စစ်ကိုင်းတိုင်း ရွှေဘိုမှာ အကြမ်းဖက်စစ်တပ်က နှစ်ပတ်အတွင်း မြို့နယ်လေးမြို့နယ်က နေအိမ်ပေါင်းထောင်နဲ့ချီ ပြီးမီးရှို့ဖျက်ဆီးခဲ့တယ်လို့ ဒေသခံတွေဆီက သိရပါတယ်။ စစ်ကိုင်းတိုင်း ရွှေဘိုမြို့နယ်အတွင်းက မြို့နယ် လေးမြို့နယ် ထဲက ရွာတွေက နေအိမ်တွေကို စစ်ကောင်စီတပ်ဟာ နှစ်ပတ် အတွင်း မီးရှို့ဖျက်ဆီးခဲ့ကြောင်းသိရသည်။
ရေဦး ၊ ခင်ဦး ၊ ဒီပဲယင်း ၊ တန့်ဆည် မြို့နယ်တွေများ ကျေးရွာ အများအပြား ကို နှစ်ပတ်အတွင်း ဒေသခံနေအိမ်ပေါင်း ထောင်နဲ့ချီကာ အကြမ်းဖက် စစ်တပ်က မီးရှို့ဖျက်ဆီးခဲ့ခြင်းဖြစ်သည်။
အဆိုပါ မြို့နယ်များထဲတွင် ဒီပဲယင်းမြို့နယ် အရှေ့ခြမ်းဟာ အများဆုံးဖျက်ဆီးခံရတဲ့အထဲမှာ ပါဝင်ကြောင်းသိရသည်။ ကျေးရွာပေါင်း ၂၀ခန့် ရှိ သည့်အထဲတွင် လူနေအိမ်ပေါင်း (၁၇၄၀) ကျော်ဟာ မီးရှို့ဖျက်ဆီးခံလိုက် ရကြောင်းကို ဒီပဲယင်း စစ်ရှောင် ထောက်ပံ့ ရေး အဖွဲ့များထံကသိရသည်။







စစ်ကိုင်းတိုင်းအတွင်း မြို့နယ်တွေမှာရှိတဲ့ ကျေးရွာများကို အကြမ်းဖက် စစ်အုပ်စုဟာ အကြောင်းမဲ့ မီးရှို့နေပြီး ရွာလုံးကျွတ်မီးရှို့ခံရခြင်းများလည်း ရှိကြောင်း ဒီပဲယင်းမြို့နယ် ညီနောင်များအဖွဲ့က ထုတ်ပြန်ထားသည်။
ခင်ဦးမြို့နယ် ကိုလည်း နိုဝင်ဘာ (၁၇) ရက် မှ (၂၈) ရက်အထိ မီးရှို့ဖျက်ဆီးခဲ့တာကြောင့် ကျေးရွာ ၁၂ ရွာမှာရှိတဲ့ နေအိမ်ပေါင်း (၇၇၇) လုံး မီးလောင်ကျွမ်းပျက်စီးခဲ့ရူသည်။
ဒီဇင်ဘာ (၂)ရက်ကလည်း ဗျိုင်းကြိုင်ကျေးရွာ နေအိမ် (၁၃) လုံး မီးရှို့ဖျက်ဆီးခဲ့တယ်လို့ ခင်ဦးမြို့နယ် သတင်းမှန်ပြန်ကြားရေးအဖွဲ့ကထုတ်ပြန်ထားသည်။
တန့်ဆည်မြို့နယ် အတွင်း ဒီဇင်ဘာ(၁၂) ရက်က ပေချောင်ရွာကို မီးရှိူ့ဖျက်ဆီးရာနေအိမ်၄၃လုံး၊ နွားခြံတဲ၂၀လုံး၊ မီးဖိုချောင်၂၈လုံးနှင့် စပါးတိုက်၆လုံး၊ စုစုပေါင်း (၉၇) လုံးကို မီးရှို့ဖျက်ဆီးခဲ့ကြကြောင်း ဒေသခံများထံကသိရပါတယ်။