ထုတ်လုပ်ရေးကုမ္ပဏီ သည် ChatGPT
ဆောင်းပါးများ နည်းပညာ သိပ္ပံ အချက်အလက်များ အတွေးအမြင်ကဏ္ဍ

ဘီလျံနာအီလွန်မာ့စ် စစ်ပွဲတွင် အရေးပါတဲ့အခန်းကဏ္ဍသို့ ရောက်ရှိလာခဲ့။

  • 2023 ခုနှစ်၊ စက်တင်ဘာလ 7 ရက်
  • 160 Views
CNN သီးသန့်ဆောင်းပါး။အီလွန်မာ့စ်ရဲ့ အတ္ထုပ္ပတ္တိအသစ်က ယူကရိန်းအကျပ်အတည်းကို ဘီလျံနာတယောက်က ဘယ်လိုစွမ်းဆောင်စေနိုင်တယ်ဆိုတဲ့ အသေးစိတ်အချက်အလက်သစ်တွေကို သိရှိနိုင်တော့မှာပါ။ အီလွန်မာ့စ်သည် ၎င်း၏ အင်ဂျင်နီယာများအား ခရိုင်မီးယား ကမ်းရိုးတန်းအနီးရှိ Starlink ဂြိုလ်တုဆက်သွယ်ရေးကွန်ရက်ကို လျှို့ဝှက်စွာ ပိတ်ထားရန် ပြီးခဲ့သည့်နှစ်က ရုရှားရေတပ်သင်္ဘောအား ယူကရိန်းက
ဆောင်းပါးများ နည်းပညာ သဘာ၀ပတ်ဝန်းကျင်

ဂျပန်နိုင်ငံ ကာရှီဝါမြို့က မြေပဲခွံသားရေ

  • 2023 ခုနှစ်၊ ဩဂုတ်လ 23 ရက်
  • 198 Views
ဂျပန်နိုင်ငံ ချီးဘားစီရင်စု၏ မြေပဲအလွန်ထွက်ရှိသည့်မြေရှိ ကုမ္ပဏီတစ်ခုသည် နီညိုရောင်မြေပဲဆံ၏အခွံပါးကို သားရေတု ပြုလုပ်ရန် နည်းလမ်းတစ်ခုကို တီထွင်လိုက်ပြီဖြစ်သည်။ ကာရှီဝါမြို့ရှိ ကာရှီဝါသားရေလုပ်ငန်းကုမ္ပဏီတွင် မြေပဲခွံသားရေ ထုတ်ကုန်အမျိုးအစား ရှစ်မျိုးတွင် ပိုက်ဆံအိတ်များနှင့် ကျောပိုးအိတ်များ ပါဝင်သည်။ ချီးဘားစီရင်စု တာတေယာမာရှိ ကီမူရာမြေပဲကုမ္ပဏီမှ