နောက်ဆုံးတင်ဆက်ထားသည်မှာ 2026 ခုနှစ်၊ မေလ 7 ရက်

မြန်မာသတင်း

မြန်မာသတင်း

ဆောမြို့နယ် ညောင်ကန်ရွာကို စစ်အုပ်စု က လေကြောင်းမှ အကြောင်းမဲ့ ပစ်ခတ်တိုက်ခိုက်

◼ဒေသခံ(၄) ဦးသေဆုံးပြီး (၇) ဦး ထိခိုက်ဒဏ်ရာရရှိ

ဆောမြို့နယ် ညောင်ကန်ရွာကို ဒီဇင်ဘာ (၂၆) ရက် နေ့လည် ၁ နာရီ ၅၅ မိနစ်အချိန်က မည်သည့်အကြောင်းအရင်းမျှ မရှိဘဲ စစ်ကောင်စီက လေကြောင်းမှ ပစ်ခတ်တိုက်ခိုက်ခဲ့ကြောင်းသိရသည်။


ထိုသို့ ပစ်ခတ်တိုက်ခတ်မှုကြောင့် ဒေသခံ (၄) ဦး အသက်ဆုံးရှုံးခဲ့ရပြီး (၇) ဦးမှာ ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း ဒေသခံများထံကသိရသည်။

Photo CRD- -VIVA La Revolution (ယောအလင်းတန်း) စစ်အုပ်စု လေကြောင်းတိုက်ခိုက်မှုကြောင့် ထိခိုက်ပျက်စီးဆုံးရှုံးခဲ့ရသည့် ညောင်ကန်ရွာမြင်ကွင်းမျာ

သေဆုံးသူ (၄) ဦးမှာ ကိုဇော်မင်း (၄၇) နှစ်၊ မိသားစုများဖြစ်ကြသည့် ဒေါ်စောဝိုင်း (၆၆) နှစ်၊‌ ကိုကျော်ဌေးလင်း (၄၀) ဝန်းကျင်နှင့် ကိုဇော်ဌေးဝင်း (၄၅) နှစ်တို့ လက်နက်ကြီးထိမှန်သေဆုံးခဲ့ရသည်။

ဒဏ်ရာရ ဒေသခံ (၇) ဦးတွင် (၄) ဦးမှာ ပြင်းထန်ဒဏ်ရာရရှိထားသဖြင့် ဆေးရုံသို့ အရေးပေါ်ပြောင်းရွှေကုသထားရကြောင်း ဖြစ်စဉ်တွင် လိုက်ပါကူညီ ဆောင်ရွက်ပေးသည့် ဒေသခံတဦးက ပြောကြားသည်။


လေကြောင်းပစ်ခတ်မှု နှင့်ပတ်သက်၍ ဒေသခံတစ်ဦးက “ စစ်ကြောင်းမရှိဘဲ လေယာဉ်သံကောင်းကောင်းမကြားလိုက်ရဘဲ၊ ပေါက်ကွဲသံတွေ အရင်ကြားလိုက်ရပြီးမှ လေယာဉ်သံကြားရတယ်။ အဲ့တော့မှာ ကျနော်လေကြောင်း တိုက်ခိုက်ခံရမှန်းသိတယ်။ နှစ်ကြိမ်မြောက်မှာ စက်လက်ပစ်သံ‌တွေ ကြားရပြီး ဂျက်ဖိုက်တာ မြင်ရ မီးခိုးတွေ လှမ်းမြင်ရတယ်။ ကိုယ့်ရွာကို လာတာပဲထင်ခဲ့ပေမဲ့ ဘေးကပ်လျက်ကရွာကို ပစ်တာ ဖြစ်နေတယ်။


ငါးမိနစ်လောက်မကြာတဲ့အချိန်အတွင်းမှာ အကြောင်းပြချက် ရေရေရာရာ မရှိဘဲ လေကြောင်းတိုက်ခိုက်ခံ ခဲ့ရတာပါ။ ပြည်သူလေးဦး အသက် ဆုံးခဲ့ရတယ်။ နောက်ပြီး ဒဏ်ရာရပြည်သူတွေလည်းရှိခဲ့ပြီး အချို့နေအိမ်တွေမှာ ထမင်းချက်စရာ အိုးမရှိ အဝတ်အစားသေတ္တာတွေမှာ ကျည်ပေါက်တွေချည်းပါပဲ” ဟု ပြောကြားသည်။


လက်ရှိအချိန်တွင် ဒေသခံပြည်သူများအတွက် နေစရာအိမ်၊ အဝတ်အစားနှင့် ကျန်းမာရေးဆိုင်ရာ ပြုစုစောင့်ရှောက်မှုများ အရေးတကြီးလိုအပ်နေကြောင်း စစ်ဘေးသင့်ပြည်သူများကို ကူညီဆောင်ရွက်ပေးနေသည့် ဒေသခံ အဖွဲ့များထံက သိရသည်။

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.eraseye.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

ဆက်စပ်သတင်းများ

မြန်မာသတင်း

လောင်းလုံးမြို့နယ်ထဲ စစ်တပ်စစ်ကြောင်း တိုက်ခိုက်ခံရပြီး (၂)ဦးသေဆုံးခဲ့

  • 2026 ခုနှစ်၊ မေလ 7 ရက်
  • 0 Views
မေလ (၇)ရက်။ မနေ့က နံနက် (၈)နာရီခန့်မှာ လောင်းလုံးမြို့နယ်ထဲ စစ်တပ်စစ်ကြောင်းကို ကြားဖြတ်တိုက်ခိုက်ခဲ့တယ်လို့ ဒူကရစစ်ကြောင်းရဲ့ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ “
မြန်မာသတင်း

KNLA ဒုဗိုလ်မှူးကြီး စောကလယ်ဒို လူကြီးရောဂါနဲ့ ကွယ်လွန်

  • 2026 ခုနှစ်၊ မေလ 7 ရက်
  • 15 Views
စစ်လော်ဘီတွေက လေကြောင်းဗုံးကြဲခံရတာဆိုပြီး သတင်းမှားဖြန့်နေ မေလ (၇)ရက်။ မနေ့က KNLA ဒုဗိုလ်မှူးကြီး စောကလယ်ဒိုဟာ လူကြီးရောဂါနဲ့ ကွယ်လွန်သွားခဲ့တယ်လို့ KNU
မြန်မာသတင်း

စစ်အုပ်စုနဲ့ အမေရိကန်လော်ဘီ DCI Group တို့ ပတ်သက်လုပ်ကိုင်နေတဲ့အပေါ် JFM ရှုတ်ချ

  • 2026 ခုနှစ်၊ မေလ 7 ရက်
  • 20 Views
မေလ (၇)ရက်။ စစ်အုပ်စုနဲ့ အမေရိကန်လော်ဘီကုမ္ပဏီဖြစ်တဲ့ DCI Group တို့ ဆက်သွယ်ပတ်သက်လုပ်ကိုင်နေတဲ့အပေါ် Justice for Myanmar(JFM)က မနေ့က ရှုတ်ချထားတယ်လို့ သိရပါတယ်။ စစ်အုပ်စုဟာ အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်ရဲ့ မိတ်ဆွေဟောင်းနဲ့ ယခင်အကြံပေးအနေနဲ့ ဆောင်ရွက်ခဲ့တဲ့
မြန်မာသတင်း

ရွေးကောက်ပွဲကို ထောက်ခံတာက နိုင်ငံရေးဆောင်ရွက်တာကို ထောက်ခံတာဆိုပြီး မင်းအောင်လှိုင်ပြော

  • 2026 ခုနှစ်၊ မေလ 7 ရက်
  • 17 Views
မေလ (၇)ရက်။ ရွေးကောက်ပွဲကို ထောက်ခံတာဟာ နိုင်ငံရေးအရ ဆောင်ရွက်တာတွေကို ထောက်ခံတာဆိုပြီး ကိုယ်တိုင်ခန့်သမ္မတ မင်းအောင်လှိုင်က မနေ့က အမည်ခံအစိုးရအဖွဲ့အစည်းအဝေးမှာ ပြောဆိုခဲ့တယ်လို့ သိရပါတယ်။ “ မဲပေးသူတွေဟာ သူတို့ရဲ့ သဘောဆန္ဒအလျောက် မဲပေးတာပါ။ မဲပေးတာမှာ စနစ်တကျနဲ့
မြန်မာသတင်း

တနင်္သာရီမှာ စစ်ကောင်စီတပ်သား (၂)ဦး လက်နက်ခဲယမ်းတွေနဲ့ KNU ဆီ အလင်းဝင်

  • 2026 ခုနှစ်၊ မေလ 7 ရက်
  • 21 Views
မေလ (၇)ရက်။ မနေ့က တနင်္သာရီမြို့နယ်မှာ စစ်ကောင်စီတပ်သား (၂)ဦး လက်နက်ခဲယမ်းတွေနဲ့ အလင်းဝင်လာခဲ့တယ်လို့ KNU ရဲ့ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ အဲ့ဒီတပ်သား (၂)ဦးဟာ အကြမ်းဖက်စစ်တပ်ရဲ့ ခမရ(၅၆၁)တပ်ရင်းကဖြစ်ပြီး KNLA တပ်မဟာ(၄)၊ တပ်ရင်း(၁၁)နဲ့ မဟာမိတ်တပ်ဖွဲ့တွေဆီ
မြန်မာသတင်း

ဝက်လက်နယ်မှာ စစ်တပ်ရဲ့ ဗုံးကြဲတာကြောင့် အရပ်သား (၃)ဦး သေဆုံးခဲ့

  • 2026 ခုနှစ်၊ မေလ 6 ရက်
  • 29 Views
မေလ (၆)ရက်။ ဒီကနေ့ နေ့လယ်ပိုင်းအချိန်က ဝက်လက်မြို့ စခန်းသာရွာအနီးကို စစ်တပ်က လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်ခဲ့တယ်လို့ မြေပြင်သတင်းရင်းမြစ်တွေထံက သိရပါတယ်။ “ နေ့လယ် (၁၂)နာရီကျော်လောက် စခန်းသာရွာနားကို စစ်တပ်ရဲ့ တံတားဦးတက်ကနေ ဂျက်ဖိုက်တာ (၃)စီးနဲ့ လေကြောင်းကနေ
မြန်မာသတင်း

ဒေါ်အောင်ဆန်းစုကြည်ကို မိသားစုနဲ့ ဆက်သွယ်ခွင့်ရဖို့ ဩစတြေးလျသံရုံး တောင်းဆို

  • 2026 ခုနှစ်၊ မေလ 6 ရက်
  • 26 Views
မေလ (၆)ရက်။ မတရားဖမ်းဆီးခံထားရတဲ့ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ကို မိသားစုနဲ့ ဆက်သွယ်ခွင့်ရဖို့ ဩ‌စတြေးလျသံရုံးက ဒီကနေ့မှာ တောင်းဆိုခဲ့တယ်လို့ သိရပါတယ်။ ထုတ်ပြန်ချက်ထဲ ဒေါ်အောင်ဆန်းစုကြည်ကို နေအိမ်ပကျယ်ချုပ် ပြောင်းရွှေ့တာကို သိရပြီး မိသားစုအပါအဝင် ရှေ့နေတွေနဲ့ တွေ့ခွင့်ရဖို့နဲ့ ကျန်းမာရေးစောင့်ရှောက်မှုရစေဖို့
မြန်မာသတင်း

လေးကေစခန်းက ထွက်ပြေးတဲ့ စစ်ကောင်စီတပ်တွေ လိုက်လံချေမှုန်းခံရပြီး (၇)ဦးသေဆုံးကာ ဒုတပ်ရင်းမှူးအပါ (၁၈)ဦး ဖမ်းမိခဲ့

  • 2026 ခုနှစ်၊ မေလ 6 ရက်
  • 28 Views
မေလ (၆)ရက်။ ‌ဘီးလင်းမြို့ရှိ လေးကေစခန်းသိမ်းတိုက်ပွဲကနေ ထွက်ပြေးသွားတဲ့ စစ်ကောင်စီတပ်တွေကို လိုက်လံချေမှုန်းခဲ့တယ်လို့ အထူးစစ်ဆင်ရေးတပ်ဖွဲ့(SOF)ရဲ့ မနေ့က ထုတ်ပြန်ထားချက်အရ သိရပါတယ်။ အဲ့ဒီတိုက်ပွဲထဲ စစ်ကောင်စီတပ်သား (၇)ဦး သေဆုံးခဲ့ပြီး (၁၈)ဦးကို အရှင်ဖမ်းဆီးရမိခဲ့တယ်လို့ ဆိုပါတယ်။ တိုက်ပွဲက‌နေ ထွက်ပြေးသွားတဲ့